အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင် 31 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရတဲ့ ရဲအရာရှိ ၇ ဦးကို ရာထူးကရပ်စဲပြီး အပြစ်ပေါ်လွင်ခဲ့ရင် ရာဇဝတ်မှုနဲ့ပါအရေးယူသွားမယ်လို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၁

ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရတဲ့ ရဲအရာရှိ ၇ ဦးကို ရာထူးကရပ်စဲပြီး အပြစ်ပေါ်လွင်ခဲ့ရင် ရာဇဝတ်မှုနဲ့ပါအရေးယူသွားမယ်လို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

အသက် ၃၂ နှစ်ရှိ ထိုင်ဝမ်နာမည်ကြီးမင်းသမီး ချာလီနီအန်ကို ဇန်နဝါရီ ၄ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီမှာ ဘန်ကောက် ဟွေ့ခွမ်စစ်ဆေးရေးဂိတ်ဖြတ်လာစဉ် တာဝန်ကျရဲ ၇ ဦးက အရက်အလွန်အကျူးသောက်လာတယ်ဆိုပြီး ဦးစွဲစွပ်စွဲကာ ငွေကြေးတောင်းခံတာ ဖြစ်ပါတယ်။

Grab ကားပေါ်မှာ သူငယ်ချင်းတွေနဲ့အတူလာတဲ့ ချာလီနီအန်က အရက်မသောက်ထားကြောင်း ငြင်းဆိုတော့ ဗီဇာသက်တမ်းကုန်နေပြီလို့အကြောင်းပြပြီး ရဲစခန်းကိုခေါ်ကာ ၂ နာရီကြာ မဟုတ်တမ်းတရားတွေစွပ်စွဲပြီး ဘတ်ငွေ ၂၇၀၀၀ ကို ခြိမ်းခြောက်ရယူခဲ့တယ်လို့ မင်းသမီးက သူ့အင်စတာဂရမ်မှာ ဒီဖြစ်စဉ်ကို ဗီဒီယိုနဲ့တကွ တင်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းရဲတွေကို ဆဲရေးပြီး နောက်ဘန်ကောက်ကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ရေးတင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အကျပ်ကိုင်တဲ့ရဲတွေက ချာလဇီနီအန်ရဲ့ အင်စတာဂရမ်က ပို့စ်တွေ၊ ဗီဒီယိုတွေကို ပြန်ဖျက်ဖို့ ခြိမ်းခြောက်ခဲ့သလို Grab တက္ကဆီသမား အသက် ၄၀ အရွယ် ဗစ်ချာရတ် ဆိုသူကိုလည်း မင်းသမီးနဲ့အဖွဲ့ဟာ အရက်အမူးလွန်နေတာဖြစ်ကြောင်း လိမ်လည်ထွက်ဆို မှတ်တမ်းယူခဲ့ပါတယ်။

ဒါကြောင့် ဘန်ကောက်မြို့တော်ရဲဗျူရိုကို ဒီအမှုကိုင်တွယ်စစ်ဆေးဖို့ ထိုင်း စသုံးလုံး အကြီးအကဲ ကစ်တီပရာပက်စ်က အမိန့်ပေးခဲ့ပြီး အဲဒီနောက်မှာ ရဲ ၇ ယောက်ကို တာဝန်ရပ်စဲကာ ပြစ်မှုကျူးလွန်ခဲ့ရင် ရဲအရာရှိမကလို့ ဘယ်သူပဲဖြစ်ဖြစ် ရာဇဝတ်မှုနဲ့ အရေးယူခံရမယ်လို့ စာထုတ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်သွားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၂၂ ခုနှစ်က နိုင်ငံခြားခရီးသွား စံချိန်တင် ၁၂ သန်းဝန်းကျင်ရှိခဲ့ပြီး ဒီလုပ်ငန်းကနေ နိုင်ငံဝင်ငွေ များစွာရရှိစေဖို့ ဆက်လက်စီမံကိန်းရေးဆွဲလုပ်ဆောင်နေရာမှာ နာမည်ကြီးမင်းသမီးတစ်ဦးအပေါ် အကျပ်ကိုင် ငွေညှစ်ခဲ့တဲ့ ရဲတွေကြောင့် နိုင်ငံခရီးသွားလုပ်ငန်းပုံရိပ် ထိခိုက်ပျက်စီးရသလို ထိုင်းရဲတပ်ဖွဲ့ရဲ့ အကျင့်ပျက်ခြစားမှုတွေဟာလည်း ကမ္ဘာသိဖြစ်သွားခဲ့လို့ သိက္ခာ အထူးကျဆင်းခဲ့ရပါတယ်လို့ ထိုင်းမီဒီယာတွေက ဆိုပါတယ်။

MKF – 001

# MeKongNews

Ref:Khaosod

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ကိုစွဲဆိုထားတဲ့အမှု ထိုင်းတရားရုံးချုပ် ပယ်ဖျက်

ယင်းလတ်ရှင်နာဝပ်တရာကို ဝန်ကြီးချုပ်ဖြစ်စဉ် အစိုးရပိုင်ငွေ မတော် မလျှော်လွှဲပြောင်းပေးအပ်မှုနဲ့ တရားစွဲဆိုထားမှုကို ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း မတ် ၄ ရက်နေ့က ထိုင်း တရားရုံးချုပ် အတည်ပြုထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now