အာစီယံဒေသတွင်း

အာဆီယံရဲ့ မြန်မာ့အရေးထုတ်ပြန်ချက် ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ကန်ဝီး ပြင်းပြင်းထန်ထန် ဝေဖန်

မဲခေါင် 19 Apr - 2024
မြ၀တီမြို့အပါ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲ ပြီး ဆွေးနွေးအဖြေရှာဖို့တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ ဧပြီ

ဧပြီ ၁၈ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဖွဲ့က မြ၀တီမြို့အပါ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲ ပြီး ဆွေးနွေးအဖြေရှာဖို့တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်အပေါ် အာဆီယံအဖွဲ့အစည်းကြီးဟာ အကြမ်းဖက် ဗီလိန်ကို ဒရာမာရုပ်ရှင်ဆန်ဆန် သေပြီထင်ပြီး မသေပဲ ပြန်ပေါ်လာအောင် ကယ်တင်ပေးနေတဲ့အဖွဲ့ကြီးသာဖြစ်တယ်လို့ ကန်ဝီးဆူးအက်ဘ်ဆန်က ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ကန်ဝီးဆူးအက်ဘ်ဆန်ဟာ ထိုင်းအတိုက်အခံပါတီလည်းဖြစ် ဖိထာရဲ့ Move Forward ပါတီနဲ့ အရင်ဆုံး မဟာမိတ်ဖွဲ့ပြီး လက်ရှိထိုင်းကွန်ဆာဗေးတစ်ပါတီဝင်တွေကို အတိုက်အခံပြုတဲ့အမတ်အဖြစ် လွှတ်တော် အမတ်လုပ်နေတဲ့ Pentham Party ခေါ် Fair ပါတီခေါင်းဆောင်လည်း ဖြစ်ပါတယ်။

မြဝတီမြို့က စစ်ကောင်စီတပ်သား ၂၀၀ ခန့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး ခိုလှုံနေတုန်းကလည်း ကန်ဝီးဟာ မဲဆောင်ဘက်ကနေ ချစ်ကြည်ရေးတံတားပေါ် လာရောက်ကြည့်ခဲ့သူလည်း ဖြစ်ပါတယ်။

ကန်ဝီးက အာဆီယံ ဘုံသဘောတူ ညီချက် ၅ ရပ်ဟာ နှေးကွေးပေမယ့် မှန်ကန်တဲ့နည်းလမ်းဖြစ်တယ်လို့ အရင်က ကိုယ်တိုင်ယုံကြည်လက်ခံခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကနေကရင်ပြည်နယ် မြ၀တီမြို့၊ ရခိုင်ဒေသအပါ တစ်နိုင်ငံလုံးမှာ လမ်းပေါ် အလောင်းတွေ ပျံ့ကျဲနေတဲ့အထိ အကြမ်းဖက်မှုတွေရှိနေလို့ ပြည်သူတွေ ကယ်ပါယူပါတောင်းပန်နေရမှုအပေါ် မျက်ကွယ်ပြုနေ တာသာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

“နိုင်ငံတကာ အသိုင်းအဝိုင်းက ၂၀၂၁ ခုနှစ်ကတည်းက အာဏာသိမ်းပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအရေးအကြောင်း သိဖို့ အာဆီယံဆီက ထုတ်ပြန်ချက်တွေကို စောင့်နေကြတာ ဒီနေ့အထိပဲ။ အခု ဧပြီ လလယ်မှာ အာဆီယံက ထုတ်ပြန်လိုက်တဲ့ လွန်စွာစိုးရိမ်မိပါသည်ဆိုတဲ့ စာဟာ ခင်ဗျားတို့ထောက်ခံတဲ့အဖွဲ့ ကျဆုံးသွားမှာကို စိုးရိမ်တာမျိုးလို့ပဲ မြင်စရာရှိတယ်”

“ဒရာမာရုပ်ရှင်တွေထဲမှာလိုပဲ။ အားလုံး အသေအကြေ တိုက်ခိုက်ကြလို့ ပြီးသွားမှ ဟီရိုးလုပ်သူတွေ ထွက်လာတာမျိုး။ ဒရာမာဇာတ်ကားကိုဆက်ဖို့ သေဆုံးနေပြီးသား ဗီလိန်ကို ပြန်ကယ်တင် လိုက်တဲ့ ဇာတ်မျိုးတွေပဲ။ ကျွန်တော်လည်း အာဆီယံဆိုတာ ဒေသတွေပေါင်းစည်းထား တဲ့ အသိုင်းအဝိုင်းဖြစ်လို့ ထိုင်းကလည်း မြန်မာအရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါတာသိတယ်”

“အားလုံးက အာဆီယံ လုပ်ရပ်တွေဟာ နှေးတယ်လို့ ပြောကြတယ်။ နှေးတာမှ ဆိုက်ကားလိုကို နှေးတာ။ ကျွန်တော်ကိုယ်တိုင် လည်း နှေးပေမယ့် သေချာစေတဲ့ နည်းလမ်းလို့ ယုံခဲ့တယ်။ အခု ကောလဟလတွေကြားမှာ ကျွန်တော်ကိုယ်တိုင် ခုန်တက်ပြီးပြောရတော့မှာက အာဆီယံဟာ တကယ်ကို နှေးတာ၊ တကယ်ကို သေချာတာဆိုတဲ့အမြင်ပြောင်းလဲ သွားမှုပဲ။ အာဆီယံဒေသမှာ နိုင်ငံအစိုးရအချင်းချင်းပဲ စကားပြောတဲ့မူသုံးတယ်”

“အကုန်လုံးနီးပါးက ရှေးရိုးစွဲ ဖိနှိပ်ချုပ်ခြယ်မှုတွေနဲ့ပဲ အုပ်ချုပ်ကြတော့ တစ်ဖက်အစိုးရအဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ စကားပြောရမှာ ကြောက်ကြတယ်။ ဒိတ်အောက်နေတဲ့ သုံးပြည်ထောင် သံတမန်နည်းလမ်းကိုပဲ အကျိုးအချီးအနှီးဖြစ်နေတဲ့ အနေ အထားမှာ သုံးစွဲနေကြတုန်းပဲ။ “

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ နိုးထသင့်ပြီ။ အားလုံးက ဘယ်အဖွဲ့အစည်း ဘက်ကိုမှ ရှုံးချခြင်းမလုပ်သင့်ပေမယ့် လူတွေအများကြီးသတ်ခဲ့တဲ့သူတွေဟာ သူတို့အပြစ်အတွက် တာဝန်ယူကို ယူရပါလိမ့်မယ်။ မေ့ဖျောက်ပစ်၊ ဖုံးကွယ်ပစ်လို့ မရပါဘူး။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရက်က ၃ နှစ်ပြည့်လဲ ဘာမှမဖြစ်လာသေးတာကို အားစိုက် တိုက်တွန်းနေပါတယ်ဆိုတာ ထပ်ပြောဖို့ မလိုတော့ဘူး” လို့ ထိုင်း The Reporters မီဒီယာမှ ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားသွားပါတယ်။

Ref:The Reporters
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဆောက်ဖို့ ထိုင်းစီစဥ်

ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဘန်ကောက်လေဆိပ်ကနေ အန်နာကွန်ဒါ မြွေ ၁၀ ကောင် ခိုးသယ်လာသူ လေဆိပ်မှာ ဖမ်းမိ

ကမ်ပီဂေါ်ဒါ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက အဝါရောင် အန်နာကွန်ဒါ မြွေ ၁၀ ကောင်ကို ခရီးသွားအိတ်ထဲ ထည့်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ချင်းမိုင်ကွန်ဒိုတိုက်ခန်းကနေ ဘတ် ၇၆ သန်းဖိုး ဖောက်ထွင်းခိုးယူသူ တရားခံ ၂ ယောက် ထိုင်းရဲ ဖမ်းမိ

ချင်းမိုင်မြို့လယ်ကောင် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးရဲ့ ကွန်ဒိုတိုက်ခန်းကို ဖောက်ထွင်းပြီး ဘတ် ၇၆ သန်းဖိုး ခိုးယူခံလိုက်ရမှု တရားခံကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ရွှေတြိဂံဒေသက ကျားဖြန့်လုပ်ငန်းတွေမှာသုံးမယ့် ဖုန်းဆင်းကတ် ၅ထောင်နီးပါးနဲ့ ဖုန်းအလုံး ၃၅၀ နီးပါးကို မဲခေါင်မြစ်ကမ်းဘေးမှာ ထိုင်းရဲဖမ်းမိ

ရွှေတြိဂံဒေသတွင်းပါဝင်တဲ့ ထိုင်းနိုင်ငံ၊ ချင်းရိုင်နယ်၊ ချိုင်ဆန်းအရပ်က မဲခေါင်းမြစ်ဘေး သစ်ပင်အောက်မှာ မသင်္ကာဖွယ်ရာ စက္ကူပုံးတွေ၊ ပလတ်စတစ် ပုံးတွေကို အကောက်ခွန်အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အမျိုးသား ရဲတပ်ဖွဲ့ဗျူရိုအဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာမှာ ကျားဖြန့်လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းပေါင်းများစွာကို ဧပြီ ၁၂ ရက်နေ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now