အာရှသတင်း

မူဆယ်ကုန်ကားတွေ တိုက်ခိုက်ခံရပြီးနောက် မြန်မာနယ်စပ်မှာ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုစလုပ်

မဲခေါင် 25 Nov - 2023
အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံတွေကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေပါ ကုန်ကား အစီး ၁၂၀ မူဆယ်မှာ မီးလောင်ပျက်ဆီးခဲ့ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်သည်တွေဟာ မြန်မာနယ်စပ်မှာ နိုဝင်ဘာ ၂၅ ရက်ကစလို့ စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပါတယ်။

မြောက်ပိုင်းက တရုတ်နိုင်ငံသားတွေ အမြန်ရှောင်တိမ်းဖို့ တရုတ်သံရုံး သတိပေး

မဲခေါင်၊ နိုဝင်ဘာ ၂၅

အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံတွေကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေပါ ကုန်ကား အစီး ၁၂၀ မူဆယ်မှာ မီးလောင်ပျက်ဆီးခဲ့ပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်သည်တွေဟာ မြန်မာနယ်စပ်မှာ နိုဝင်ဘာ ၂၅ ရက်ကစလို့ စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးကလည်း လောက်ကိုင်၊ ကိုးကန့်ဒေသတွေပါတဲ့ မြန်မာပြည်မြောက်ပိုင်းကနေ တရုတ်နိုင်ငံသားတွေ အမြန်ဆုံး ရှောင်တိမ်း ဖို့ သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကုန်ကားတွေ မီးလောင်ပျက်ဆီးရတာဟာ စစ်ကောင်စီဘက်က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ ဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပေမယ့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းတွေနဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်မီဒီယာ CGTN က နိုဝင်ဘာ ၂၄ ရက်နေ့မှာပဲ မြန်မာပြည်မြောက်ပိုင်းက တရုတ်နိုင်ငံသားတွေ အမြန်ဆုံး ရှောင်တိမ်းထွက်ခွာဖို့ သတိပေးချက် ထုတ်ပြန်အပြီး နိုဝင်ဘာ ၂၅ ရက်နေ့မှာပဲ တရုတ်ပြည်သူလွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၅ ခုထဲက တစ်ခုဖြစ်တဲ့ Southern Theatre Command က WeChat ကနေ လျှင်မြန်စွာ တိမ်းရှောင်မှု၊ နယ်နိမိတ်တံဆိပ်ခတ်ခြင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုစွမ်းရည်တွေကို စမ်းသပ်လေ့ကျင့်မှုတွေ မြန်မာ နယ်စပ်တစ်လျှောက် စတင်ပြုလုပ်ပြီလို့ ထုတ်ပြန်သွားတာဖြစ်ပါတယ်။

လူမှုကွန်ရက် WeChat ကနေ ထုတ်ပြန်တာဖြစ်ပေမယ့် ချိန်သားကိုက်မှု၊ ရက်ချိန်းနဲ့ စစ်သည်အင်အား ဘယ် လောက်ပါဝင် စစ်ရေးလေ့ကျင့်မယ်ဆိုတာကိုတော့ အတိအကျထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ Thestraittimes ရဲ့ ဖော်ပြမှုမှာ မြန်မာစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မြောက်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းဒေသတွေမှာ အကြီးမားဆုံး တွန်းလှန်မှုအဖြစ် မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် နယ်မြေ ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေပြီး စစ်စခန်းများစွာ သိမ်းပိုက်ခံနေရကြောင်း ဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း မြန်မာပြည်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ပြည်သူ ၂ သန်းကျော် ထပ်တိုးလာ တယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref: straitstimes
MKF-001

#MeKongNews

#တရုတ်

#မူဆယ်

#တိုက်ခိုက်

#စစ်ရေး

#လေ့ကျင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now