မဲခေါင်၊ ဧပြီ ၂၃
မြောက်ကိုရီးယားဟာ နောက်ဆုံး လက်နက် စမ်းသပ်ပစ်ခတ်မှုအဖြစ် ဧပြီ ၂၂ ရက် မနက်ပိုင်းက အရှေ့ ပင်လယ် ဘက်ဆီ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ကြေညာသွားပါတယ်။
မြောက်ကိုရီးယား မြို့တော် ပြုံယမ်းကနေ ပစ်လွှတ်လိုက်တာ သိရှိရပြီး ပျံသန်းမှုအကွာအဝေး မည်မျှ ရှိတယ် ဆိုတာကိုတော့ အမေရိကန်နဲ့ပူးပေါင်းလို့ သတင်းအချက်အလက်စုဆောင်းနေသေးကြောင်း တောင်ကိုရီးယား ဘက်က ထုတ်ပြန်သလို ဂျပန်ဝန်ကြီးချုပ်ကီရှိဒါကလည်း ရနိုင်သမျှ သတင်းအချက်အလက် စုဆောင်နေဆဲဖြစ် ပြီး ခြိမ်းခြောက်မှုပမာဏ ဘယ်လောက်ရှိသလဲဆိုတာ ချင့်တွက်နေဆဲလို့ ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ ပူးပေါင်းစစ်ရေးလေ့ကျင်းမှု တွေလုပ်နေမှုအပေါ် လက်မခံနိုင်ဘူးလို့ ထုတ်ပြန်ပြီး လက်နက်ဆန်းတွေကို စမ်းသပ် ပစ်လွှတ်မှုတွေ ဆက် တိုက်လုပ်နေခဲ့ပါတယ်။
ဧပြီ ၂၀ ရက်နေ့က ဧရာမ ခရုဇ်မစ်ဇိုင်း ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့သေးပြီး လေယာဉ် ပစ် ဒုံးကျည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို ဧပြီလဆန်းပိုင်းကလည်း အမေရိကန် စစ်တပ်အခြေစိုက် ဂူအမ်ကျွန်း လောက်ပမာဏရှိတဲ့ အကွာအဝေးကို ချိန်ရွယ်ပြီး အသံထက်မြန်တဲ့ solid-fuel တာလတ်ပစ် ဒုံးကျည်တွေ ခြိမ်းခြောက် ပစ်လွှတ်ခဲ့ပါသေးတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ ဆက်လက်မြင့်တက်နေလို့ တောင်ကိုရီးယားဟာ အမေရိကန်အပြင် ဂျပန်နဲ့ပါ ပူးပေါင်းပြီး ၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွေလုပ်ဖို့ ဆွေးနွေးနေကြောင်းလည်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များရုံး ဥက္ကဌ ကင်မြောင်ဆိုးက ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်သွားပါတယ်။
Ref: thestar
MKF-001