ကမ္ဘာ့သတင်း

စစ်သင်္ဘောအုပ်စု ပြိုလဲလုနီးတဲ့အထိ တိုက်ခိုက်တာခံရလို့ ရေတပ်ချုပ်ကို ရုရှားထုတ်ပယ်

မဲခေါင် 12 Mar - 2024
ရုရှားသမ္မတပူတင်ဟာ ရေတပ်ချုပ် နီကိုလိုင်ယက်ဗ်မီနော့ဗ်ကို ထုတ်ပယ်လိုက်ပြီး မြောက်ပိုင်းတိုင်းရေတပ် တပ်ချုပ် အလက်ဇန္ဒား မွိုင်ဆိဗ်ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရှိရပါတယ်။

မဲခေါင်၊ မတ် ၁၂

ပြီးခဲ့တဲ့လပိုင်းအတွင်း ပင်လယ်နက်ဒေသမှာ အင်အားကြီးစိုးထားနိုင်ခဲ့တဲ့ ရုရှားရေတပ် စစ်သင်္ဘောအုပ်စုကို ယူကရိန်းဘက်က ပြိုလဲလုနီးပါအခြေအနေရောက်တဲ့အထိ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့လို့ ရုရှားသမ္မတပူတင်ဟာ ရေတပ်ချုပ် နီကိုလိုင်ယက်ဗ်မီနော့ဗ်ကို ထုတ်ပယ်လိုက်ပြီး မြောက်ပိုင်းတိုင်းရေတပ် တပ်ချုပ် အလက်ဇန္ဒား မွိုင်ဆိဗ်ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရှိရပါတယ်။

ဒီသတင်းကို စိန့်ပီတာစဘာ့ဂ်အခြေစိုက် ပုဂ္ဂလိက သတင်းအေဂျင်စီ Fontanka သတင်းဌာနက ဖော်ပြခဲ့တာဖြစ် ပြီး ၂၀၀၉ ခုနှစ်ကတည်းက ရေတပ်တပ်ချုပ်တာဝန်ယူခဲ့တဲ့ ယက်ဗ်မီနော့ဗ်ကို ဘာကြောင့် မွိုင်ဆိဗ်နဲ့ အစားထိုး ခဲ့သလဲဆိုတာကိုလည်း အကြောင်းပြချက် ဖော်ပြခြင်းမရှိဘဲ တင်ပြသွားတာဖြစ်ပါတယ်။

ဖြစ်နိုင်ခြေအရှိဆုံးအဖြစ် သုံးသပ်မှုတွေမှာတော့ ပြီးခဲ့တဲ့ လပိုင်းအတွင်း ယူကရိန်းဘက်က ပင်လယ်ဒရုန်းတွေ၊ ကာမီကာဇီဒရုန်းနဲ့ ဒုံးကျည်တွေသုံးပြီး ၂၀၁၄ ခုနှစ်ကတည်းက ရုရှားကျူးကျော်သိမ်းပိုက်သွားတဲ့ ခရိုင်းမီးယား ကမ်းခြေအခြေစိုက် ရုရှားစစ်သင်္ဘောပေါင်းများစွာကို ဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့လို့ ရေတပ်ချုပ်နေရာ အစားထိုးမှု ဖြစ်မယ်လို့ ဖော်ပြပါရှိပါတယ်။

ဖေဖော်ဝါရီလလယ်ပိုင်းက ယူကရိန်းရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရုရှား ကမ်းတက်စစ်သင်္ဘောကြီး ပေါက်ကွဲနစ်မြုပ်ခဲ့ရသလို ဒီတစ်ပတ်အတွင်းမှာလည်း ပင်လယ်ဒရုန်းကြောင့် ရုရှားဆီတန်ဂါသင်္ဘော မီးလောင် ပေါက်ကွဲခဲ့ရပါသေးတယ်။

ဆီဖြည့်သင်္ဘော ဆာဂျီကိုတော့ဗ်ဟာ ယူကရိန်းရဲ့ ဂျက်စကီးပါဝါသုံး ပင်လယ်ဒရုန်း ထိမှန်လို့ တစ်စစီ ပျက်စီးပေါက်ကွဲသွားခဲ့တာဖြစ်ပြီး သင်္ဘောတန်ကြေးက ပေါင် ၅၁ သန်းအထိ တန်ကြောင်း သိရှိရပါတယ်။ ခရိုင်းမီးယားရဲ့ ဖီအိုဒိုးရှား ဆိပ်ကမ်းမှာ ဆီတင်သင်္ဘော ပေါက်ကွဲသွားလို့ ပူတင် အားအထားဆုံး ပင်လယ်ဖြတ် Kerch တံတားကြီးကိုလည်း ရုရှားဘက်က ပိတ်ထားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယ အပတ်တုန်းကလည်း ပူတင်အတွက် ဗယ်လင်တိုင်းနေ့လက်ဆောင်လို့ သမုတ်ပြီး ယူကရိန်းရဲ့ ကာမီကာဇီ ဒရုန်းတွေကနေ ရုရှားရဲ့ ပေါင် သန်း ၁၇၀ တန် ဆီဆာကူနီကော့ဗ် ကမ်းတက် သင်္ဘောကြီးကို ဖောက်ခွဲဖျက်ဆီး နိုင်ခဲ့တာကြောင့် ပင်လယ်နက်ထဲ မကြုံစဖူး သင်္ဘောများစွာ ပျက်ဆီးဆုံးရှုံးခဲ့တဲ့အတွက် ပူတင်ဟာ ရေတပ် တပ်ချုပ်ကို ရာထူးကထုတ်ပယ်ပြီး တပ်ချုပ်သစ် အစားထိုးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။
ကမ္ဘာ့သတင်း

ရုရှား ကာကွယ်ရေးဒုဝန်ကြီး နိုင်ငံတော်ပုန်ကန်မှု၊ လာဘ်စားမှုနဲ့ ဖမ်းဆီးခံရ

ရုရှား ကာကွယ်ရေးဒုဝန်ကြီး တီမာအီဗန်နော့ဗ်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ ရာထူးက ဖြုတ်ချပြီး ဖမ်းဆီးကာ ရမန်ယူစစ်ဆေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ကင်ဂျုံအန် နေအိမ်ဝင်းထဲကနေ ပထမဆုံးသော နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှုအဖြစ် ဒုံးကျည်တွေ ပစ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီ ၂၂ ရက်နေ့မှာပဲ ပြုံယမ်းမြို့အရှေ့ဘက်ခြမ်းက မိသားစု နေအိမ်ဝင်းကြီးထဲကနေ ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှု ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မြောက်ကိုရီးယားက အရှေ့ပင်လယ်ဘက်ဆီ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်

မြောက်ကိုရီးယားဟာ နောက်ဆုံး လက်နက် စမ်းသပ်ပစ်ခတ်မှုအဖြစ် ဧပြီ ၂၂ ရက် မနက်ပိုင်းက အရှေ့ ပင်လယ် ဘက်ဆီ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဖိလစ်ပိုင်နဲ့ အမေရိကန် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဖိလစ်ပိုင်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်ချဲ့အနိုင်ကျင့်မှုကို ဆန့်ကျင်ခြင်းအဖြစ် အကြီးမားဆုံးသော နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၂ ရက်မှာ စတင် လိုက်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုလုံး၀ရပ်တန့်ဖို့ G7 အစည်းအဝေးမှာ တိုက်တွန်း

G7 အစည်းအဝေးအပြီး ပြည်သူကို ဒုက္ခပေးအကြမ်းဖက်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက် အသုံးအဆောင်တွေကို နိုင်ငံတကာက ပေးပို့နေမှု ရပ်တန့်သွားရေး တိုက်တွန်းထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဂျိန်းဘုန်းကြီး၊ သီလရှင်ဘွဲခံဖို့ အိန္ဒိယအိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံနဲ့မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ ၂၄ သန်းလုံး စွန့်ကြဲလှူဒါန်း

ဂူဂျာရတ်ပြည်နယ်က မီလျံနာ အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံဟာပိုင်ဆိုင်ကြွယ်၀မှု ဒေါ်လာ ၂၄ သန်း စလုံးကို ပေးကမ်းစွန့်ကြဲပြီး ဂျိန်းဘုန်းကြီး၊ သီလရှင်ဘ၀ကို ပြောင်းလဲခံယူမှု စတင်လိုက်ပြီ ဖြစ်ကြောင်း India Express က ရေးသားဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အီရန်လေတပ်နဲ့ နျူကလီးယားစက်ရုံအနီး အစ္စရေးလက်စားချေပစ်ခတ်၊ အီရန်ဘက်က အဏုမြူဗုံးနဲ့ တုံ့ပြန်လာနိုင်ကြောင်း အမေရိကန် သတိပေး

အီရန်ဟာ ဒုံးကျည်နဲ့ဒရုန်းပေါင်း ၃၀၀ ကျော်ကို အစ္စရေးထံ ပစ်လွှတ်ခဲ့ခြင်းအပေါ် အစ္စရေးဟာ ဧပြီ ၁၈ ရက်ညက လက်စားချေခြင်းအဖြစ် မိုင် ၁၀၀ အကွာမှာရှိတဲ့ အီရန်နိုင်ငံထဲက နျူကလီးယား လက်နက်ထုတ်လုပ်တဲ့ စခန်းတွေကို ဦးတည်ပြီး ဒရုန်းတွေနဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now