အာစီယံဒေသတွင်း

ထိုင်းမှာ အွန်လိုင်းမှလိမ်လည် ဈေးရောင်းချမှု ၃ လအတွင်း ဘတ် ၁ ဘီလီယံကျော်ရှိ

မဲခေါင် 10 Apr - 2024
အွန်လိုင်းလိမ်လည် ပစ္စည်းရောင်းချရေးလုပ်ငန်းတွေက အဆိုးရွားဆုံးဖြစ်နေသေးပြီး ၂၀၂၄ ပထမ ၃ လပတ်အတွင်းမှာပဲ နိုင်ငံတစ်ဝန်း လိမ်လည်ခံရမှုတန်ကြေး ဘတ် ၁ .၀၂ ဘီလီယံရှိခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ ဧပြီ ၉

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပေါင်းစုံထဲမှာ အွန်လိုင်းလိမ်လည် ပစ္စည်းရောင်းချရေးလုပ်ငန်းတွေက အဆိုးရွားဆုံးဖြစ်နေသေးပြီး ၂၀၂၄ ပထမ ၃ လပတ်အတွင်းမှာပဲ နိုင်ငံတစ်ဝန်း လိမ်လည်ခံရမှုတန်ကြေး ဘတ် ၁ .၀၂ ဘီလီယံရှိခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

စားသုံးသူအပေါ် လိမ်လည်မှု (Consumer fraud) ဆိုတာ အွန်လိုင်းကနေ ပစ္စည်းပေါင်းစုံကို လိမ်လည်ရောင်းချ ခြင်းကနေ ပစ္စည်းမှာအပြီး ငွေယူကာ မပို့ပေးတဲ့ ဖြစ်စဉ်တွေကို ရည်ရွယ်တာဖြစ်ပါတယ်။ ထိုင်းအစိုးရအဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ကိုရွမ်ပိုပေါ့ကလန်က ပထမ ၃ လပတ်အတွင်း အွန်လိုင်းလိမ်လည်မှု ပေါင်းစုံကနေ လိမ်လည်မှုပေါင်း ၂၆၅၀၇ မှုဖြစ်ပွားခဲ့ကြောင်း၊ စုစုပေါင်း လိမ်လည်ခံရတဲ့ ငွေကြေးက ဘတ် ၄ . ၆၅ ဘီလီယံရှိပြီး တစ်ရက်မှာ ဘတ် ၁၄၉ သန်းနှုန်းရှိခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေထဲမှာ ပေါ်ပျူလာဖြစ်တဲ့ လိမ်လည်မှုတစ်ခုက အပိုဝင်ငွေရစေဖို့ ငွေကြေးလိမ်လည် ရင်းနှီးမြှုပ်နှံခိုင်တာဖြစ်ကာ ဒီလုပ်ငန်းကနေ ၃ လအတွင်း ဘတ် ၄၆၆ သန်း ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိမ်လည်မှု ပြီးရင် မူလသတ်မှတ်အတိုးနှုန်းထက် ပိုများလွန်းတဲ့ ငွေချေးလုပ်ငန်းတွေကနေ ဆုံးရှုံးမှု ဘတ် ၁၁၂ သန်း၊ ဒစ်ဂျစ်တယ်ကုန်ပစ္စည်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စွဲဆောင်မှုတွေကနေ ဘတ် ၁ . ၁ ဘီလီယံ၊ ကျားဖြန့် လုပ်ငန်းတွေကနေ ဆုံးရှုံးမှု ဘတ် ၂၉၈ သန်း ရှိခဲ့ပါတယ်။

ဒါကြောင့် မသင်္ကာဖွယ်ရာ အွန်လိုင်းငွေလိမ်မှုပတ်သက်တဲ့ ဘဏ်အကောင့် ၂၈၂၃၃ ခုကို မတ်လအတွင်း ပိတ်ပင် ခဲ့ပြီး ဒီဒုစရိုက်လုပ်ငန်းကနေ ဖမ်းဆီးသိမ်းယူမှုအဖြစ် ငွေသား ဘတ် ၅၈၈ သန်းနဲ့ စုစုပေါင်း ပစ္စည်းသိမ်းမှုအပါ ဘတ် ၁ ဘီလီယံဝန်းကျင်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Ref:Bangkokpost
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းမှာ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ် ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းအနီး မွန်စီရင်စုမှာ လက်နက်ခဲယမ်းအမြောက် အများသိုလှောင်ထားရှိမှုကို အာသံရိုင်ဖယ်တပ်က ဧပြီ ၂၉ ရက်မှာ သတင်းအရ ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားခဲ့တယ်လို့
အာစီယံဒေသတွင်း

ဒုဝန်ကြီးချုပ် နုတ်ထွက်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်စကားဆို

န်ကြီးနေရာ ၆ ခုကို ဖွေထိုင်းမဟာမိတ်အဖွဲ့က ၄ ယောက်၊ တော်ဝင်မျိုးရိုးထောက်ခံပါတီဝင် ၂ ယောက်ပဲရ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဆောက်ဖို့ ထိုင်းစီစဥ်

ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဘန်ကောက်လေဆိပ်ကနေ အန်နာကွန်ဒါ မြွေ ၁၀ ကောင် ခိုးသယ်လာသူ လေဆိပ်မှာ ဖမ်းမိ

ကမ်ပီဂေါ်ဒါ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက အဝါရောင် အန်နာကွန်ဒါ မြွေ ၁၀ ကောင်ကို ခရီးသွားအိတ်ထဲ ထည့်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ချင်းမိုင်ကွန်ဒိုတိုက်ခန်းကနေ ဘတ် ၇၆ သန်းဖိုး ဖောက်ထွင်းခိုးယူသူ တရားခံ ၂ ယောက် ထိုင်းရဲ ဖမ်းမိ

ချင်းမိုင်မြို့လယ်ကောင် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးရဲ့ ကွန်ဒိုတိုက်ခန်းကို ဖောက်ထွင်းပြီး ဘတ် ၇၆ သန်းဖိုး ခိုးယူခံလိုက်ရမှု တရားခံကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အာဆီယံရဲ့ မြန်မာ့အရေးထုတ်ပြန်ချက် ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ကန်ဝီး ပြင်းပြင်းထန်ထန် ဝေဖန်

မြ၀တီမြို့အပါ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲ ပြီး ဆွေးနွေးအဖြေရှာဖို့တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now