အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

မဲခေါင် 12 Mar - 2024
ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

မဲခေါင်၊ မတ် ၁၂

ထိုင်းနိုင်ငံမှာ မတ် ၁၁ ရက် မနက်ပိုင်း တိုင်းတာသိရှိမှုအရ ခရိုင် ၄၈ ခရိုင်မှာ အန္တရာယ်ရှိတဲ့ မီးခိုးမြူ ထူထပ်မှု ဖြစ်ပွားနေပြီး အဆိုးဆုံးဖြစ်နေတဲ့ ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

အန္တရာယ်မရှိတဲ့ လေထုထဲအမှုန်အမွှားပါဝင်မှုစံချိန် တစ်ကုဗမီတာမှာ ၃၇ . ၅ မိုက်ခရိုခရမ်နှုန်းသတ်မှတ်ထားရာ ချင်းမိုင်မှာ အဆိုးဆုံးအဖြစ် တစ်ကုဗမီတာမှာ အမှုန်ပါဝင်မှုနှုန်းက အန္တရာယ်ရှိတဲ့ PM ၂ . ၅ ကိုကျော်လွန်ပြီး တစ်ကုဗမီတာမှာ ၆၄ မိုက်ခရိုဂရမ်အထိ ရှိနေတယ်လို့ ဆိုပါတယ်။

ချင်းမိုင်ပြီးရင် လမ်ဖန်း၊ မဲ့ဟောင်ဆန်၊ ချင်းရိုင်၊ လမ်ပန်း၊ ဖယာအို၊ တာ့ခ်၊ ဖာရေး၊ နန်၊ အက်တရာဒစ်၊ ယူဘွန်ရက်ချာဌာနီတို့ဟာ အန္တရာယ်အရှိဆုံးခရိုင်တွေအဖြစ် အစဉ် လိုက်ရှိနေပါတယ်။

ဒါကြောင့် ချင်းမိုင် မြို့တော်ဝန်က ဒေသတွင်းမှာ တောမီးစတင်ရှို့သူကို ဖမ်းဆီးရမိအောင် သတင်းပေးနိုင်သူတွေ ကို ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်သွားမယ်လို့ မတ် ၁၀ ရက်နေ့ကတည်းက ထုတ်ပြန်ကြေညာခဲ့ပြီး ပြီးခဲ့တဲ့ ၂ လ အတွင်း ပြောင်းစိုက်ချိန်နီးလို့ တောင်ယာနဲ့ မြေချဲ့တွင်နိုင်ရေး တောမီးရှို့မှုတွေကနေ မီးခိုမြူထူထပ်ခြင်း ပြဿနာတွေ ဖြစ်တည်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ မြန်မာနိုင်ငံမှာ တောမီး လောင်နေရာ ၅၅၀၂ ခု၊ ကမ္ဘောဒီးယားမှာ ၁၁၃၃ ခု၊ လာအိုမှာ ၆၆၄ ခု ရှိနေပြီး ဒီတောမီး တောင်ယာမီး လောင်ကျွမ်းနေမှု နေရာ ၇၃၀ အနက် အများစုဟာ ချင်းမိုင်နဲ့ နီးစပ်တဲ့ နယ်စပ်ဒေသတွေမှာဖြစ်ပွားနေလို့ လေထုညစ်ညမ်းမှုအဆင့် ပိုဆိုးနေ တာဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။

Ref:Bangkokpost
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ထိုင်းနိုင်ငံ လော့ဘူရီမြို့မှာ မျောက်အကောင် ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်း

ထိုင်းနိုင်ငံ အလယ်ပိုင်းလော့ဘူရီမြို့မှာ မျောက်ကောင်ရေ ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်းနေလို့ နိုင်ငံခြားခရီးသွားတွေ၊ ဒေသခံတွေ ထွက်ပြေးရသလို နေအိမ်ဆိုင်ခန်း ပြောင်းရွှေ့ရသူတွေပါ များသထက် များလာရပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now