အာစီယံဒေသတွင်း

အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ကွန်ရက်မှာ ပါဝင်နေတဲ့ ထိုင်းရဲချုပ်နဲ့ဒုရဲချုပ်ကို ရာထူးက ရပ်ဆိုင်း

မဲခေါင် 21 Mar - 2024
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲချုပ် တော်ဆက်ခ်ဆက်ဝီမွန်နဲ့ ဒုရဲချုပ် ဆူရာချတ်ဟက်ပန်းတို့နောက်ကွယ်က ပါဝင်ပတ်သက်နေတဲ့ သံသယတွေရှိတာကြောင့် ဝန်ကြီးချုပ် ဆရတ်သာသာဗီဆင်းကိုယ်တိုင်က ရာထူးကနေ ယာယီရပ်ဆိုင်းကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ မတ် ၂၁

မတ် ၁၉ ရက်နေ့က ထိုင်းနိုင်ငံ နွန်သာဘူရီခရိုင် ဘန်ရိုင်းခရိုင်ခွဲက ဂိုထောင်တစ်ခုထဲမှာ တရားမဝင် လောင်းကစားခန်းမ လုပ်ထားမှုကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအထူးတပ်ဖွဲ့က ဝင်ရောက်စီးနင်ခဲ့ရာမှာ ဒီအမှုတွဲထဲ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲချုပ် တော်ဆက်ခ်ဆက်ဝီမွန်နဲ့ ဒုရဲချုပ် ဆူရာချတ်ဟက်ပန်းတို့နောက်ကွယ်က ပါဝင်ပတ်သက်နေတဲ့ သံသယတွေရှိတာကြောင့် ဝန်ကြီးချုပ် ဆရတ်သာသာဗီဆင်းကိုယ်တိုင်က ရာထူးကနေ ယာယီရပ်ဆိုင်းကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဝင်ရောက်ဖမ်းဆီးမှုမှာ လောင်းကစားလုပ်နေသူ ၃၀၀ ကျော်၊ လောင်းကစားလုပ်တဲ့ စားပွဲ ၁၆ လုံး၊ စီစီတီဗီ ကင်မရာ အလုံး ၆၀ နဲ့ ဘတ်ငွေ ၁ သန်းကျော်ကို သိမ်းဆည်းရမိသလို ဒီကွန်ရက်ဟာ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်နဲ့ တွဲဆက်နေပြီး နောက်ကွယ်က ရဲချုပ်နဲ့ဒုရဲချုပ်တို့ အကာအကွယ်ပေးထားတဲ့ အဖွဲ့ဖြစ်တယ်လို့ ထိုင်းပြည်တွင်းမီဒီယာတွေမှာ ဖော်ပြလာတဲ့အတွက် မတ် ၂၀ ရက်နေ့မှာ ဝန်ကြီးချုပ် ဆရတ်သာကိုယ်တိုင် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရုံးချုပ်ကို ရောက်ရှိလာပြီး သံသယရှိသူ ရဲချုပ်နဲ့ဒုရဲချုပ်တို့ကို ရာထူးရပ်ဆိုင်းကြောင်းနဲ့ ပူးတွဲဒုရဲချုပ်ဖြစ်တဲ့ ကစ်တီရတ်ပန်ဖတ်ကို ရဲချုပ်ရာထူးမှာ အစားထိုးခန့်အပ်ကြောင်း အတည်ပြုထုတ်ပြန်သွား ပါတယ်။

တော်ဆက်ခ်ဆက်ဝီမွန်ကို ၂၀၂၃ ခုနှစ်အောက်တိုဘာလမှာ ရဲချုပ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ဆူရာချတ်ဟက်ပန်း ဟာ လက်ထောက်ရဲချုပ်တာဝန်ယူပါတယ်။

မနှစ်က စက်တင်ဘာလတုန်းက ဆူရာချတ်ဟက်ပန်းရဲ့ ဘန်ကောက် က နေအိမ်ကို ဝင်ရောက်စီးနင်းရာမှာ တရားမဝင် အွန်လိုင်းလောင်းကစားကွန်ရက်နဲ့ပတ်သက်နေတဲ့ လက်အောက်ခံ ရဲအရာရှိ ၈ ဦးကို ဖမ်းဆီးခဲ့ပေမယ့် ဆူရာချတ်ကတော့ သူမသိရဘဲ တပည့်တွေကသာ ရာဇဝတ် မှုမှာပါဝင်နေတာဖြစ်ပြီး သူ့ခြံဝန်းထဲမှာ ငှားရမ်းနေထိုင်တာသာဖြစ်တယ်လို့ တင်ပြရင်း အမှုကလွတ်မြောက်ခဲ့ တာဖြစ်ပါတယ်။

Ref: khaosod
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။
အာစီယံဒေသတွင်း

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဆောက်ဖို့ ထိုင်းစီစဥ်

ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဘန်ကောက်လေဆိပ်ကနေ အန်နာကွန်ဒါ မြွေ ၁၀ ကောင် ခိုးသယ်လာသူ လေဆိပ်မှာ ဖမ်းမိ

ကမ်ပီဂေါ်ဒါ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက အဝါရောင် အန်နာကွန်ဒါ မြွေ ၁၀ ကောင်ကို ခရီးသွားအိတ်ထဲ ထည့်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ချင်းမိုင်ကွန်ဒိုတိုက်ခန်းကနေ ဘတ် ၇၆ သန်းဖိုး ဖောက်ထွင်းခိုးယူသူ တရားခံ ၂ ယောက် ထိုင်းရဲ ဖမ်းမိ

ချင်းမိုင်မြို့လယ်ကောင် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးရဲ့ ကွန်ဒိုတိုက်ခန်းကို ဖောက်ထွင်းပြီး ဘတ် ၇၆ သန်းဖိုး ခိုးယူခံလိုက်ရမှု တရားခံကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အာဆီယံရဲ့ မြန်မာ့အရေးထုတ်ပြန်ချက် ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ကန်ဝီး ပြင်းပြင်းထန်ထန် ဝေဖန်

မြ၀တီမြို့အပါ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲ ပြီး ဆွေးနွေးအဖြေရှာဖို့တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ရွှေတြိဂံဒေသက ကျားဖြန့်လုပ်ငန်းတွေမှာသုံးမယ့် ဖုန်းဆင်းကတ် ၅ထောင်နီးပါးနဲ့ ဖုန်းအလုံး ၃၅၀ နီးပါးကို မဲခေါင်မြစ်ကမ်းဘေးမှာ ထိုင်းရဲဖမ်းမိ

ရွှေတြိဂံဒေသတွင်းပါဝင်တဲ့ ထိုင်းနိုင်ငံ၊ ချင်းရိုင်နယ်၊ ချိုင်ဆန်းအရပ်က မဲခေါင်းမြစ်ဘေး သစ်ပင်အောက်မှာ မသင်္ကာဖွယ်ရာ စက္ကူပုံးတွေ၊ ပလတ်စတစ် ပုံးတွေကို အကောက်ခွန်အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အမျိုးသား ရဲတပ်ဖွဲ့ဗျူရိုအဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာမှာ ကျားဖြန့်လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းပေါင်းများစွာကို ဧပြီ ၁၂ ရက်နေ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မြန်မာဘက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ် သန်း ၈၀ မဲဆောက်မှာ ဖမ်းမိ

မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ်ငွေ သန်း ၈၀ ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဧပြီ ၁၇ ရက် မနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း The Reporters သတင်းဌာနက ရေးသားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now