အာရှသတင်း

မြန်မာဘက်မှာ အားလုံးအပစ်အခတ် ရပ်စဲဖို့ တရုတ်တိုက်တွန်း

မဲခေါင် 29 Nov - 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နေ့စဉ် သတင်းစာ PLA Daily မှာ နိုဝင်ဘာ ၂၆ ရက် တနင်္ဂနွေနေက တရုတ်အစိုးရအာဘော်အဖြစ် မြန်မာနိုင်ငံတစ်ဝန်း ပတ်သက်သူအားလုံး အပစ်အခတ်ရပ်စဲတာကို အလိုရှိကြောင်း တိုက်တွန်းတဲ့ အာဘော်ရေးသားဖော်ပြခဲ့ပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၉

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နေ့စဉ် သတင်းစာ PLA Daily မှာ နိုဝင်ဘာ ၂၆ ရက် တနင်္ဂနွေနေက တရုတ်အစိုးရအာဘော်အဖြစ် မြန်မာနိုင်ငံတစ်ဝန်း ပတ်သက်သူအားလုံး အပစ်အခတ်ရပ်စဲတာကို အလိုရှိကြောင်း တိုက်တွန်းတဲ့ အာဘော်ရေးသားဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်လအတွင်း တရုတ်-မြန်မာနယ်စပ်ဒေသတစ်လျှောက် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီ စခန်းပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မူဆယ်ခရိုင်မှာရှိတဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် ၅ ခုထဲက ၄ ခုမြောက် သိမ်းယူနိုင်မှုအဖြစ် မုန်းကိုး က ကျင်ဆန်းကွက် ဂိတ်ကိုပါ နိုဝင်ဘာ ၂၆ ရက်နေ့မှာ သိမ်းပိုက်အောင်နိုင်ခဲ့ပါတယ်။

ဒီဂိတ်ဟာ စက်မှုလယ်ယာစက်တွေ၊ လျှပ်စစ်အပိုပစ္စည်းတွေ၊ စိုက်ပျိုးရေး အသုံးအဆောင်ပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းတွေနဲ့ တရုတ်စိုက်ပျိုးရေးထုတ်ကုန်တွေကို မြန်မာနိုင်ငံထဲ အဓိကတင်ပို့တဲ့ ဂိတ်ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ မဟာမိတ်ဖြစ်တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်အပါအဝင် ရှမ်းမြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်က ပြည်သူတွေထောင်ပေါင်းများစွာ စစ်ဘေးရှောင်တွေအဖြစ် ဒုက္ခရောက်နေရပြီး တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းတွေအားလုံးနီးပါး ရပ်တန့်နေရလို့ နေပြည်တော် အခြေစိုက် စစ်ကောင်စီအပေါ် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ဖိအားတွေ ရှိနေပါတယ်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ တင်ပို့တဲ့ ကုန်ပစ္စည်းမျိုးစုံပါ ကုန်ကား ၂၅၈ စီအနက် အစီး ၁၂၀ မီးလောင်ပျက်ဆီးခဲ့ရမှုကို စစ်ကောင်စီ ဘက်က ရန်သူတွေလက်ချက်လို့ စွပ်စွဲထားပြီး MNDAA ပြောရေးဆိုခွင့်ရှိသူကတော့ စစ်ကောင်စီဘက်ကသာ လုပ်ခဲ့တာလို့ ပြန်လည် ရှင်းလင်းထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဘက်မှာ တည်ငြိမ်အေးချမ်းရေးကို လိုလား တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေရော စစ်ကောင်စီပါ စကားဝိုင်းထိုင်ဆွေးနွေးခြင်းနဲ့အဖြေရှာပြီး အပစ်အခတ်ရပ်စဲသင့်တယ်လို့ သတင်းစာ အယ်ဒီတာအာဘော်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

လောက်ကိုင်မြို့အနီးတရုတ်ထဲ ဝင်ပြေးဖို့ရောက်လာတဲ့ စစ်ရှောင်တွေကို တရုတ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ပစ်ပြီးတားဆီးဖို့ ကြိုးစားတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာနေခြင်းနဲ့ တရုတ်စစ်အင်အားတိုးမြှင့်ချထား ပြီး မြန်မာနယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုလုပ်နေရခြင်းက အရေးပေါ်အခြေအနေကြုံလာရင် တပ်ရွှေ့လျှားနိုင်မှုကို စမ်းသပ်ဖို့၊ နယ်ခြားထိန်းချုပ်နိုင်ရေးစွမ်းရည်၊ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းစွမ်းရည်တွေကို စမ်းသပ်ပြင်ဆင်တဲ့ ရည်ရွယ်ချက်နဲ့ ဖော်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီထောက်ခံသူတွေဟာ တရုတ် သံရုံးရှေ့ နဲ့ မြို့တော်ခန်းမရှေ့သွားပြီး မြန်မာ့အရေးဝင်စွက်ဖက်မှုမလုပ်ဖို့ တရုတ်ကို ဆန့်ကျင်ဆန္ဒပြမှုတွေ လုပ်နေခြင်းဟာ မှားယွင်းတဲ့ အယူအဆဖြစ်လို့ တရုတ်ဆန့်ကျင်ရေးတွေကို မလုပ်သင့်ကြောင်းPLA Daily သတင်းစာက ဖော်ပြခဲ့တယ်လို့ VOA က ဖော်ပြသွား ပါတယ်။

Ref:VOA
MKF-001

#MeKongNews

#စစ်ကောင်စီ

#တရုတ်

#လောက်ကိုင်

#စစ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now