အာစီယံဒေသတွင်း

ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ စွန့်စားမဲဆွယ်လိုက်တဲ့ ဖွေထိုင်းပါတီ (သို့မဟုတ်) သက်ဆင်ရဲ့ ပိုင်ဆိုင်မှုအကုန်ရင်းလိုက်တဲ့ ထိုင်းရွေးကောက်ပွဲ (ဘာသာပြန်)

မဲခေါင် 15 Apr - 2023
လာမယ့်မေလလယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ အိမ်နီးချင်းထိုင်းရဲ့ ရွေးကောက်ပွဲ နဲ့ အာဏာအခင်းအကျင်းပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် အများကြီးသက်ရောက်မှုတွေရှိစေမှာဖြစ်သလို ထိုင်းမှာ အခြေချနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသန်းချီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ မဖြစ်မနေ စိတ်ဝင်စားရမယ့်အနေအထားပါ။ 

MKF – 001

လာမယ့်မေလလယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ အိမ်နီးချင်းထိုင်းရဲ့ ရွေးကောက်ပွဲ နဲ့ အာဏာအခင်းအကျင်းပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် အများကြီးသက်ရောက်မှုတွေရှိစေမှာဖြစ်သလို ထိုင်းမှာ အခြေချနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသန်းချီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ မဖြစ်မနေ စိတ်ဝင်စားရမယ့်အနေအထားပါ။ 

ထိုင်းမှာ စစ်အာဏာသိမ်းပြီး အိမ်စောင့်အစိုးရလုပ်ထားတဲ့ ဗိုလ်ချုပ်ပရာယွတ်(ဝန်ကြီးချုပ်ရာထူးယူထားသူ)က ပါတီသစ်တောင်ပြီး အရင်သူ့ပါတီကို လက်ရှိစစ်တပ်အကြီးအကဲ ပရာဝပ်က ဦးဆောင်လို့ ယှဉ်ပြိုင်သွားကြပါလိမ့် မယ်။ စစ်တပ်ထောက်ခံပါတီတွေက လိုရာဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲထားပြီး သူတို့ချင်း ညွှန်ပေါင်း ပါတီတွေအဖြစ် ပူးပေါင်းလို့ အာဏာတည်မြဲရေးကြိုးစားကြမယ့်အနေအထားမှာ ဒီမိုကရက်တစ်ဦးဆောင်ပါတီ ဖြစ်တဲ့ ဖွေထိုင်းပါတီဟာ မဟာအတိုက်အခံပါတီကြီးအဖြစ် အစိုးရအာဏာရဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ 

အခုက မဲဆွယ်ကာလဖြစ်တာကြောင့် ပါတီကြီးတွေ ဘယ်လိုမဲဆွယ်နေကြလဲ၊ ရွေးကောက်ပွဲအောင်နိုင်ရေးဗျူဟာ တွေဘယ်လိုခင်းကြသလဲ၊ ဘယ်လို အာမခံချက်တွေ မက်လုံးပေးပြီး တိုင်းပြည်တိုးတက်အောင် လုပ်ပေးဖို့ ကတိပြုနေကြသလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 

ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေအရ မဲဆွယ်ကာလမှာ ပြည်သူကို ငွေနဲ့လက်ဆောင်ပေးတာမပြောနဲ့ ချစ်သူများနေ့မှာ ပန်းပေးတာတောင် တားမြစ်ထားတယ်ဆိုပေမယ့် လက်ရှိမဲဆွယ်မှုတွေမှာ ပေးတဲ့မက်လုံးတွေ က ကြောက်စရာကောင်းလောက်အောင်ကို ငွေသား ဒေါ်လာဘီလီယံ ချီရှိနေကြတာတွေ့ရပါတယ်။ လက်ရှိထိုင်းမှာ ရွေးကောက်ပွဲအောင်နိုင်ခြေရှိတဲ့ ပါတီကြီး လက် ၅ ချောင်းမပြည့်ပါဘူး။ 

ကြိုတင်မဲပေးမှုတွေ မှာတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ပေထောင်တန်ဦးဆောင်တဲ့ ဖွေထိုင်းပါတီက လူကြိုက်အများဆုံး အဖြစ် ကြိုတင်ရေပန်းစားနေပါတယ်။ ဧပြီ ၁၂ ရက်နေ့က ဖွေထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်း သုံးဦးစာရင်းတင် တော့ ပေထောင်တန်အပြင် အိမ်ခြံမြေလုပ်ငန်း ဘီလီယံနာဆရတ်သာနဲ့ ဝန်ကြီးဟောင်း ချိုက်ကာဆမ်တို့ကို အဆိုတင်သွင်းခဲ့ကြတယ်။ 

ဘာပဲဖြစ်ဖြစ် သက်ဆင်ရဲ့ စီမံမှုနဲ့ဩဇာကြီးမားမှု၊ ငွေကြေးပြည့်စုံမှုတွေအရ ပေထောင် တန်ဟာ ၃၆ နှစ်သာရှိသေးပေမယ့် သောင်ပြိုကမ်းပြိုမဲနိုင်ရင် နိုင်ငံဝန်ကြီးချုပ်ဟောင်းဖြစ်လာဖို့ အများဆုံးပါ။ ဒီလို အစိုးရသစ်ဖွဲ့နိုင်ဖို့က အောက်လွှတ်တော်အမတ်နေရာ ၅၀၀ မှာ ၃၁၀ အနိုင်ရမှဖြစ်လာနိုင်အောင်လည်း ပရာယွတ်ဦးဆောင်တဲ့အဖွဲ့က အခြေခံဥပဒေပြင်ဆင်ရေးဆွဲထားလို့ တော်ရုံအောင်မြင်ရုံနဲ့တော့ ဖွေထိုင်းပါတီရဲ့ မျှော်လင့်ချက်ဖြစ်လာဖို့မလွယ်သေးပါဘူး။

ဒီအချိန်မဲဆွယ်လာမှုမှာတော့ ဖွေထိုင်းပါတီက ကြောက်ခမန်းလိလိများပြားတဲ့ငွေကြေးဘတ်ဂျက်တွေကို ခင်းကျင်းပြလိုက်တယ်။ လာမယ့် မေ ၁၄ ရက်ရွေးကောက်ပွဲမှာ လိုချင်တဲ့အစိုးရဖွဲ့ခွင့်အတိုင်းအတာအထိ မဲအနိုင် ရခဲ့ရင် နိုင်ငံတွင်းရှိရှိသမျှသော ၁၆ နှစ်နဲ့အထက် ပြည်သူပြည်သားအားလုံးကို အမေရိကန်ဒေါ်လာ ၃၀၀ စီ ပေးသွားဖို့ ဘတ်ဂျက် ဒေါ်လာ ၁၅ ဘီလီယံ သုံးမယ်လို့ ဖွေထိုင်းက ကြေညာမဲဆွယ်သွားတယ်။ 

ပြည်သူပြည်သား တွေရဲ့ တစ်ရက်လုပ်ခအနိမ့်ဆုံး ဘတ် ၆၀၀ (လက်ရှိရနေတဲ့ အနိမ့်ဆုံးတစ်ရက်လုပ်ခ ၁၀ ဒေါ်လာကနေ ၁၈ ဒေါ်လာ တိုးပေးတဲ့သဘော) ပေးမယ်၊ မိသားစုတစ်စုရဲ့ တစ်လဝင်ငွေကို အနည်းဆုံးဘတ် ၂၀၀၀၀ ရရှိစေဖို့ အာမခံတယ်၊ တောင်သူစိုက်ပျိုးသီးနှံတွေ စျေးကောင်းရဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာမှာ ကျန်းမာရေးစောင့် ရှောက်မှုအာမခံချက်ပိုမိုရရှိစေရမယ်ဆိုတာတွေက သိပ်မဆန်းလှတဲ့ မဲဆွယ်ကတိတွေဖြစ်ပေမယ့် ၁၆ နှစ်အထက်ပြည်သူပြည်သားတိုင်းကို တစ်ယောက် ဒေါ်လာ ၃၀၀ ပေးသွားမယ်ဆိုတဲ့ မက်လုံးနောက်ကွယ်က ဒစ်ဂျစ်တယ်ငွေကြေးစနစ် မိတ်ဆက်လာခြင်းကတော့ ကမ္ဘာက စောင့်ကြည့်ရစေတဲ့အထိ လှုပ်ခတ်သွားတယ်။ 

ဒေါ်လာ ၁၅ ဘီလီယံဆိုတာ ထိုင်းဘတ်ငွေနဲ့ဆို ဘတ် ၅၀၀ ဘီလီယံရှိတယ်။ နိုင်ငံအတွင်း ၁၆ နှစ်နဲ့အထက် ပြည်သူပြည်သားပေါင်းက ၅၅ သန်းရှိတယ်။ ဒေါ်လာ ၃၀၀ ကို ပေးမယ့်ပုံစံက ငွေသားနဲ့မဟုတ်ဘဲ ဒစ်ဂျစ်တယ် တုံကင်ငွေသားကို e-Wallet လို ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကနေ ပေးသွားမှာဖြစ်တယ်လို့ ဖွေထိုင်းပါတီ စီးပွားရေးမူဝါဒကော်မတီအကြီးအကဲ ပရွမ်မင်းလတ်ဆူဝီဒက်ဂျ်က အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ထိုင်းပါတီတွေမဲဆွယ်မှုမှာ စွန့်ဦးတီထွင်မဲဆွယ်ကတိဖြစ်လာတယ်။ နောက်ကွယ်မှာ အကြောင်းတရားတွေ အများအပြားလည်းရှိနေမှာပါ။ 

ဖွေထိုင်းဟာ ဒီမိုကရက်တစ်ပါတီဖြစ်ပြီး ဒိတ်ဒိတ်ကျဲစီးပွားရေးသမားကြီးတွေ ကျောထောက်နောက်ခံရှိတဲ့ပါတီမို့ ဒစ်ဂျစ်တယ်ငွေကြေးကို ရဲရဲဝင့်ဝင့် မိတ်ဆက်တာဖြစ်ပြီး ပရာယွတ်လက်ထက် မတိုးတက်ခဲ့တဲ့ နိုင်ငံစီးပွားရေး ပြန်ဦးမော့ဖို့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်၊ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အနာဂတ် မှာ မြှင့်တင်သုံးစွဲဖို့အတွက် ၁၆ နှစ်နဲ့အထက် ပြည်သူတိုင်းကို ဒစ်ဂျစ်တယ်ငွေ ဒေါ်လာ ၃၀၀ ပေးသွားရတာဖြစ် တယ်လို့ ဆိုတယ်။ လက်ရှိ ထိုင်းနိုင်ငံဟာ ဒစ်ဂျစ်တယ်စီးပွားစနစ်ကျင့်သုံးမှုမှာ ကမ္ဘာ့ အဆင့် (၈) နေရာမှာရှိတယ်။ လူငယ်ထုအများစုကသာ ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုတာများတယ်။ ထိုင်းဗဟိုဘဏ်အနေနဲ့ ဒစ်ဂျစ်တယ် ဘတ်ငွေ ထုတ်လုပ်ပေးဖို့ ဖွေထိုင်းက တောင်းဆိုထားပြီး ဗဟိုဘဏ်ကလည်း စတင် စီစဉ်နေတယ်လို့ သိရတယ်။ ဥပမာ နိုင်ဂျီးရီးယားလိုနိုင်ငံရဲ့ ဗဟိုဘဏ်က eNaira ဆိုတဲ့ဒစ်ဂျစ်တယ်ငွေကြေးကို စီစဉ်သုံးစွဲထားစေပြီး eNaira wallets အကောင့် ၄ သန်းကျော် ထုတ်ပေးထားတဲ့ပုံစံမျိုး ဖွေထိုင်းပါတီက တောင်းဆိုထားတာဖြစ်ပါတယ်။

ဖွေထိုင်းစီးပွားရေးမူဝါဒကော်မတီအကြီးအကဲ ပရွမ်မင်က သူတို့မဲနိုင်ပြီးအစိုးရဖွဲ့ခွင့်ရတာနဲ့ ၆ လအတွင်း ဒစ်ဂျစ်တယ်တုံကင် တဖြစ်လည်း ဒစ်ဂျစ်တယ်ငွေကြေးကို အိမ်နီးချင်းနိုင်ငံနယ်စပ် ၄ ကီလိုမီတာအတွင်း ကုန်စည်နဲ့ဝန်ဆောင်မှုအသုံးပြုမှုတွေမှာ သုံးစွဲနိုင်စေရမယ်လို့ပါ ကတိပေးခဲ့ပါတယ်။ ကိုဗစ်ကာလစကတည်းက အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စစ်အာဏာသိမ်းလို့ စုတ်ပြတ်သွားတဲ့ မြန်မာနိုင်ငံမပါဆိုရင် လက်ရှိ ကိုဗစ်အလွန် စီးပွားရေးပြန်တက်တဲ့ နိုင်ငံတွေချည်းပဲ။ ဒီအထဲ ထိုင်းစီးပွားရေးကတော့ ပရာယွတ်လက်ထက်မှာ လုံး၀ ပြန်မတက်လာနိုင်သေးလို့ အိမ်ထောင်စုကြွေးမြီမြင့်တက်မှုက ထိုင်းမှာ ကြောက်ခမန်းလိလိ ဆိုးရွားနေခဲ့ ပါတယ်။ ဒါဟာ အရင် မဲခေါင်းသတင်းတွေမှာ တင်ပြခဲ့သလို ထိုင်းထီဆုကြီးတွေပေါက်တဲ့သူတိုင်း အရင်ဆုံး အကြွေးဆပ်မယ်လို့ချည်းပြောခဲ့တဲ့သတင်းတွေမှာ ပါဝင်ဖော်ပြပြီးသားပါ။ 

ဒီတော့ ဖွေထိုင်းပါတီနောက်ကွယ်က ပါတီမိသားစုခေါင်းဆောင်ကြီး သက်ဆင်ဟာ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ထိုင်း နိုင်ငံအနာဂတ်တိုးတက်ဖို့ ထက်မြက်တယ်ပြောရမလား၊ ပါးနပ်တယ်ပြောရမလားမသိနိုင်တဲ့ မဲဆွယ်စွန့်စားမှုကို လုပ်လိုက်တာပါပဲ။ စစ်တပ်က ရွေးကောက်ခံမဟုတ်တဲ့ လွတ်တော်အမတ်နေရာ ၂၅၀ ကို ထည့်သွင်းထားတဲ့ မမျှ တတဲ့ရွေးကောက်ပွဲမှာ သက်ဆင်ဟာ ပြည်သူ့ယုံကြည်မှုကိုအလုံးစုံရဖို့ သူ့ပိုင်ဆိုင်မှုမှန်သမျှနဲ့ ချရင်းနှီးလိုက်တာ လို့ သုံးသပ်နေကြတယ်။ 

၁၀ နှစ်ကျော်နိုင်ငံအာဏာလုထားပြီး သန်းပေါင်းများစွာသော ဆင်းရဲမွဲတေမှုကို ဖြစ်စေခဲ့ တဲ့ အာဏာရှင်ပရာယွတ်ကို ဖြုတ်ချချင်နေတဲ့ ပြည်သူတွေကလည်း ဒီမိုကရေစီစနစ်သစ်မှာ ဖွေထိုင်းပါတီကို အားကိုးယုံကြည်နေချိန် ဒီလို ဒစ်ဂျစ်တယ်ငွေကြေးစနစ်သစ်ကို မိတ်ဆက်လာခြင်းက စီးပွားရေးနဲ့ နိုင်ငံရေးနယ် ပယ်နှစ်ခုမှာ သိပ်သဟာဇာတမဖြစ်လှတဲ့ စွန့်ဦးတီထွင် စမ်းသပ်မှုလို့လည်း စိုးရိမ်မှုတွေရှိနေပြန်တယ်။ စွန့်စားမှု တစ်ရပ်ဖြစ်တယ်ဆိုတာကိုလည်း ပရွမ်မင်ကိုယ်တိုင်က ဝန်ခံထားပြီးသားပါ။ 


အကြောင်းကတော့ ဒစ်ဂျစ်တယ်ငွေကြေးဆိုတာ လက်ရှိ လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေက ငွေမည်းကို ငွေဖြူ ပြောင်းရာမှာ ပုံမှန် နိုင်ငံတကာ ဘဏ်စနစ်နဲ့ လမ်းစလိုက်မရအောင် လုပ်ထားတဲ့ ငွေကြေးစနစ်ဖြစ်နေလို့ပါပဲ။ ပြီးတော့ ထိုင်းဆိုတာ ရွှေတြိဂံ မူးယစ်လောင်းကစားမှောင်ခိုရပ်ဝန်းကြီးရဲ့ ကမ္ဘာ့ထွက်လမ်း၊ တရုတ် ဒုစရိုက်ဂိုဏ်း ကြီးတွေရဲ့ စားကျက်ဖြစ်နေလို့ နိုင်ငံစီးပွားရေးပြန်တက်မှုမှာ သမာအာဇီ၀နဲ့ မဟုတ်တဲ့လမ်းတွေကနေ စီးပွားတက်လာတာမျိုးဆိုရင် ပိုအန္တရာယ်များနိုင်တာကိုလည်း ထောက်ပြမှုတွေ ရှိနေပြန်ပါတယ်။ 

ဖွေထိုင်းပါတီ ထောက်ခံသူ တက္ကဆီသမား ပီဆန်ဂျန်ပရန်ဆိုသူကတော့ Òသက်ဆင်က ထိုင်းပြည်သူတွေ ဒီမိုကရေစီအနှစ်သာရကို နားလည်လာစေဖို့ စွမ်းဆောင်ပေးခဲ့သူပါ။ လူတန်းစားမျိုးစုံအတွက် နိုင်ငံမူဝါဒအားလုံး က သူချမှတ်သလိုဖြစ်လာခဲ့မယ်လို့ ယုံကြည်ခဲ့ပေမယ့် အာဏာအလီလီ အသိမ်းခံရပြီး အကောင်အထည်မပေါ် နိုင်ခဲ့ဘူး။ လူတွေက အများကြီးမျှော်လင့်ခဲ့ကြပြီးပြီ။ လူတွေရဲ့ ဆန္ဒတွေကို ခေါင်းဆောင်သူတွေက ကတိ အတိုင်း ဖြည့်ဆည်းပေးရမှာပါ။ လူတွေ ငတ်ကုန်ရင် အားလုံးက ဖြစ်တည်လာနိုင်တယ်Ó လို့ ပြောသွားခဲ့ပါတယ်။ 

(VOA မှ Thailand’s Shinawatra Bets on Family Name, Cash Handouts to ‘Take Back Our Democracy’ နဲ့ coingeek.com မှ Thailand’s opposition party promises $15 billion in digital tokens if it wins တို့ကို ကိုးကား ရေးသားခြင်းဖြစ်ပါတယ်)

#MeKongNews 

#ThaiElection

#သက်ဆင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဆောက်ဖို့ ထိုင်းစီစဥ်

ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဘန်ကောက်လေဆိပ်ကနေ အန်နာကွန်ဒါ မြွေ ၁၀ ကောင် ခိုးသယ်လာသူ လေဆိပ်မှာ ဖမ်းမိ

ကမ်ပီဂေါ်ဒါ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက အဝါရောင် အန်နာကွန်ဒါ မြွေ ၁၀ ကောင်ကို ခရီးသွားအိတ်ထဲ ထည့်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ချင်းမိုင်ကွန်ဒိုတိုက်ခန်းကနေ ဘတ် ၇၆ သန်းဖိုး ဖောက်ထွင်းခိုးယူသူ တရားခံ ၂ ယောက် ထိုင်းရဲ ဖမ်းမိ

ချင်းမိုင်မြို့လယ်ကောင် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးရဲ့ ကွန်ဒိုတိုက်ခန်းကို ဖောက်ထွင်းပြီး ဘတ် ၇၆ သန်းဖိုး ခိုးယူခံလိုက်ရမှု တရားခံကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အာဆီယံရဲ့ မြန်မာ့အရေးထုတ်ပြန်ချက် ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ကန်ဝီး ပြင်းပြင်းထန်ထန် ဝေဖန်

မြ၀တီမြို့အပါ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲ ပြီး ဆွေးနွေးအဖြေရှာဖို့တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now