စီးပွားရေး

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

မဲခေါင် 2 May - 2024
ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

မဲခေါင် မေ ၂

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

အရင်နှစ်တွေက အာလူး အလုံးကြီး တစ်ပိဿကို(၄၀၀၀)ကျပ်ရှိပြီ အခုနှစ်မှာတော့ တစ်ပိဿာ(၂၅၀၀)ကျပ်နဲ့ အရောသီ တစ်ပိဿကို (၁၉၀၀)ကျပ်ကနေ (၈၀၀)ကျပ်အထိ ထက်ဝက်ကျဆင်းနေတာဖြစ်ပါတယ်။

အောင်ပန်းမြို့က ကုန်စည်ဒိုင်တစ်ဦးက “ အဓိက အာလူးစိုက်တောင်သူတွေက တစ်ပြိုင်တည်း အာလူးဖေါ်ကြတယ် အဲ့ဒီတော့ အာလူးတွေက ဒိုင်မှာအကုန်လာပုံပြီး ဝယ်လိုအားကလဲမရှိတော့ ဈေးကျတာပါ။ အာလူးက နုတော့ ကြော်ရောင်းတဲ့သူတွေကလဲ အရသာလျော့တဲ့အတွက် မဝယ်ကြဘူး၊ အာလူးဆိုတာ ရေရှည်အထားခံတဲ့ အသီးမဟုတ်ဘူးလေ ကြာတော့ ပုတ်ကုန်တယ် အရည်အသွေး မပြည့်မှီတာကြောင့် ပြည်တွင်းဝယ်လိုနည်းတာ ဒါကြောင့် ကျွန်တော်တို့လဲ ဝယ်ပြီး‌လှောင်ထားဖို့က အအေးခန်းတွေဘာတွေ စနစ်တကျမရှိဘူးလေ ဒါကြောင့် ဈေးကျတာပါ” လို့ပြောပါတယ်။

ယခု နှစ်ပိုင်းအတွင်း ရာသီဥတု ပူပြင်းတာကြောင့် ဖေါ်ပြီးသား အာလူးတွေဟာ ပုတ်ကုန်တာတွေရှိပြီး အလေးချိန်လျော့တာ၊ ပိုးဝင်တာတွေကြောင့် အာလူးစိုက် တောင်သူတွေဟာ အခက်တွေ့နေရတာဖြစ်ပါတယ်။

ဒေသတွင်း အာလူးကြော်လုပ်ငန်းတွေဟာ အရသာရှိဖို့ သက်တမ်းရင့် အာလူးတွေသာ အသုံးပြုတာဖြစ်ပြီး၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် ဈေးကွက်တွေဟာ အထိုက်အသင့် ဝယ်လိုအားသာရှိပြီး ကျန်ပြည်နယ်နဲ့တိုင်း ဈေးကွက်မရှိဘူးလို့ သိရပါတယ်။

ဒေသတွင်း စိုက်ပျိုးနေတဲ့ အာလူးမျိုးတွေကိုတော့ မြန်မာ့မျိုးရင်းတွေအပြင် Rumba, Babylon, Arizona နဲ့ China(L6) စတဲ့ နိုင်ငံခြားမျိးတွေအပြင် ၊ နယ်သာလန်ထွက် အာလူးမျိုးတွေကိုလည်း တောင်သူတွေက စိုက်ပျိုးနေတာဖြစ်ပြီး ရှမ်း/‌တောင်ဧရိယာအတွင်း နောင်တရား၊ တီကျစ်၊ ပင်လောင်း၊ အောင်ပန်းမြို့နယ်တွေမှာ အဓိက စိုက်ပျိုးတာဖြစ်ပြီး ဒေသတွင်း အာလူးကြော်လုပ်ငန်းတွေနဲ့ ရန်ကုန်၊ မန္တလေးကို အဓိက တင်ပို့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာလူးကို ပြည်ပတင်ပို့မှုအနည်းငယ်သာရှိပြီး ယခင်နှစ်တွေက တရုတ်နိုင်ငံက တင်သွင်းမှုတွေ‌ကြောင့် တောင်သူတွေ အရှုံးပေါ်ခဲ့တာတွေရှိပြီး ဒေသတွင်း နိုင်ငံတွေအနက် ဘင်္ဂလားဒေ့နိုင်ငံဟာ ကမ္ဘာမှာ အာလူးစိုက်ပျိုးမှုနဲ့ တင်ပို့မှု အများဆုံးနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

MK-002

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး

ရွှေဈေးသိန်း ၅၀ ကျော်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျပ်ခန့် ဖြစ်လာ

မြန်မာနိုင်ငံတွင်း ရွှေဈေးကွက်မှာ အခေါက်ရွှေ ငွေကျပ် သိန်း ၅၀ ကျော် (၅,၀၂၅,၀၀၀)အထိ မြင့်တက်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျော်(၄,၀၂၀)
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now