အာရှသတင်း

ထိုင်းဆုန်ကရန်သင်္ကြန်ပွဲကို ယူနက်စ်ကို ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်၊ လာမယ့် သင်္ကြန် ၁ လလုံး ကျင်းပမယ်

မဲခေါင် 6 Dec - 2023
ယူနက်စ်ကိုက ထိုင်းနိုင်ငံရဲ့ သင်္ကြန်ပွဲတော်ကို မမြင်နိုင်တဲ့ ရှေးဟောင်းအမွေ အနှစ်အဖြစ် သတ်မှတ်ကြောင်း ဒီနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းမှာ အတည်ပြုကြေညာသွားပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၆

ယူနက်စ်ကိုက ထိုင်းနိုင်ငံရဲ့ သင်္ကြန်ပွဲတော်ကို မမြင်နိုင်တဲ့ ရှေးဟောင်းအမွေ အနှစ်အဖြစ် သတ်မှတ်ကြောင်း ဒီနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းမှာ အတည်ပြုကြေညာသွားပါတယ်။

ထိုင်းနိုင်ငံသင်္ကြန် ဆုန်ကရန်ဟာ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ထိုင်းရှေးဟောင်း ရိုးရာအမွေအနှစ်တွေကိုပေါင်းစပ် ကျင်းပတာဖြစ်ပြီး အခုလို ယူနက်စ်ကို အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ်ဖြစ်လာတာကြောင့် ဒီဇင်ဘာ ၇ ရက်နေ့မှာ ဘန်ကောက်မြို့ထဲ ဂုဏ်ယူဖွယ် အခမ်းအနားပွဲလမ်းတွေကျင်းပသွားမယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ နှစ်ကူးသင်္ကြန်ဆုန်ကရန်ပွဲတော်ကို ရိုးရာအားဖြင့် ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပလေ့ရှိပြီး အညစ်အကြေးသန့်စင်ခြင်း၊ ဆေးကြောခြင်းနိမိတ်ပုံအရ ကျင်းပတာဖြစ်ပါတယ်။

ထိုင်းရိုးရာအစားအစာတွေ လှူဒါန်းမှု၊ ဂီတပွဲတော်တွေနဲ့ ပျော်ရွှင်စွာနွှဲပျော်မှုတွေအပြင် သက်ကြီးရွယ်အိုတွေကို လေးစားသမှု ကန်တော့ခြင်း၊ ဘုန်းတော်ကြီးတွေကို လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်ခြင်းတွေ လုပ်ကြပါတယ်။

ရှေးဟောင်း ဟိန္ဒူယာဉ်ကျေးမှုမှာတော့ ဆုန်ကရန်သင်္ကြန်ပွဲဆိုတာ ရိတ်သိမ်းရာသီနဲ့နှစ်ကူးချိန်မှာ ကျင်းပကြတာဖြစ်ပြီး ၁၁ ရာစုမှာ အခု ထိုင်းနိုင်ငံပိုင်အစိတ်အပိုင်းတွေထဲပါတဲ့ ခမာအင်ပါယာမှာ မွေးစားပြီး ကျင်းပရင်းက ရိုးရာ အမွေအနှစ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ထိုင်းပြက္ခဒိန်မှာ ၅ လပိုင်း ပထမလဆန်းနေ့ကို နှစ်သစ်အဖြစ် သတ်မှတ်ပြီး ဒီရက်ဟာ ပုံမှန်အားဖြင့် ဧပြီ ၁၃ ရက်နေ့ဖြစ်ကြောင်း၊ အခု ယူနက်စ်ကိုရဲ့ ရှေးဟောင်းအမွေအနှစ် အဖြစ်သတ်မှတ်ခံရလို့ ၂၀၂၄ ထိုင်းဆုန်ကရန်သင်္ကြန်ပွဲကို ဧပြီ တစ်လလုံးကျင်းပသွားမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Ref: nationthailand
MKF-001

#MeKongNews

#ဆုန်ကရန်

#ထိုင်းသင်္ကြန်

#ယူနက်စကို

#ကျင်းပ

#တစ်လလုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now