အာရှသတင်း

ထိုင်းနိုင်ငံ လော့ဘူရီမြို့မှာ မျောက်အကောင် ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်း

မဲခေါင် 2 Feb - 2024
ထိုင်းနိုင်ငံ အလယ်ပိုင်းလော့ဘူရီမြို့မှာ မျောက်ကောင်ရေ ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်းနေလို့ နိုင်ငံခြားခရီးသွားတွေ၊ ဒေသခံတွေ ထွက်ပြေးရသလို နေအိမ်ဆိုင်ခန်း ပြောင်းရွှေ့ရသူတွေပါ များသထက် များလာရပြီဖြစ်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂

ထိုင်းနိုင်ငံ အလယ်ပိုင်းလော့ဘူရီမြို့မှာ မျောက်ကောင်ရေ ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်းနေလို့ နိုင်ငံခြားခရီးသွားတွေ၊ ဒေသခံတွေ ထွက်ပြေးရသလို နေအိမ်ဆိုင်ခန်း ပြောင်းရွှေ့ရသူတွေပါ များသထက် များလာရပြီဖြစ်ပါတယ်။

လော့ဘူရီမြို့ဟာ အရင်ကတည်းက နိုင်ငံခြားခရီးသွားတွေ အများအပြားလာရောက်လည်ပတ်ကြပြီး မြို့ပေါ်မှာ ကောင်ရေများစွာရှိတဲ့ မျောက်တွေကို အစာကြွေးခြင်း၊ ဓာတ်ပုံရိုက်ခြင်းနဲ့ စည်ကားခဲ့တဲ့ မြို့ဖြစ်ပါတယ်။

အရင် အချိန်က မျောက်တွေနဲ့ လူသားတွေ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်နိုင်ခဲ့ပေမယ့် ကိုဗစ်လောဒေါင်း ကာလ တွေနောက်ပိုင်းမှာ မျောက်တွေဟာ အရင်လိုမဟုတ်တော့ဘဲ ရန်လိုမှုတွေတိုးလာသလို မျိုးပွားမှုလည်း တိုးပွား လွန်းလာတာကြောင့် လက်ရှိ မြို့ပေါ်က တိုက်ခေါင်မိုးတွေပေါ်၊ စျေးဆိုင်တွေထဲ၊ လူနေအိမ် တံခါးပေါက်တွေကို ကျော်ဝင်တာမျိုး၊ ရန်ပြုတာ၊ လုယက်တာ၊ ဖြတ်သွားဖြတ်လာကားတွေပေါ် တက်သောင်းကျန်းသလို ဖျက်လို ဖျက်ဆီးလုပ်တာတွေပါ လုပ်ဆောင်နေလို့ အခက်တွေ့နေရကြောင်း Guardian သတင်းက ရေးသားဖော်ပြသွား ပါတယ်။

အရင်က နိုင်ငံခြားခရီးသွားတွေများပြားပြီး ကြွေးမွေးကြတဲ့ အစာရေစာလုံလောက်လို့ လူသားတွေနဲ့မျောက်တွေ အကြား ပြဿနာမရှိခဲ့ပေမယ့် လော့ဒေါင်းကာလအတွင်း မျောက်အုပ်ကြီးဟာ အစာရေစာ ရှားပါးခြင်း၊ ငတ်မွတ် လာခြင်းကြောင့် ဗီဇ ပြောင်းလဲသွားပြီး ဒီကနေ အကောင် ၃၅၀၀ ကျော်မြို့ထဲ နှောင့်ယှက်နေတဲ့ ဘေးကို ထိုင်း တာဝန်ရှိသူတွေ မဖြေရှင်းနိုင်သေးဘဲ ဖြစ်နေရတာဖြစ်ပါတယ်။

ဒေသခံ ကယ်လ်ဂျီယာအမည်ရ ထိုင်းအမျိုးသားက မျောက်တွေကို လူအများက သကြားပါတဲ့ အချိုဓာတ် အစား အစာတွေကျွေးကြောင်း၊ ဒီအစားအစာတွေဟာ မျောက်တွေကိုပိုပြီး တက်ကြွသွေးဆူအောင် လှုံ့ဆော်သလို တစ်နှစ် ၂ သားပေါက်တဲ့အထိ မျိုးပွားနှုန်းမြင့်တက်လာစေတယ်လို့ ဆိုပါတယ်။

အရင် တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့တွေက ဒီမျောက်တွေကို အစာနဲ့လှောင်အိမ်ထဲဝင်အောင် တစ်နေ့အကောင် ၅၀၀ လောက်ဖမ်းစေပြီး မျိုးမပွားစေတဲ့ ပိုးသတ်ဆေးတွေဖြန်းကြောင်း၊ ဒါပေမဲ့ အခုမျောက်တွေဟာ ဂိုဏ်းတွေလိုဖွဲ့ပြီး မျောက်ဖမ်း၊ ပိုးသတ်ဆေးဖြန်းသူ တွေကို အသေမှတ်ထားလို့ တစ်နေ့ အကောင် ၂၀ ဖမ်းမိဖို့တောင် မလွယ်တော့ကြောင်း စျေးဆိုင်ဖွင့်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေပါ မျောက်ရန်ကြောင့် ဒီမြို့ကနေ ထွက်ခွာနေကြတယ်လို့ ရှင်းလင်းပြောကြားသွားပါတယ်။

Ref:The Guardian
MKF-001

#MeKongNews

#မျောက်

#လော့ဘူရီ

#သောင်းကျန်း

#အကောင်ရေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now