အာစီယံဒေသတွင်း

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဆောက်ဖို့ ထိုင်းစီစဥ်

မဲခေါင် 25 Apr - 2024
ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

မဲခေါင်၊ ဧပြီ ၂၅

ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

Burj Khalifa မိုးမျှော်တိုက်ဟာ ၁၆၃ ထပ်မြင့်ပြီး အမြင့် ၈၃၀ မီတာရှိတာကြောင့် ကမ္ဘာ့အမြင့်ဆုံးတိုက်အဖြစ် ရပ်တည်နေပြီး ထိုင်းအစိုးရဟာ ဒီတိုက်ထက် ပိုမြင့်တဲ့ မိုးမျှော်တိုက်ကြီးကို ဘန်ကောက်မှာ တည်ဆောက်ဖို့ စတင် ဆွေးနွေးနေ ပြီဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာက တရုတ်နဲ့အရှေ့အလယ်ပိုင်း ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း X (ယခင်တွစ်တာ) ကနေ ထုတ်ပြန်သွားပါတယ်။

ဒီတိုက်ကြီးဆောက်လုပ်နိုင်ဖွယ်ရှိရေး Burj Khalifa တိုက်ကြီးဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီနဲ့ပဲ တည်ဆောက်ဖို့ စီမံ နေတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအကျိုးစီးပွားနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုများပြားလာစေဖို့ ရည်ရွယ်ကြောင်း၊ နိုင်ငံစီးပွားရေးတိုးတက်ဖို့၊ ပြည်သူတွေ ဝင်ငွေတိုးပွားဖို့အရေးမှာ ပုဂ္ဂလိက ကဏ္ဍက အထူးအရေးပါကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ကမ်းလှမ်းမှာဖြစ်တယ်လို့ ဆရတ်သာက ပြောကြားသွားပါတယ်။

Burj Khalifa မိုးမျှော်တိုက် တည်ဆောက်မှုကုန်ကျစားရိတ်က ဒေါ်လာ ၁ . ၅ ဘီလီယံ ကုန်ကျခဲ့ပြီး အခု ထိုင်းက ဆောက်လုပ်ဖို့ လျာထားတဲ့ ကမ္ဘာ့အမြင့်ဆုံးတိုက် ကုန်ကျစရိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

လက်ရှိ စီမံကိန်းအစဖြစ်လို့ တိုက်နာမည်မပေးရသေးပေမယ့် ရုံးခန်း၊ ဖျော်ဖြေရေးခန်းမ၊ ဟိုတယ်၊ ကာစီနို၊ ဘဏ္ဍာတိုက်၊ ကြီးမားလှတဲ့ လူနေတိုက်ခန်းတွေနဲ့ စတိုးဆိုင်ကြီးတွေ ပါဝင်ဖွဲ့စည်းသွားဖို့ မျှော်မှန်းထားကြောင်း လည်းသိရှိရပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝက်ချာရွန်ကီက ဝန်ကြီးချုပ်ကိုယ်တိုင်ဟာ ဒူဘိုင်းက တိုက်ထက်ပိုမြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံးမိုးမျှော်တိုက် တည်ဆောက်ဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားမှာဖြစ်ကြောင်း ဒါပေမဲ့ တည်ဆောက်ဖို့ ဆွေးနွေးတဲ့အဆင့်ဟာ အစပိုင်းအဆင့်သာရှိသေးကြောင်း Bloomberg မှာ ပြောကြားသွားပါတယ်။

Ref: metro
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

အောက်တိုဘာကစပြီး အနည်းဆုံးတစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း
အာစီယံဒေသတွင်း

မဏိပူရမှာ ၁၈ နှစ်အတွင်း မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေကြောင့် ရွာ ၉၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဘန်ကောက်လေဆိပ်ကနေ အန်နာကွန်ဒါ မြွေ ၁၀ ကောင် ခိုးသယ်လာသူ လေဆိပ်မှာ ဖမ်းမိ

ကမ်ပီဂေါ်ဒါ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက အဝါရောင် အန်နာကွန်ဒါ မြွေ ၁၀ ကောင်ကို ခရီးသွားအိတ်ထဲ ထည့်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ချင်းမိုင်ကွန်ဒိုတိုက်ခန်းကနေ ဘတ် ၇၆ သန်းဖိုး ဖောက်ထွင်းခိုးယူသူ တရားခံ ၂ ယောက် ထိုင်းရဲ ဖမ်းမိ

ချင်းမိုင်မြို့လယ်ကောင် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးရဲ့ ကွန်ဒိုတိုက်ခန်းကို ဖောက်ထွင်းပြီး ဘတ် ၇၆ သန်းဖိုး ခိုးယူခံလိုက်ရမှု တရားခံကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now