ဒီထိပ်သီးဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီ တက်ရောက်ခွင့်ရ၊ မရ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
နိုင်ငံကို သာမက ဒေသတွင်း တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေတဲ့ ဒီအကျပ်အတည်းအတွက် အဖြေရဖို့နဲ့ အမှန်တကယ် တွန်းအားပေးဖို့ အင်ဒိုနီးရှားကို ကျွန်တော်တို့ အားကိုးတယ်။ ဒါမှလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်မှာပါ
လို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans က ပြောပါတယ်။
မြန်မာ့အရေး အဖြေရှာဖို့ အာဆီယံကို အပြည့်အ၀ ပံ့ပိုးပေးမယ်လို့ ဥရောသမဂ္ဂက ပြောထားပါတယ်။
မြန်မာအရေး ဖြေရှင်းဖို့ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌသစ် အင်ဒိုနီးရှားနိုင်ငံ အပေါ် အများကြီး မျှော်လင့်ထားတယ်လို့ အာဆီယံဆိုင်ရာ အီးယူ သံအမတ်က ပြောထားပါတယ်။