မဲခေါင်၊ ဧပြီ ၂
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ် စစ်ရေးလေ့ကျင့်မှုတွေလုပ်သွားမှာဖြစ်ကြောင်း ဧပြီ ၁ ရက်နေ့က ထုတ်ပြန်အသိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိ နေပြီး ဇန်နဝါရီလအတွင်းက နမ့်ဆန်မြို့ကိုကျော်ပြီး တရုတ်ဘက် လက်နက်ကြီးကျလို့ တရုတ်နိုင်ငံသား ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ကိုးကန့်ဒေသနဲ့ကပ်လျှက်မှာ စစ်ရေးပစ်ခတ်လေ့ကျင့်မှုတွေကို နိုဝင်ဘာလက နောက်ဆုံးလုပ်ခဲ့ပြီး အခု ယူနန်ပြည်နယ်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီဟွန်းဒိုင် (Dehong Dai) နဲ့ ဂျင်ပို (Jingpo)ဒေသအကြား သတ်မှတ် ၅ နေရာမှာ လက်တွေ့ပစ်ခတ် စစ်ရေးလေ့ကျင့်မှုတွေကို ၂ ရက်တာ ပြုလုပ်ပြီး ဒေသတွင်းကာကွယ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဖော် ဆောင်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ တီယန်ဂျန်းလီက ထုတ်ပြန်ပြောဆိုသွားပါတယ်။
ဒီလို လေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်လို့ သတ်မှတ်နေရာ ၅ ခုမှာ ဖြတ်သန်းသွားလာတာ၊ ဒရုန်းစေလွှတ်ပျံသန်းတာ၊ ဓာတ်ပုံမှတ်တမ်းရိုက်တာတွေ လုံး၀ မဲပြုလုပ်ဖို့လည်း နှစ်နိုင်ငံစလုံးက နယ်စပ်နေပြည်သူတွေကို သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
Ref: scmp
MKF-001