မဲခေါင်၊ ဧပြီ ၁၇
မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ်ငွေ သန်း ၈၀ ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဧပြီ ၁၇ ရက် မနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း The Reporters သတင်းဌာနက ရေးသားပါတယ်။
ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး ဆိုက်ဘာရဲတပ်ဖွဲ့ အကြီအကဲတွေဟာ ကြိုတင်ရရှိတဲ့သတင်းတွေကြောင့် ထိပ်သီးရဲတပ်ဖွဲ့အရာရှိကြီးတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်၊ မဲဆောက် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးရေးဂိတ်ကို ဖြတ်လာတဲ့ ကားကို စစ်ဆေးရာမှာ အဝတ်အိတ်တွေနဲ့ ထုတ်လာတဲ့ ဘတ်သန်း ၈၀ ကို ဖမ်းမိတာလို့ သိရပါတယ်။
သယ်ဆောင်တဲ့ ယာဉ်ပေါ်ပါလာတဲ့ ဆူရတ်နဲ့ ကန်သပွန်အမည်ရ ထိုင်းနိုင်ငံသား နှစ်ယောက်ကို စုံစမ်း စစ်ဆေးဖို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီငွေ ဘတ် သန်း ၈၀ ကိုတော့ အယုဒ္ဓယမြို့ကနေ မြ၀တီဘက်ကို ပို့ပေးဖို့ လစာ ဘတ် ၅၀၀၀ ပေးခိုင်းစေတာဖြစ်ကြောင်း ယာဉ်မောင်းနဲ့ပါလာသူ ထိုင်းနိုင်ငံသားတို့က ဝန်ခံလိုက်ပြီး စုံစမ်းမှုမှာ ပူးပေါင်းပါဝင် ဖို့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။
Photo-Khasod
Ref:The Reporters
MKF-001