မခေါင်၊ ဧပြီ ၃၀
တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။
အမေရိကန်သားတွေသာ လကမ္ဘာပေါ် ခြေချနိုင်သေးပြီး တရုတ်ဟာ ၂၀၃၅ မှာ ရုရှားနဲ့ ပူးပေါင်းလို့ လကမ္ဘာ ပေါ် ခြေချနိုင်ရေး နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေခဲ့ပါတယ်။
ဧပြီ ၁၀ ရက်နေ့က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ တွေ့ဆုံမှုမှာ ဂျိုးဘိုင်ဒန်က ဂျပန်အာကာသယာဉ်မှူးတွေဟာ အမေရိကန်မဟုတ်တဲ့ ပထမဆုံး လကမ္ဘာပေါ် ခြေချနိုင်သူတွေဖြစ်လာရေရမယ်လို့ ကတိပြုခဲ့ပြီး နာဆာရဲ့ အာပိုလိုမစ်ရှင်မှာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂျပန်ဟာ ကနဦး ၂၀၃၀ ပြည့်နှစ်မှာ လကမ္ဘာပေါ် ခြေချနိုင်ဖို့ ရည်မှန်းထားပေမယ့် ဂျိုးဘိုင်ဒန်ရဲ့ ကတိအရ ၂၀၂၈ ခုနှစ်မှာ ဂျပန်အာကာသယာဉ်မှူး အနည်းဆုံး ၁ ဦး လကမ္ဘာပေါ် ခြေချနိုင်မှာဖြစ်ပြီး ၂၀၃၀ မှာ နောက်တစ်ကြိမ် ထပ်ပြီး လပေါ်ခြေချနိုင်မယ်လို့ ကတိပြုလိုက်တာကြောင့် အာကာသပြိုင်ပွဲကြီးဟာ တရုတ်နဲ့ ဂျပန်အကြား ပြိုင်ဆိုင်မှုအသစ်ဖြစ်လာပြီလို့ နာဆာအကြီးအကဲ မစ္စတာနယ်လ်ဆင်က သုံးသပ်ပြောကြားသွားပါတယ်။
မစ္စတာနယ်လ်ဆင်က တရုတ်ဟာ အာကာသမစ်ရှင်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက အလွန်လျှို့ဝှက်စွာနဲ့ ကြိုး ပမ်းလုပ်ဆောင်နေတာကြောင့် သတ်မှတ်ထားချိန်ထက် စောလျင်ပြီး လကမ္ဘာပေါ် လူခြေချနိုင်ဖို့ အင်တိုက် အားတိုက် တိုးမြှင့်ကြိုးစားလာဖွယ်ရှိကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
Ref: independent
MKF-001