ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

မဲခေါင် 30 Apr - 2024
ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ ဧပြီ ၃၀

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

ယူကရိန်းကျူးကျော်စစ်ကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ရုရှားတိုက်ခိုက်ခဲ့တာကြောင့် ဒီနှုန်းနဲ့တွက်ရင် တစ်ရက် စစ်သည် ၅၆၀ နှုန်း သေကြေပျက်စီးရတာဖြစ်သလို တန်ကြေးမြင့်တင့်ကားပေါင်း ၃၀၀၀ ကျော် ဆုံးရှုံးတယ်ဆိုတဲ့အရေအတွက်ဟာ ရုရှားသမ္မတ ပူတင်အတွက် အထိနာလွန်းစရာဖြစ်ခဲ့ပါတယ်။

အရင် ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားတဲ့ ရုရှားစစ်သည်တွေ သေဆုံးနှုန်းထက် အခု ထုတ်ပြန်တဲ့ သေဆုံးနှုန်း ဟာ ၁၀၀၀၀၀ ပိုများနေပြီး တင့်ကား ၃၀၀၀ ကျော်အပြင် သံချပ်ကာ ကား ၁၀၀၀၀၊ သင်္ဘောနဲ့ မော်တော်ဘုတ် ၂၃ စင်းအပြင် လေယာဉ် ၁၀၉ စီး၊ ဒရုန်း ၃၄၆ စင်း၊ ရဟတ်ယာဉ် ၁၃၆ စင်း စုစုပေါင်းလေယာဉ် အစီး ၅၀၀ ကျော် ပျက်စီးသွားတာလို့ ခိုင်ခိုင်မာမာ ထုတ်ပြန်သွားပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်း ရုရှားစစ်သား သေကြေပျက်စီးမှုကိုပဲကြည့်ရင် တစ်ရက် စစ်သည် ၁၃၀၀ နှုန်း သေကြေပျက် စီးရပြီး မနှစ်က နှစ်ကုန်ပိုင်းမှာ ပူတင်ရဲ့ ကြေးစားမျိုးချစ်စစ်တပ် ဝက်ဂ်နာအုပ်စုရဲ့ တပ်သားတွေဟာ စစ်မျက်မှာ ပြင်မှာ အသက်စွန့်ပြီးလှိုင်းလုံးသဖွယ် စစ်ဆင်ရေးလုပ်လို့ ၂၀၀၀၀ ကျော်သေ၊ ၄၀၀၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဗြိတိန်စစ်မှုထမ်းဟောင်း ဘန်ဘာရီက ရုရှားတပ်တွေ ယူကရိန်းစစ်မြေပြင်မှာ ဒီလောက် သေကြေပျက်စီး နေရပေမယ့်လည်း သူတို့ဆီမှာ ဒီနှုန်းအထိုင်းနောက်ထပ် ၂ နှစ်ကနေ ၃ နှစ်အထိ ထပ်ပြီး သေကြေပေးဆပ်နိုင် စရာ စစ်သည်နဲ့ လက်နက်ရင်းမြစ်တွေ ကျန်နေသေးတယ်လို့ သုံးသပ်ပြောကြားသွားပါတယ်။

ဖေဖော်ဝါရီလ တုန်းက ယူကရိန်းသမ္မတ ဇီလန်းစကီးပြောကြားမှုမှာတော့ ဒီစစ်ပွဲအတွင်း ယူကရိန်းစစ်သား ၃၁၀၀၀ သေဆုံးခဲ့ တယ်လို့ ဆိုပေမယ့် အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ်း သတင်းမှာတော့ ၇၀၀၀၀ အထိ သေဆုံးခဲ့ဖွယ် ရှိတယ်လို့ ခန့်မှန်းထုတ်ပြန်သွားပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now