အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

မဲခေါင် 29 Apr - 2024
န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း အတွက် အစိုးရသစ်ပြန်လည်ဖွဲ့စည်းတဲ့ တာဝန်ရှိသူ ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်က တောင်းပန်စကား ပြောသွားခဲ့ပါတယ်။

မဲခေါင်၊ ဧပြီ ၂၉

ဝန်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီးကို ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပြီးနောက် ပူးတွဲရယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကပါ နုတ်ထွက်စာတင် ထွက်ခွာသွားခြင်း အတွက် အစိုးရသစ်ပြန်လည်ဖွဲ့စည်းတဲ့ တာဝန်ရှိသူ ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်က တောင်းပန်စကား ပြောသွားခဲ့ပါတယ်။

ပန်ပရီးဟာ မြ၀တီ အမှတ် (၂) ချစ်ကြည်ရေးတံတား တိုက်ပွဲအတွင်း မဲဆောက်ကို တစ်ကြိမ်မက ကိုယ်တိုင် လာရောက်ခဲ့သူဖြစ်ကာ ရာထူးတာဝန်ကာလအတွင်း အများလက်ခံနိုင်ခဲ့တဲ့ လုပ်ဆောင်ချက်ကောင်းတွေကို လုပ်ကိုင်နိုင်သူဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ Move Forward ပါတီ မဲအများဆုံးနိုင်ပြီး ဝန်ကြီးချုပ်လျှောက်ထားမှု မအောင်မြင်သလို အစိုးရဖွဲ့ခွင့်လည်းမရဖြစ်ခဲ့ပြီးနောက် ဒုတိယမဲအများဆုံးရရှိတဲ့ သက်ဆင်မျိုးဆက်ရဲ့ ဖွေထိုင်း ပါတီက သူတို့လူ ဆရတ်သာကို ဝန်ကြီးချုပ်တင်မြှောက်ပြီး တော်ဝင်မိသားစုထောက်ခံ စစ်ဘက်ပူးပေါင်း ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီး အစိုးရသစ်တစ်ရပ် ထူထောင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုအစိုးရသစ်ဖွဲ့အပြီး ၅ လသာကြာသေးချိန်မှာ နိုင်ငံစီးပွားရေး၊ နိုင်ငံတကာအရေး၊ ပြည်တွင်း ကွဲပြားပါတီများ သဘောထားတင်မာမှု ပျောပြောင်းသင့်တင့်လာရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဝန်ကြီးရာထူးထွေကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာ နာမည်ကောင်းရနေတဲ့ ပန်ပရီး ရာထူးနှစ်ခုစလုံး စွန့်လွှတ်လိုက်ရတာဖြစ်ပါတယ်။

ဒါကြောင့် ဧပြီ ၂၉ ရက်နေ့ အစိုးရဝန်ကြီးရုံးမှာ ဝန်ကြီးသစ်တွေ မကြေညာခင် ဆရတ်သာက သတင်းရှာရှင်းလင်း ပွဲ အင်တာဗျူးလက်ခံခဲ့ပြီးနောက် ပန်ပရီးကို တောင်းပန်စကား ဦးစွာပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ နိုင်ငံက မတူညီတဲ့ နိုင်ငံဖွဲ့စည်းပုံ မူဝါဒရှိတယ်။ ဒုဝန်ကြီးချုပ် ၂ ယောက်မက ရှိတတ်တာမျိုး။ ဝန်ကြီး ၂ နေရာ ပူးတွဲတာဝန်ယူတာမျိုးတွေပါ။ အစိုးရသစ် စတင်ဖွဲ့စည်းပြီးနောက် အားနည်းချက်ရှိတဲ့ ဝန်ကြီးတွေလို့မပြောနိုင်ဘဲ ပိုကောင်းအောင် စွမ်းဆောင်နိုင်မယ့် ဝန်ကြီးတွေကို အစားထိုးလဲလှယ်မှုတွေ လုပ်ဆောင်ရတာမို့ တကယ်ပိုကောင်းလာမယ်ဆိုတာ အချိန်ပေးစောင့်ကြည့်နိုင်ပါတယ်။ ပန်ပရီးဟာ နိုင်ငံရေး လောကမှာ ကျေနပ်စရာ စွမ်းဆောင်နိုင်သူဖြစ်တဲ့အပြင် မိသားစုချင်းအရမ်းလည်း ခင်မင်ကြတယ်။ သားသမီး ချင်းတွေကလည်း တကယ့် သူငယ်ချင်းတွေပါ။ ဒါကြောင့် သူ့ဆုံးဖြတ်ချက်နဲ့ နုတ်ထွက်စာတင်သွားတာကို လေးစားပေးရမှာဖြစ်တယ်။ ဒုဝန်ကြီးချုပ်ရာထူးက ဖယ်ရှားပေးလိုက်ရမှုမှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှု လုံး၀မရှိပါဘူး။ ခင်မင်ဆဲဖြစ်ကြတယ်။ သူ့နေရာမှာ ဘုရင်မင်းမြတ်က တင်သွင်းထားတဲ့ ဒုဝန်ကြီးချုပ်သစ်ကို အတည်မပြုမချင်း တော့ ကျော်ပြီး ပြောဖို့ခက်ပါတယ်။ ပန်ပရီးကိုလည်း ဒီနေရာက တောင်းပန်ပါတယ်” လို့ ပြောကြားသွားပါတယ်။

အစိုးရဝန်ကြီးအဖွဲ့ဝင်သစ် ၆ ဦးကို နောက်ပိုင်း ဆက်လက်ကြေညာရာမှာတော့ ဖွေထိုင်းပါတီနဲ့မဟာမိတ် ပူးပေါင်းအဖွဲ့ထဲက ၄ ဦးနဲ့ တော်ဝင် မိသားစုထောက်ခံ စစ်ဘက်ဆိုင်ရာပါတီက ခေါင်းဆောင် ၂ ဦးသာ ရွေးချယ်ခံလိုက်ရပါတယ်။

အရေးပါတဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာကို ဒုတိယဝန်ကြီးချုပ်ရာထူးလည်း ရထားသူ ဖိချိုင်းချန်ဟာဗာရီယာက ရရှိသွားပြီး ဘဏ္ဍာရေးဒုဝန်ကြီးအဖြစ်ပါအိုပေါင် ရိုဂျနာဆက်ကယ်၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး အဖြစ် ဖိချစ်ချူအန်ဘန်းနဲ့ ဂျီရာပေါင်ဆင်သူပရိုင်တို့က ရရှိကာ အတာကွန်းက စိုက်ပျိုးရေးဒုဝန်ကြီး၊ ဆူချက်ချွန်ကလင်က စီးပွားကူးဝန်း ဒုဝန်ကြီးနေရာတွေရရှိသွားပါတယ်။

ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဆူရီယာဂျန်ဂရွန်ဂရူယန်းကစ်ဟာ ပန်ပရီးရဲ့ ဒုဝန်ကြီးချုပ်နေရာကိုပါ ဖိချိုင်ချန်ဟာဗာရီယာနဲ့ပူးတွဲ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

Ref: straitstimes
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

တရားမဝင် ကျောင်းဖွင့်လို့ မြန်မာအမျိုးသမီးအပါ နိုင်ငံခြားသားတွေကို ထိုင်းရဲ ဖမ်းဆီး

ထိုင်းနိုင်ငံ ပြည်ပခရီးသွားတွေအလာများတဲ့ ကို့ဖန်ဂန်ဒေသမှာ တရားမဝင်နေ့ ကလေးထိန်းကျောင်း ဖွင့်လှစ်မှု၊ မော်တော်ဘုတ်နောက်က ရေလွှာလျှောစီး ဘုတ်စီးသင်တန်းဖွင့်မှုတွေ လုပ်နေတဲ့ နေရာကို ထိုင်းပြည်ပခရီးသွား
အာစီယံဒေသတွင်း

ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု မြန်မာ ဒုတိယအများဆုံးဖြစ်လာ

ထိုင်းအစိုးရ အိမ်ရာဘဏ်စစ်ဆေးရေးမှူးချုပ် နဲ့ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC) ညွှန်ကြားရေးမှူး ဝီချိုင်းက ၂၀၂၄ ခုနှစ် ပထမ ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

နှစ်ပတ်အတွင်း ထိုင်းမှာ စိတ်ကြွဆေး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းမိ

ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနချုပ်မှာ မေ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ပတ်အတွင်း နိုင်ငံတစ်ဝန်း စိတ်ကြဆေး အလုံး သန်း ၄၀ နီးပါးနဲ့ Ice တစ်တန်ကျော် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝမ် ထောင်တွင်းအစာငတ်ခံဆန္ဒပြရင်း သေဆုံး

ထိုင်းနိုင်ငံက နာမည်ကြီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘန်တာလူဝန် ခေါ် နက်တီပွန်ဆာနီဆန်ခွန်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့ကတည်းက ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြခဲ့ရာက ၂၀၂၄ မေ ၁၄ ရက်နေ့မနက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အောက်တိုဘာကစပြီး အနည်းဆုံးတစ်နေ့လုပ်ခ ဘတ် ၄၀၀ ပေးဖို့ ထိုင်းအစိုးရ ထုတ်ပြန်

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက လာမယ့်အောက်တိုဘာလကစလို့ အလုပ်သမားတွေအတွက် တစ်နေ့ အနည်းဆုံးလုပ်ခ ဘတ် ၄၀၀ (၁၀ . ၈၄ ဒေါ်လာ) ပေးသွားမှာဖြစ်ကြောင်း မေ ၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မဏိပူရမှာ ၁၈ နှစ်အတွင်း မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေကြောင့် ရွာ ၉၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး ပဋိပက္ခ၊ တောပြုန်းမှုနဲ့ ဘိန်းစိုက်ခင်းတွေ တိုးတက်လာမှုတွေကြောင့် ကိုင်တွယ်ဖြေရှင်းရခက်ကြောင်း X (အရင် တွစ်တာ)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now