အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

မဲခေါင် 13 Mar - 2024
သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

မဲခေါင်၊ မတ် ၁၂

တရုတ်အိမ်ဖြူတော်ဖြစ်တဲ့ သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီးပြီး ဦးတည်ရာမသိရတဲ့နေရာဆီ တံရွတ်တိုက်ဆွဲခေါ်သွားတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်တွေပေါ် မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဇောင်နမ်ဟိုင်လို့အမည်ရတဲ့ တရုတ်အိမ်ဖြူတော် ဆင်ဟွာဂိတ်ဆီ ပေကျင်းလိုင်စင်နံပါတ်ပါ ကားမောင်းဝင်မှုဟာ မတ် ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး သက်တော်စောင့်တွေဟာ ကားမောင်းသမားကို ဖမ်းဆီးအပြီး ကားအတွင်း ဗုံး ပါမပါကိုလည်း အသည်းအသန်စစ်ဆေးမှုတွေချက်ချင်းလုပ်ဆောင်ခဲ့တာကြောင့် လုပ်ကြံဖို့ ဝင်ရောက်လာသူ ဖြစ်နိုင်ကြောင်းလည်း သုံးသပ်နေကြပါတယ်။

ဇောင်နမ်ဟိုင် အိမ်ဖြူတော်ဟာ ရှီကျင်းဖျင်ရဲ့ နောက်ပိုင်း စစ်ခေါင်းဆောင်တွေနဲ့ ဆန့်ကျင်လိုသူ နိုင်ငံခေါင်း ဆောင်တွေကို ရာထူးချ၊ ဖမ်းဆီးမှုတွေပြုလုပ်ပြီးနောက်ပိုင်း သူ့လူယုံအသိုင်းအဝိုင်းနဲ့ မိသားစုဝင်တွေ ဘေးကင်းဖို့ အဓိက ထားရှိတဲ့ အိမ်ယာဝင်းဖြစ်တာကြောင့် လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ နေရာဖြစ်ပါတယ်။

ရှီကျင်းဖျင်ခေတ်မှာ ခုနောက်ပိုင်း တရုတ်လူမှုစီးပွားရေးစနစ် ကျဆင်းပြီး ဒုက္ခရောက်တဲ့ မိသားစုတွေများလာ ခြင်းကြောင့် အတိုက်အခံလုပ် ဆန္ဒဖော်ထုတ်လိုသူတစ်ဦးက ကားနဲ့ ဂိတ်ထဲ ထိုးဖောက်ဝင်ရောက်လာပုံရတယ် လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

လက်ရှိရှီကျင်းဖျင်ရဲ့ တစ်ချက်လွတ်အမိန့်ဟာ အစိုးရမူဝါဒကို ဆန့်ကျင်သူမှန်သမျှ ရာဇဝတ်မှုကြီးအဖြစ် သတ်မှတ်ထားပြီး ထောင်သွင်းအကျဉ်းချမှုတွေလုပ်နေပါတယ်။

သန်းနဲ့ချီတဲ့ အိုက်ဂါမွတ်ဆလင်တွေကို လူ့အခွင့် အရေးချိုးဖောက်ပြီး လှောင်ထားခြင်း၊ ဟောင်ကောင်ရဲ့ လွတ်လပ်ရေးကို ဖိနှိပ်ချုပ်ခြယ်နေခြင်း၊ ထိုင်ဝမ်ကို သိမ်းပိုက်လိုခြင်းတွေကြောင့် လက်မခံနိုင်တဲ့ အရာရှိပေါင်းများစွာကို ဖြုတ်ပြီး ဖမ်းဆီးမှုတွေလုပ်နေသလို ဆန္ဒ ပြလူငယ်တွေကိုလည်း ဖမ်းဆီးဖိနှိပ်နေတဲ့အတွက် မကျေနပ်မှုတွေများလာခြင်းအပေါ် ရှီကျင်းဖျင်ဟာ စတာလင် ခေတ် ခြေမှုန်းရေးလမ်းစဉ်နဲ့ ချေမှုန်းနေရာတာဖြစ်ပါတယ်။

တရုတ်လူမှုကွန်ရက်တွေပေါ် ဖော်ပြနေမှုအရ ၂၀၁၄ ခုနှစ်နောက်ပိုင်း ရှီကျင်းဖျင်ကို လုပ်ကြံဖို့ ကြိုးစားမှုပေါင်း ၆ ကြိမ်ရှိခဲ့တယ်လို့လည်း သိရှိရတဲ့အတွက် ရှီကျင်းဖျင် ဟာ သူအန္တရာယ်ကိုကာကွယ်နိုင်ရေး အရက်စက်ဆုံး ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအင်အားစုကို အနီးကပ်သက်တော် စောင့်တွေအဖြစ် မွေးမြူထားကြောင်းလည်း သိရှိရပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ထိုင်းနိုင်ငံ လော့ဘူရီမြို့မှာ မျောက်အကောင် ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်း

ထိုင်းနိုင်ငံ အလယ်ပိုင်းလော့ဘူရီမြို့မှာ မျောက်ကောင်ရေ ၃၅၀၀ ကျော် မြို့ပေါ်တက် သောင်းကျန်းနေလို့ နိုင်ငံခြားခရီးသွားတွေ၊ ဒေသခံတွေ ထွက်ပြေးရသလို နေအိမ်ဆိုင်ခန်း ပြောင်းရွှေ့ရသူတွေပါ များသထက် များလာရပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now