ဒေသတွင်းသတင်း

တာချီလိတ်ဆိုင်ကယ်ပျောက်မှုတွေ ရဲတပ်ဖွဲ့လည်း ပါဝင်ပတ်သက်နေ

မဲခေါင် 2 May - 2024
သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

မဲခေါင်၊ မေ ၂

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့အတွင်း ဆိုင်ကယ်ခိုးယူမှုတွေမှာ တိုင်ကြားမှုတွေရှိနေပေမယ့် အမှုဖွင့်ပေးခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ဧပြီလအတွင်း ဆိုင်ကယ်ခိုးခံရတဲ့အတွက် သူခိုးကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ပေမယ့် အမှုဖွင့်လှစ်ပေးတာမရှိဘဲ သူခိုးနဲ့ ညှိနှိုင်းရန်သာ ပြောပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်ဆိုင်ကယ် ဧပြီ(၁၅)ရက်နေ့က ခိုးခံရတယ် သူခိုးကို ကိုယ်တိုင်လိုက်ရှာပြီး ဟောင်လိတ်စခန်းကို အပ်ခဲ့တယ် နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဇော်ဝင်းနိုင်က ခဏဖမ်းထားပြီး ညှိနှိုင်းဖို့ ပြန်လွှတ်ပေးလိုက်တယ် သူခိုးက ပြန်ရှာပေးမယ်ပြောပေးမယ် အခုထိပြန်မရသေးဘူး အမှုလဲ မဖွင့်ပေးဘူး” လို့ ဆိုင်ကယ်ခိုးခံရသူက ပြောပါတယ်။

ဧပြီ (၁၅) ရက်နေ့ ညနေပိုင်းက ပါဆတ်ရပ်ကွက် ဝက်သားဆိုင်အနီးမှာ ခိုးယူခံရတာဖြစ်ပြီး CCTV မှတ်တမ်းတွေက အစ ရဲကိုပေးခဲ့ပေမယ့် အရေးမယူ အမှုမဖွင့်လှစ်ဘဲ ခေတ္တခဏထိန်းသိမ်းထားပြီး ပြန်လွှတ်လိုက်တာလို့ ပြောပါတယ်။

တာချီလိတ်မြို့အတွင်း ဆိုင်ကယ်ခိုးခံရသူတွေက ရဲစခန်းတွေကို တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်ခဲ့တာ တွေမရှိဘဲ ခိုးယူသူတွေက ရဲတပ်ဖွဲ့က သိနေပြီး သတင်းပေး အင်ဖေါ်မာ အဖြစ်ထားရှိသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်ကယ်ပျောက်လျှင် ကျောက်တောင်အနီးတဝိုက်က သားကြီးဆိုတဲ့ သတင်းပေးအင်ဖေါ်မာဆီ ရောင်းချကြတာဖြစ်ပြီး သူ့ကို ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီ (စရဖ)က အကာအကွယ်ပေးထားပြီး ဒေသတွင်း ဂိမ်းခုံနဲ့ တရားမဝင် လုပ်ငန်းတွေအတွက် သားကြီးက ဆပ်ကြေးကောက်ခံပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

တာချီလိတ်မှာ ခိုးမှု၊ လုယက်မှုနဲ့ အနုကြမ်းစီးမှုတွေ ရှိနေပေမယ့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုတွေမရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ဆိုင်ကယ်သူခိုး (၉)ဦးကို ဆိုင်ကယ်(၁၉)စီးနဲ့အတူ ဖမ်းဆီးရမိတာနဲ့ အနုကြမ်းစီး ဆိုင်ကယ်လုယက်မှု တစ်ခု ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပြီးနောက်ပိုင်း ခိုးမှု၊ လုယက်မှုတွေဖမ်းဆီးရမိတာတွေ ထုတ်ပြန်တာ မတွေ့ရပါဘူး။

MK-002

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့ ရှုခင်းသာမှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ဓားထောက် လုယက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ရဲ့ ရှုခင်းသာမှာ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်နဲ့ဖုန်းတွေကို ဓားနဲ့ထောက်ပြီး လုယက်ခံရတဲ့အပြင် ထိုးကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

ရှမ်းရှေ့မှာ လောင်းကစားနဲ့ မူးယစ်တိုက်ဖျက်မယ်ပြောနေပေမယ့် စစ်တပ်ကိုယ်တိုင် လိုင်းကြေးယူနေ

ကျိုင်းတုံမြို့တော်ခန်းမ မှာကျင်းပပြုလုပ်တဲ့ မြို့မိမြို့ဖ တွေ့ဆုံပွဲမှာ တာချီလိတ်က မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်နဲ့ လောင်းကစားလုပ်ငန်းတွေတိုက်ဖျက်မယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့‌ပေမယ့် တကယ်တမ်း စစ်ကောင်စီကိုယ်တိုင် လိုင်းကြေးယူ လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now