အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

မဲခေါင် 21 Mar - 2024
ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

မဲခေါင်၊ မတ် ၂၁

ထိုင်းမှာသာမက မြန်မာပရိသတ်တွေကြားမှာပါ ကျော်ကြားခဲ့တဲ့ ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

မက်ဝီနိုင်ကရိုင်ဘတ်ဟာ ထိုင်းသရဲကားဖြစ်တဲ့ Nang Nak မှာ P’Mak အမည်နဲ့ သရုပ်ဆောင်ခဲ့ရာက စတင်ကျော် ကြားခဲ့ပြီးနောက် Bang Rajan၊ Krai Thong၊ Kuon puos keng kang၊ Immortal Enemy၊ Plon naya၊ Queens of Langkasuka၊ Yamada: The Samurai of Ayothaya ဆိုတဲ့ ဇာတ်ကားတွေမှာ မင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားတွေထဲမှာ နိုင်ငံတကာ ဆုရ ဇာတ်ကားတွေလည်း ပါဝင်ခဲ့ပါ တယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက သွေးထဲကို ဖြစ်ခဲလှတဲ့ ရောဂါပိုးတစ်မျိုးဝင်ရောက်ပြီး အရေပြားတွေပေါ်မှာ အရေကြည်ဖုတွေ ဆက်တိုက်ထွက်သလို နာတာရှည်ရောဂါနဲ့ အိပ်ယာထဲလဲပြီး လမ်းတောင် မနည်း အားတင်း လျှောက်ရတဲ့အခြေအနေမျိုးနဲ့ ရှင်သန်နေထိုင်ခဲ့ရပါတယ်။

P’Mak ဟာ မတ် ၂၀ ရက် ည ၁၁ နာရီကျော်မှာ ဘန်ကော်က နေအိမ်မှာပဲ သွေးပေါင်ရုတ်တရက် ထိုးကျသွားပြီး ကွယ်လွန်သွားတာဖြစ်ကြောင်းနဲ့ သေဆုံးချိန်မှာ အသက် ၅၄ နှစ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

Ref: newsdirectory3
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ထိုင်းနိုင်ငံ လော့ဘူရီမြို့မှာ မျောက်အကောင် ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်း

ထိုင်းနိုင်ငံ အလယ်ပိုင်းလော့ဘူရီမြို့မှာ မျောက်ကောင်ရေ ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်းနေလို့ နိုင်ငံခြားခရီးသွားတွေ၊ ဒေသခံတွေ ထွက်ပြေးရသလို နေအိမ်ဆိုင်ခန်း ပြောင်းရွှေ့ရသူတွေပါ များသထက် များလာရပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now