မဲခေါင်၊ ဧပြီ ၂၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီ ၂၂ ရက်နေ့မှာပဲ ပြုံယမ်းမြို့အရှေ့ဘက်ခြမ်းက မိသားစု နေအိမ်ဝင်းကြီးထဲကနေ ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှု ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ ကိုရီးယားကျွန်းဆွယ်မှာ နှစ်ပတ်ကြာ စစ်ရေးပူးပေါင်းလေ့ကျင့်မှု တွေ လုပ်ဆောင်နေပြီး လေယာဉ်ပေါင်း အစီး ၁၀၀ ပါတဲ့ ဝေဟင် စစ်ရေးလေ့ကျင့်မှုပါ လုပ်ဆောင်ခဲ့သလို ဒီတစ်ပတ်ထဲ ဟာဝါအီမှာ တောင်ကိုရီးယားခေါင်းဆောင်တွေနဲ့ အမေရိကန် ထိပ်တန်းအရာရှိတွေ တွေ့ဆုံပြီး အမေရိကန်ဟာ ၂၀၂၆ ခုနှစ်ကစလို့ တောင်ကိုရီးယားကို ပူးတွဲမျှဝေ စောင့်ရှောက်မှု စာချုပ် ချုပ်ဆိုဖို့လည်း စီစဉ် ထားပြီးဖြစ်ပါတယ်။
ဒါကြောင့် ကင်ဂျုံအန်ဟာ မနှစ်က သူ့မိသားစု ခြံဝန်းထဲမှာ စတင်တည်ဆောက်ခဲ့တဲ့ နျူကလီးယားဆန့်ကျင်ရေး လက်နက်တွေအဖြစ် အနည်းဆုံး တာဝေးပစ် ဒုံးကျည် ၄ လုံးကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
ဒီဒုံးကျည်တွေကို nuclear trigger လို့ နာမည်ပေးထားပြီး ၃၅၂ ကီလိုမီတာ ပျံသန်းပြီးမှ သတ်မှတ်ထားတဲ့ ဂျပန်နဲ့ ကိုရီးယား ကြားက ရေပြင်ထဲ ပစ်မှတ် တည့်တည့်ထိမှန်သွားခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ထုတ်ပြန် သွားပါတယ်။
ကင်ဂျုံအန်က သူ့ နျူကလီးယား ဖျက်ဒုံးတွေဟာ ရိုင်ဖယ်စနိုက်ဘာလို့ ပစ်မှတ် တိကျလွန်းပြီး ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံး ဒုံးကျည်တွေဖြစ်တယ်လို့ ကြုံးဝါးခဲ့ပေမယ့် တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး ပြောရေးဆိုခွင့်ရှိသူ လီဆန်းဂျွန်က ရော့ကတ်လောက်အဖြစ်သာ အသုံးပြုလို့ရတဲ့ စစ်ပွဲတွင်း အသေးစားသုံး နျူကလီးယားဒုံးကျည်တွေလောက်သာဖြစ်ပါတယ်။
လေကြောင်းရန်ကာကွယ်ရေးစနစ်တောင်မပါဘဲ တောင်ကို ရီးယားဘက်က ဖျက်ချနိုင်တဲ့ ဒုံးကျည်တွေသာဖြစ်ပြီး ရုရှားကို ရောင်းစားဖို့အရေး အရည်အသွေး စမ်းသပ်ပစ်ခတ်တာ မျိုးသာဖြစ်တယ်လို့ တုံ့ပြန်ချေပသွားပါတယ်။
တောင်ကိုရီးယားဟာ သူတို့ပိုင်နက်ကို အမေရိကန်က ပူးတွဲစောင့်ရှောက်မှုစာချုပ်ကို နိုဝင်ဘာ အမေရိကန် ရွေးကောက်ပွဲမတိုင်ခင် အပြီးသတ် ချုပ်ဆိုလိုနေပြီး တကယ်လို့ တောင်ကိုရီးယားဟာ အမေရိကန်စစ်တပ်ကို အလကားစီးနင်းနေသူတွေလို့ ပြောခဲ့တဲ့ ဒေါ်နယ်ထရန့် သမ္မတသစ်ဖြစ်လာနိုင်လို့ အမြန်စာချုပ်ချင်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိ တောင်ကိုရီးယားမှာ အမေရိကန်စစ်သားပေါင်း ၂၈၀၀၀ ကျော် အခြေစိုက် တာဝန်ချထား ပါတယ်။
Ref: independent
MKF-001