ကမ္ဘာ့သတင်း

မြန်မာ အပါအဝင် ယူကရိန်း၊ ပီရူး၊ ကင်မရွန်းက ပဋိပက္ခတွေ ငြိမ်းချမ်းဖို့ ပုပ်ရဟန်းမင်းကြီး အနူးအညွတ်ပန်ကြား

မဲခေါင် 23 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၃ စိန့်ပီတာရင်ပြင်မှာ ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ယေရှုလူ့ဇာတိခံယူခြင်း နဲ့ မယ်တော်မာရီ ကိုးကွယ်ဆုတောင်းခြင်းအခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က မြန်မာ၊ ယူကရိန်း၊ ပီရူးနဲ့ ကင်မရွန်းနိုင်ငံတွေမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေရပ်ပြီး ငြိမ်းချမ်းစေဖို့ အနူးအညွတ် ပန်ကြားကာ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၃

စိန့်ပီတာရင်ပြင်မှာ ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ယေရှုလူ့ဇာတိခံယူခြင်း နဲ့ မယ်တော်မာရီ ကိုးကွယ်ဆုတောင်းခြင်းအခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က မြန်မာ၊ ယူကရိန်း၊ ပီရူးနဲ့ ကင်မရွန်းနိုင်ငံတွေမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေရပ်ပြီး ငြိမ်းချမ်းစေဖို့ အနူးအညွတ် ပန်ကြားကာ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက နေရာဒေသအနှံ့အပြား ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်နေပြီး မကြာသေးခင်ကပဲ သက်တမ်းအရင့်ဆုံး ကက်သလစ်ဘုရားကျောင်းဖြစ်တဲ့ ချမ်းသာရွာ ဘုရားကျောင်းကို ဗုံးကြဲခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။

သာသနာပိုင်ပုဂ္ဂိုလ် တွေကို ဖမ်းဆီးမှုနဲ့ အရပ်သားပြည်သူများစွာကို တိုက်ခိုက်သတ်ဖြတ်မှုတွေ ရှိနေခဲ့တဲ့အတွက် ပုပ်ရဟန်းမင်းကြီးက ပွဲတော်တက်ရောက်လာသူအားလုံး ကို မြန်မာပြည်ငြိမ်းချမ်းရေး ဆုတောင်းပေးဖို့ အနူးအညွတ် တောင်းဆို မှာကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက မြန်မာပြည်မှာ ခံစားနေရတဲ့ ပြည်သူတွေနဲ့ နီးကပ်စွာရှိ နေကြောင်း၊ ပဋိပက္ခအသွင်ကနေ ခွင့်လွှတ်ခြင်း၊ ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းဆီ ကူးပြောင်းဖို့ မယ်တော်မာရီ ဆီ ဆုတောင်းပေးကြဖို့ မိန့်ကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ရုရှားကျူးကျော်စစ်ကို တစ်နှစ်ကြာနီးပါး တောင့်ခံရင်း သေကြေပျက်စီးမှုများပြားနေရတဲ့ ယူကရိန်း၊ တောင်အမေရိကနိုင်ငံ ပီရူးမှာ သမ္မတ ဆင်းပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ပြည်သူတွေကို နှိမ်နင်းရာမှာ သေကြေမှုများစွာဖြစ်နေတဲ့ အခြေအနေတွေရှိပါတယ်။

အဲ့ဒီ့ အခြေအနေတွေကို စေ့စပ်ညှိနှိုင်းပြီး ဖြေရှင်းဖို့၊ အင်္ဂလိပ်စကားသုံး ဒေသနဲ့ ကင်မရွန်းစကားသုံး ဒေသတွေအကြား ပဋိပက္ခဖြစ်ပြီး လူပေါင်း ၆၀၀၀ ကျော် အသတ်ခံရပြီးဖြစ်တဲ့ ကင်မရွန်းမှာရော ငြိမ်းချမ်းစေဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

Ref: vaticannews
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှား ကာကွယ်ရေးဒုဝန်ကြီး နိုင်ငံတော်ပုန်ကန်မှု၊ လာဘ်စားမှုနဲ့ ဖမ်းဆီးခံရ

ရုရှား ကာကွယ်ရေးဒုဝန်ကြီး တီမာအီဗန်နော့ဗ်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ ရာထူးက ဖြုတ်ချပြီး ဖမ်းဆီးကာ ရမန်ယူစစ်ဆေးနေပြီဖြစ်ပါတယ်။
ကမ္ဘာ့သတင်း

ကင်ဂျုံအန် နေအိမ်ဝင်းထဲကနေ ပထမဆုံးသော နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှုအဖြစ် ဒုံးကျည်တွေ ပစ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီ ၂၂ ရက်နေ့မှာပဲ ပြုံယမ်းမြို့အရှေ့ဘက်ခြမ်းက မိသားစု နေအိမ်ဝင်းကြီးထဲကနေ ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှု ဒုံးကျည်တွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မြောက်ကိုရီးယားက အရှေ့ပင်လယ်ဘက်ဆီ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်

မြောက်ကိုရီးယားဟာ နောက်ဆုံး လက်နက် စမ်းသပ်ပစ်ခတ်မှုအဖြစ် ဧပြီ ၂၂ ရက် မနက်ပိုင်းက အရှေ့ ပင်လယ် ဘက်ဆီ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဖိလစ်ပိုင်နဲ့ အမေရိကန် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဖိလစ်ပိုင်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်ချဲ့အနိုင်ကျင့်မှုကို ဆန့်ကျင်ခြင်းအဖြစ် အကြီးမားဆုံးသော နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၂ ရက်မှာ စတင် လိုက်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုလုံး၀ရပ်တန့်ဖို့ G7 အစည်းအဝေးမှာ တိုက်တွန်း

G7 အစည်းအဝေးအပြီး ပြည်သူကို ဒုက္ခပေးအကြမ်းဖက်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက် အသုံးအဆောင်တွေကို နိုင်ငံတကာက ပေးပို့နေမှု ရပ်တန့်သွားရေး တိုက်တွန်းထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဂျိန်းဘုန်းကြီး၊ သီလရှင်ဘွဲခံဖို့ အိန္ဒိယအိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံနဲ့မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ ၂၄ သန်းလုံး စွန့်ကြဲလှူဒါန်း

ဂူဂျာရတ်ပြည်နယ်က မီလျံနာ အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံဟာပိုင်ဆိုင်ကြွယ်၀မှု ဒေါ်လာ ၂၄ သန်း စလုံးကို ပေးကမ်းစွန့်ကြဲပြီး ဂျိန်းဘုန်းကြီး၊ သီလရှင်ဘ၀ကို ပြောင်းလဲခံယူမှု စတင်လိုက်ပြီ ဖြစ်ကြောင်း India Express က ရေးသားဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အီရန်လေတပ်နဲ့ နျူကလီးယားစက်ရုံအနီး အစ္စရေးလက်စားချေပစ်ခတ်၊ အီရန်ဘက်က အဏုမြူဗုံးနဲ့ တုံ့ပြန်လာနိုင်ကြောင်း အမေရိကန် သတိပေး

အီရန်ဟာ ဒုံးကျည်နဲ့ဒရုန်းပေါင်း ၃၀၀ ကျော်ကို အစ္စရေးထံ ပစ်လွှတ်ခဲ့ခြင်းအပေါ် အစ္စရေးဟာ ဧပြီ ၁၈ ရက်ညက လက်စားချေခြင်းအဖြစ် မိုင် ၁၀၀ အကွာမှာရှိတဲ့ အီရန်နိုင်ငံထဲက နျူကလီးယား လက်နက်ထုတ်လုပ်တဲ့ စခန်းတွေကို ဦးတည်ပြီး ဒရုန်းတွေနဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲလို့ ဆူနာမီသတိပေးချက်ထုတ်ပြန်၊ လူပေါင်း ၁၁၀၀၀ ကို နေရာရွှေ့ပြောင်းခိုင်း

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမြောက်ဘက်မှာရှိတဲ့ ရူအန်းမီးတောင်ကြီး ၅ကြိမ် ထက်မနည်း အကြီးစားပေါက်ကွဲမှုဖြစ်တာကြောင့် အင်ဒိုနီးရှားအစိုးရဟာ ဆူနာမီသတိပေးချက်ထုတ်ပြန်သလို အနီးအားဒေသက လူပေါင်း ၁၁၀၀၀ ကို အရေးပေါ် ရွှေ့ပြောင်းခိုင်းထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now