မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ထိုင်းနိုင်ငံ တရားရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာပဲ ဖမ်းဆီးထားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အာမခံလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့တာကြောင့် သက်ဆင်ဟာ ဒီသီတင်းပတ်ကုန်မှာ လွတ်မြောက်လာနိုင်တော့မယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ သက်ဆင်ထောက်ခံသူတွေများပြားခဲ့ပေမယ့် ရှေးရိုးစွဲဝါဒီကို လက်ကိုင်ထားတဲ့ ကွန်ဆာဗေးတစ် တွေကြား မပြေလည်မှုတွေကြောင့် စစ်အာဏာသိမ်းမှု ၂ ကြိမ်ရှိခဲ့တဲ့အတွက် သက်ဆင်ရဲ့ ဖွေထိုင်းပါတီ ထောက်ခံ သူတွေနဲ့ ကွန်ဆာဗေးတစ်တွေအကြား ရင်ကြားစေ့ဖို့ရည်ရွယ်ချက်နဲ့ သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ တာဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။
ဆယ်စုနှစ်တစ်စုကျော်ကြား ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့သက်ဆင်ဟာ မနှစ်က ပြည်တော်ပြန်ဝင်လာ ခဲ့ပြီးနောက် အာဏာရခဲ့စဉ် အကျင့်ပျက်ခြစားခြင်း၊ အာဏာအလွဲသုံးစာလုပ်ခြင်းတွေနဲ့ ထောင်ဒဏ်ကို ချက်ချင်း ကျခံခဲ့ရပါတယ်။
ဒါပေမဲ့ မဲအနိုင်ရ Move Forward ပါတီ ခေါင်းဆောင် ဖိထာကို ဝန်ကြီးချုပ်မဖြစ်စေဖို့ စစ်တပ်ခန့်ကွန်ဆာဗေးတစ် အထက်လွှတ်တော်အမတ်တွေက မဲမပေးတဲ့အတွက် ဒုတိယမဲအများဆုံးရ သက်ဆင်သမီးရဲ့ ဖွေထိုင်းပါတီက အစိုးရဖွဲ့ပြီး ဝန်ကြီးချုပ် တင်မြှောက်ခွင့်ရပြီးနောက် ထောင်ဒဏ်ကို လျော့ပေါ့ပေးတဲ့ အပြင် ဘန်ကောက်က ရဲတပ်ဖွဲ့ဆေးရုံကြီးပေါ် ချက်ချင်းပြောင်းထားပြီး ခွဲစိတ်ကုသမှု ၂ ကြိမ်လုပ်ခဲ့ရတယ်ဆိုပြီး ဒီနေ့အထိ ထားရှိခဲ့ပါတယ်။
ထိုင်းတရားရေးဝန်ကြီး တာဝီဆော့ဒ်ဆောင်းက သက်ဆင်ဟာ သာမန်ထောင်သားတွေ ခံစားခွင့်ရှိတဲ့ အသက် ၇၀ အထက် အကျဉ်းသားဖြစ်လို့ စောလွှတ်ပေးဖို့ ဘောင်ဝင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန် ပြောဆိုသွားပါတယ်။
MKF-001
#MeKongNews
#သက်ဆင်
#လွတ်ငြိမ်း
#ရင်ကြားစေ့