အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

မဲခေါင် 6 Mar - 2024
ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ မတ် ၆

၂၀၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပေမယ့် ၂၀၁၄ စစ်အာဏာသိမ်းမှုမှာ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

တရားရုံးချုပ် နိုင်ငံရေး ရဇဝတ်မှု မှုခင်းဌာနခွဲကနေ ယင်းလတ်ကို အမှု ပလှပ်ပေးကြောင်း ထုတ်ပြန်ကြေညာ ရာမှာ ၂၀၁၃ ခုနှစ်က ယင်းလတ်အစိုးရအဖွဲ့ဟာ ဘတ် သန်း ၂၄၀ (ဒေါ်လာ ၆ . ၇ သန်း) ကို အစိုးရ စီမံကိန်း အခြေခံအဆောက်အအုံလုပ်ငန်းမှာ မီဒီယာကြီး နှစ်ခုဆီ လုပ်ကွက်ကို မျက်နှာလိုက်ချပေးခဲ့တယ်ဆိုပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းမရှိခဲ့သလို ဒီစီမံကိန်းကလည်း စည်းကမ်းတကျ အောင်မြင် ပြီးစီးသွားခဲ့ပြီဖြစ်လို့ စွဲဆိုထားတဲ့ အမှုကို ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်ကတည်းက ပြည်ပြေးလုပ်ခဲ့တဲ့ ယင်းလတ်ကို အငြင်းပွားဖွယ်ရာ ဆန်ဖြန့်ဖြူးခွဲဝေပေးမှု စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ထားတာကို ပယ်ဖျက်ကြောင်း မပါရှိတဲ့အတွက် ယင်းလတ်ဟာ သူ့ အစ်ကို သက်ဆင်လို ပြည်တော်ပြန်လာပြီး အရင်ဆုံးထောင်ဒဏ်ကျခံပြီးမှ ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

သက်ဆင်ဟာလည်း ၂၀၀၆ စစ်အာဏာသိမ်းမှုမှာ ပြည်ပြေး ဘ၀ ရောက်ခဲ့ရပြီး ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရပေမယ့် သမီးဖြစ်သူရဲ့ ဖွေထိုင်းပါတီက အစိုးရဖွဲ့ပြီး ဝန်ကြီးချုပ် တင်မြှောက်နိုင်ပြီးနောက်မှာ ပြည်တော်ပြန်ဝင်လာပြီး ထောင်ဒဏ် ၆ လသာ ဆေးရုံးပေါ် အကျယ်ချုပ်အဖြစ် ခံယူရင်း လွတ်ငြိမ်းခွင့်နဲ့ ပြီးခဲ့တဲ့လက လွတ်မြောက်သွားခဲ့သူဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဩဇာအကြီးမားဆုံးဖြစ်တဲ့ သက်ဆင်ရဲ့ ဖွေထိုင်းပါတီနဲ့ နှစ်ပေါင်းများစွာ ပဋိပက္ခ အသွင်ဆောင်ခဲ့တဲ့ ထိုင်းဘုရင်မျိုးနွယ်ထောက်ခံ စစ်တပ်နဲ့ ရှေးရိုးစွဲနိုင်ငံရေးသမားတွေအကြား လက်ရှိအချိန်မှာ ပြန်လည်ပေါင်းစည်းမှုအဖြစ် သက်ဆင်ကို လွှတ်ပေးခဲ့တာဖြစ်သလို ယင်းလတ်ကိုလည်း ဒီလမ်းစဉ်အတိုင်း ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲအများဆုံးအနိုင်ရခဲ့တဲ့ ဖိထာရဲ့ Move Forward ပါတီရဲ့ ဩဇာလွှမ်းမိုးမှုကို တားဆီးနိုင်ဖို့ သက်ဆင်မိသားစုရဲ့ ဖွေထိုင်းနဲ့ ရှေးရိုးစွဲ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ ပေါင်းစည်းနေတာဖြစ်ကြောင်းလည်း သုံးသပ်မှုတွေ ရှိနေခဲ့ပါတယ်။

Ref: thediplomat
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ထိုင်းနိုင်ငံ လော့ဘူရီမြို့မှာ မျောက်အကောင် ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်း

ထိုင်းနိုင်ငံ အလယ်ပိုင်းလော့ဘူရီမြို့မှာ မျောက်ကောင်ရေ ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်းနေလို့ နိုင်ငံခြားခရီးသွားတွေ၊ ဒေသခံတွေ ထွက်ပြေးရသလို နေအိမ်ဆိုင်ခန်း ပြောင်းရွှေ့ရသူတွေပါ များသထက် များလာရပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now