မဲခေါင်၊ ဧပြီ ၂၅
ရုရှား ကာကွယ်ရေးဒုဝန်ကြီး တီမာအီဗန်နော့ဗ်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ ရာထူးက ဖြုတ်ချပြီး ဖမ်းဆီးကာ ရမန်ယူစစ်ဆေးနေပြီဖြစ်ပါတယ်။
ရုရှားပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာ အီဗန်နော့ဗ်ဟာ ရုရှားတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းရဲ့ မာရီယူပိုဒေသမှာ စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရုရှားရူဘယ်ငွေ ၁ သန်းကျော် (ဒေါ်လာ ၁၀၇၀၀) လာဘ်စားလို့ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဖော်ပြနေကြပေမယ့် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ဘာသာပြန်နားလည်မှု လွဲမှားဖော်ပြနေခြင်းသာဖြစ်ကာ နိုင်ငံတော် ပုန်ကန်မှု သံသယကြောင့် ဖမ်းဆီးခဲ့တာသာဖြစ်တယ်လို့ ရှင်းချက် ထုတ်ပြန်ပါတယ်။
မာရီယူပိုဒေသမှာ အီဗန်နော့ဗ် လာဘ်စားပြီးတည်ဆောက်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေဟာ အခု ယူကရိန်းရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် အားလုံးနီးပါး ပြန်လည် ပျက်စီးသွားခဲ့ရပြီး ဒီလို ရုရှားစစ်ဘက်ဆိုင် ရာ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖမ်းဆီးခံရခြင်းဟာ ဖြစ်ခဲ့လှတဲ့ အနေအထားဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှီအိုဂူဟာ သူနဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ တပည့်ရင်း အီဗန်နော့ဗ်ကိုတောင် ကာကွယ်မပေးနိုင်ရင် နောက်လာမယ့်အလှည့်က သူ့အလှည့်သာဖြစ်လာလိမ့်မယ်လို့ ရုရှားနိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြ ပါတယ်။
ရုရှားနိုင်ငံမှာ စစ်ဗိုလ်ချုပ်တွေဟာ အကျင့်ပျက်လာဘ်စားမှုတွေကြောင့် အလွန်ချမ်းသာကြွယ်၀နေပေမယ့် ထိပ်တန်းဗိုလ်ချုပ်တွေကို အခုလိုဖမ်းဆီးတာမျိုး ရှားပါးတဲ့အတွက် ပူတင်ဟာ သူ့အနီးဆုံးက ဗိုလ်ချုပ်တွေကို ပါ မယုံမကြည်ဖြစ်နေတာ သေချာတယ်လို့လည်း သုံးသပ်နေကြပါတယ်။
မော်စကိုမှာ ဖမ်းဆီးထားတဲ့ အီဗန်နော့ဗ် ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
Ref:BBC
MKF-001