ကမ္ဘာ့သတင်း

ဂျိန်းဘုန်းကြီး၊ သီလရှင်ဘွဲခံဖို့ အိန္ဒိယအိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံနဲ့မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ ၂၄ သန်းလုံး စွန့်ကြဲလှူဒါန်း

မဲခေါင် 19 Apr - 2024
ဂူဂျာရတ်ပြည်နယ်က မီလျံနာ အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံဟာပိုင်ဆိုင်ကြွယ်၀မှု ဒေါ်လာ ၂၄ သန်း စလုံးကို ပေးကမ်းစွန့်ကြဲပြီး ဂျိန်းဘုန်းကြီး၊ သီလရှင်ဘ၀ကို ပြောင်းလဲခံယူမှု စတင်လိုက်ပြီ ဖြစ်ကြောင်း India Express က ရေးသားဖော်ပြသွားပါတယ်။

မဲခေါင်၊ ဧပြီ ၁၉

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်က မီလျံနာ အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံဟာပိုင်ဆိုင်ကြွယ်၀မှု ဒေါ်လာ ၂၄ သန်း စလုံးကို ပေးကမ်းစွန့်ကြဲပြီး ဂျိန်းဘုန်းကြီး၊ သီလရှင်ဘ၀ကို ပြောင်းလဲခံယူမှု စတင်လိုက်ပြီ ဖြစ်ကြောင်း India Express က ရေးသားဖော်ပြသွားပါတယ်။

ဘာဗက်ရှ်ဘန်ဒါရီနဲ့ ဇနီးသည် ဂျီနယ်ဘန်ဒါရီတို့ဟာ ၁၉ နှစ်နဲ့ ၁၆ နှစ်အရွယ် သမီးနှစ်ဦးရှိပြီး အားလုံးဟာ ဂျိန်း သာသနာဘောင်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ၂၀၂၂ ခုနှစ်ကတည်းက ပိုင်ဆိုင်သမျှသော လက်ဝတ်ရတနာ၊ ပစ္စည်းဥစ္စာတွေကို အကြိမ်ကြိမ် လူအုပ်ထဲ စွန့်ကြဲပေးအပ်ခဲ့ကြပြီး ၂၀၂၄ မတ်လမှာ ဂျိန်းဘုန်းကြီးနဲ့ သီလရှင်တွေ ဘ၀ကို စတင်ကူးပြောင်းခြင်းအဖြစ် သာသနာ့ဘောင်ဝင် အခမ်းအနားကျင်းပပြီး ရွှေငွေ၊လက်ဝတ်ရတနာ၊ ရေခဲ သေတ္တာ၊ လေအေးပေးစက်တွေကအစ လူအများထံ စွန့်ကြဲပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၁၅ ရက်နေ့မှာတော့ ပိုင်ဆိုင်ခဲ့တဲ့ အိမ်ခြံမြေလုပ်ငန်းကြီးကို ဖခင်နဲ့ ဘာဗက်ရှ်ရဲ့ အစ်ကိုအကြီးဆုံးကို လွှဲပြောင်းပေးခဲ့ပြီး ပိုင်ဆိုင်သမျှ သော မိသားစု လက်ကိုင်ဖုန်းပါမကျန် ၄ ကီလိုမီတာခရီးလှည့်လည်ပြီး ရာပေါင်းများစွာ လိုက်ပါ လာတဲ့ လူထုထဲ အကုန်စွန့်ကျဲပေးအပ်ခြင်းနဲ့ ဂျိန်းသာသနာ့ဘောင်ထဲ တစ်မိသားစုလုံးသာမက လူဝတ်ကြောင်ကို စွန့်လွှတ်မယ့် ၁၈ နှစ်ယောက် ၁၀ ဦးအပါ စုစုပေါင်း ၃၃ ဦးနဲ့အတူ သာသနာ့ဘောင်ဝင်သွားခဲ့တာပဲဖြစ်ပါတယ်။

ဂျိန်းဘုန်းကြီးဘ၀ဟာ စွန့်ကြဲလှူဒါန်းမှုကိုသာ စားသုံးရပြီး ပန်းကန်တစ်လုံး၊ တံမြက်စည်းနဲ့ ဝတ်ရုံ နှစ်ထည်နဲ့ သာ ခြေဗလာ သွားလာလို့ အမှန်တရားနဲ့ တရားစစ်ကို ရှာရတာဖြစ်လို့ ဒီမိသားစုရဲ့ သုံးမကုန်တဲ့ စည်းစိမ်ချမ်း သာကို စွန့်လွှတ်ခြင်းအပေါ် တရားပေးဆရာ ဂျိန်းဘုန်းကြီးခေါင်းဆောင် အချာရာဒက်ဗ်ဗီဂျေယော့ဂ်တီလက် ဆာရီဂျီမဟာရာဂျာက ကောင်းချီးပေးမိန့်ကြားသွားပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

South China Sea: Is China finding itself in the US and its allies’ crosshairs?

The US and the Philippines will conduct joint naval exercise in the area near the South China Sea and Taiwan

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှား ကာကွယ်ရေးဒုဝန်ကြီး နိုင်ငံတော်ပုန်ကန်မှု၊ လာဘ်စားမှုနဲ့ ဖမ်းဆီးခံရ

ရုရှား ကာကွယ်ရေးဒုဝန်ကြီး တီမာအီဗန်နော့ဗ်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ ရာထူးက ဖြုတ်ချပြီး ဖမ်းဆီးကာ ရမန်ယူစစ်ဆေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ကင်ဂျုံအန် နေအိမ်ဝင်းထဲကနေ ပထမဆုံးသော နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှုအဖြစ် ဒုံးကျည်တွေ ပစ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီ ၂၂ ရက်နေ့မှာပဲ ပြုံယမ်းမြို့အရှေ့ဘက်ခြမ်းက မိသားစု နေအိမ်ဝင်းကြီးထဲကနေ ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှု ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now