အာရှသတင်း

နေအိမ်စီးနင်းခံရတဲ့ ထိုင်းဒုရဲချုပ်က အချက်အလက်တွေ ဖွင့်ချရင် ရဲတစ်ယောက်မှ လွတ်မှာမဟုတ်ဘူးလို့ ပြော

မဲခေါင် 28 Sep - 2023
ထိုင်းနိုင်ငံ ဒုရဲချုပ် ၄ ယောက်ထဲက ကနဦး ရဲချုပ်ဖြစ်ဖို့ တစ်ပြေးနေခဲ့တဲ့ ဆူရာချာတီ (ချစ်စနိုးအမည် Big Joke) က သူ့မှာ သတင်းအချက်အလက်တွေ အခိုင်အမာရှိကြောင်းနဲ့ ဒါတွေကိုသာ ဖွင့်ချခဲ့ရင် ထိုင်းအမျိုး သားရဲတပ်ဖွဲ့တစ်ခုလုံးတစ်ယောက်မှ အပြစ်လွတ်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၈

ထိုင်းနိုင်ငံ ဒုရဲချုပ် ၄ ယောက်ထဲက ကနဦး ရဲချုပ်ဖြစ်ဖို့ တစ်ပြေးနေခဲ့တဲ့ ဆူရာချာတီ (ချစ်စနိုးအမည် Big Joke) က သူ့မှာ သတင်းအချက်အလက်တွေ အခိုင်အမာရှိကြောင်းနဲ့ ဒါတွေကိုသာ ဖွင့်ချခဲ့ရင် ထိုင်းအမျိုးသားရဲတပ်ဖွဲ့တစ်ခုလုံးတစ်ယောက်မှ အပြစ်လွတ်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

ဆူရာချာတီရဲ့ ဘန်ကောက်နေအိမ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဝန်ကြီးချုပ်စေခိုင်းမှုအရ ဝရမ်းနဲ့စီးနင်းရှာဖွေခွင့်ပြုပြီး ဝင်ရောက်စီးနင်းခဲ့ရာမှာ တပည့် ရဲအရာရှိ ၈ ဦးဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းခံနေရလို့ ဒေါသထွက်နေဖွယ်ရှိသလို စက်တင်ဘာ ၂၇ ရက်နေ့က ရဲချုပ်ရွေးချယ်ပွဲမှာ တစ်ပြေးနေခဲ့တဲ့ သူမဟုတ်ဘဲ ဒုတိယရဲမင်းကြီးချုပ် တော်ဆက်ခ်ဆက်ခ်ဗီမိုကို ၁၀ မဲ ၁ မဲနဲ့ ရွေးချယ်တင်မြှောက်လိုက်တာကြောင့် ပိုပြီး ပေါက်ကွဲသွားဖွယ်ရှိပါတယ်။

ဒီဖြစ်စဉ်တွေအပြီး ဆူရာချာတီက “ကျုပ်မှာ သတင်းအချက်အလက်တွေ၊ သက်သေတွေမှ အများကြီး။ ဒါတွေသာ ထုတ်ဖော်လိုက်ရင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့တစ်ခုလုံးက တစ်ယောက်မကျန် ပြဿနာတွေ တက်ကုန် မယ်။ ဒါပေမဲ့ ကျုပ်လက်စားမချေချင်ပါဘူး။ ကျုပ်က ဒါတွေမဖွင့်ချချင်တာ ကိုယ့်ရဲတပ်ဖွဲ့တစ်ခုလုံးကို ဆက်ပြီး ကာကွယ်ပေးနေချင်တုန်းပဲမို့ပါ” လို့ Channel 9 ရုပ်သံမှာ ပြောကြားသွားတာဖြစ်ပါတယ်။

ဆူရာချာတီရဲ့ ဘန်ကောက်နေအိမ်ဝန်းထဲမှာ ရှိတဲ့ အိမ် ၅ လုံးမှာ ၂ လုံးက သူ့တပည့်ရဲအရာရှိတွေနေထိုင်ပြီး ကျန် ၃ လုံးက အွန်လိုင်းလောင်းကစားမှုနဲ့ ဖမ်းခံရတဲ့သူတွေနေဖို့ ငှားရမ်းထားတာဖြစ်ကြောင်း၊ သူ့တပည့်တွေကို ယုံကြည်ပေမယ့် အပြစ်ရှိခဲ့ရင်တော့ မတတ်နိုင်ကြောင်း၊ သူကတော့ နေအိမ်ထဲ စစ်ဆေးခံခဲ့ရမှာ ဘာပြစ်မှုမှ ကျူးလွန်ထားတာမတွေ့ရှိလို့ အပြစ်ကင်းပြီး နိုင်ငံရေးအရှုပ်အထွေးမှာ သိက္ခာကျစေဖို့ လုပ်ခံရတာပဲလို့လည်း ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

Ref: bangkokpost
MKF-001

#MeKongNews

#ဒုရဲချုပ်

#ဆူရာချာတီ

#ထိုင်းရဲ

#ရဲချုပ်

#အချက်အလက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now