ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

မဲခေါင် 27 Apr - 2024
တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

လင်းမောင်

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။ တစ်ချိန်က သက်ရှိတွေနဲ့ပြည့်နှက်နေပြီး စိမ်းလန်းစိုပြေနေတဲ့ တရုတ် သစ် တောတွေဟာ CPC ရဲ့ တင်းကျပ်သထက်တင်းကျပ် တိုးမြှင့်သထက်တိုးမြှင့်လာတဲ့ ညွှန်ကြားမှု စီမံကိန်းတွေ ကြောင့်ပဲ တောပြုန်းမှုရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံစားလာရပါပြီ။

၂၀၀၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးအဖြစ် ကာဘွန်ဒိုင်အောက်ဆိုက် (CO2) ဓာတ်ငွေ့ထုတ်လုပ်မှုဟာ ၈၀ ရာခိုင်နှုန်း မြင့်တက်လာတယ်။ သိပ္ပံပညာရှင် တွေက တရုတ်နိုင်ငံအရှေ့ပိုင်းတစ်လျှောက် ၂၀၁၄ ကနေ ၂၀၁၇ အတွင်း အိုဇုန်းဓာတ် ဖျက်ဆီးချေဖျက်မှု CFC-11 နှုန်း မြင့်တက်လာတာကို သတိထားမိလာတယ်။ ဒါကြောင့်တရုတ်နိုင်ငံမြို့ကြီးတွေမှာ လေထု ညစ်ညမ်းမှုဖြစ်စဉ်တွေက သူတို့ပြည်သူ ကျန်းမာရေးကိုသာမက အိမ်နီးနားချင်းတွေရဲ့ကျန်းမာရေးပိုင်းကိုပါ သက်ရောက် ထိခိုက်လာစေတော့တယ်။

လူသားအခြေချနေထိုင်မှုတွေ တိုးလာလို့ ကြီးကြီးသေးသေးတောင်တွေတကြောမှာ မြို့သစ်တွေတည်ဆောက် လာခြင်းက ရွာပေါင်းများစွာရဲ့ မြေယာတွေကို ပျက်စီးစေပြီး မြစ်ကြောင်း ပုံမှန်စီးဆင်းခြင်းကို သွေဖယ်လို့ နေရာ အများစုမှာ ရေကြီးခြင်း၊ မိုးခေါင်းခြင်းဒုက္ခတွေကို ခံစားရပါတော့တယ်။

တောပြုန်းလေ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ ထုတ်လွှတ်မှုမြင့်မားလေဖြစ်စေတာကြောင့် တရုတ်အစိုးရဟာ ကန္တာရအသွင် သဲပဲရှိတော့တဲ့ နယ်မြေ တွေ၊ သဘာ၀ဂေဟစနစ်ပျက်စီးခြင်းကနေ မိုးကြီးရေလျှံမှု၊ ရေကြီးမှုဆိုးကျိုးတွေကို ဆောင်းရာသီထဲမှာတောင် ခံစားလာရတဲ့ အခြေအနေတွေကို ဘယ်လိုပြန် ကာကွယ်မလဲဆိုတာ စိုးရိမ်ရေအမှတ်ရောက်လာတယ်။ လူဦးရေ တိုးပွားလာတဲ့အနေအထားမှာ မူဝါဒပိုင်းဆိုင်ရာ အမှားတွေကို CPC က ချမှတ်လုပ်ဆောင်နေခြင်းကသာ သဘာ၀ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကို ပြည်သူတွေ ခါးစည်းခံနေရတာဖြစ်ပါတယ်။

ဂွမ်ဒေါင်း (Guangdong) မှာ မိုးကြိုးမုန်တိုင်းဒဏ်တွေကို နေရာများစွာမှာ ခံစားခဲ့ရတယ်။ ရှိုဂျမ်း (Shaoguan bridge) တံတားက သံဖရိန်းများစွာ ရေကြီးတိုက်စားမှုမှာ ပြိုလဲ မျောပါသွားတယ်။ ရေကြီးမှုဒဏ်ကို လမ်းပေါ် ရပ်ထားသမျှ ကားအားလုံးရဲ့ တစ်ဝက် တိုက်စားခံလိုက်ရတယ်။ ကားခေါင်မိုးတွေပေါ် လူတွေ ရေမျောပါမသွားဖို့၊ အသက်မသေဖို့ တက်ပြီးရပ်နေကြတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်တွေပေါ် ပျံ့နှှံ့နေပြီး လူပြောအများဆုံး ကိစ္စ ဖြစ်လာတယ်။

ဂွမ်ဒေါင်းက နေရာဒေသပေါင်းများစွာမှာ မိုးသည်းထန်လွန်းမှုတွေ ဆက်တိုက်ကြုံလာပြီး ရှိုဂန်း အဝေးပြေးလမ်းမကြီးရဲ့ ၇ လမ်းမောင်း လမ်းကြီး သွားလာမှု တုံ့ဆိုင်းပြတ်တောက်မှုတွေဖြစ်ခဲ့တယ်။ ပြည်တွင်း မီဒီယာတွေရဲ့ဖော်ပြမှုအရ မိုးသည်းထန်ခြင်းဟာ ဧပြီ ၄ ရက်နဲ့ ၅ ရက်အတွင်း Renhua၊ Ruiwan၊ Zhanjiang၊ Wu Jiang၊ Kujiang၊ Wangyuan နဲ့ ရှိုဂျမ်းက Shingfong ဒေသတွေမှာ ရေကြီးရေလျံမှုတွေကို ကြုံဆုံခဲ့ရတယ်လို့ သိရ တယ်။ လီချောင်း(Lechong )ဒေသမှာလည်း မိုးသည်းထန်မှုဒဏ်ခံရတယ်။

ဒေသတွင်း မိုးလေဝသ ဌာနပေါင်း ၁၆၀ မှာ မိုးသည်းထန်မှု မှတ်တမ်းကို လက်ခံရရှိသလို ၅၇ ခုမှာတော့ စံချိန် တင် မိုးရေချိန်မှတ်တမ်းဖြစ်တည်ခဲ့ပြီး မြို့တွေရဲ့ ပျမ်းမျှ မိုးရေချိန်ဟာ ၇၃ . ၁ မီလီမီတာရှိခဲ့တယ်။ တချို့နေရာ တွေမှာဆို ကြောက်စရာကောင်းလောက်အောင် မိုးရေးချိန် ၁၉၄ . ၈ မီလီမီတာ အထိတောင် ရှိခဲ့ပါတယ်။

ဂွမ်ဒေါင်းပြည်နယ်က ရှိုဂျမ်းနဲ့ ကျင်းယန်းဒေသတွေအပါ တခြားဒေသတော်တော်များများ ဒီရက်အနည်းငယ် အတွင်း မိုးကြီးရေလျံမှုတွေ အရင်ကြုံဖူးတာထက်ဆိုးဆိုးရွားရွားနဲ့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်စေခဲ့တယ်။ ဒေသအလိုက် မိုးရွာသွန်းမှု၊ လေပြင်းတိုက်မှု၊ မိုးသီးကြွေမှုနဲ့ မြေပြိုမှုတွေကိုပါ မကြုံစဖူးဖြစ်စေခဲ့တယ်။ ဒါကြောင့် ဂွမ်ဒေါင်းပြည်နယ် ရေကြီးမှုထိန်းချုပ်ရေး အဖွဲ့က အရေးပေါ် အဆင့် (၄) ရေဘေးတုံ့ပြန်မှု စီမံကိန်းချမှတ်ပြီး ကူညီ ကယ်ဆယ်မှုလုပ်ငန်းတွေ ချမှတ်ခဲ့ရတယ်။ ဧပြီ ၄ ရက်နေ့ တစ်ရက်တည်း ရာနဲ့ချီတဲ့ ရေဘေးသင့်ပြည်သူ တွေကို ကယ်တင်ရွှေ့ပြောင်းပေးခဲ့ကြရတယ်။ ရှိုဂန်းမြို့မှာပဲ အဝေးပြေးလမ်းမကြီး ၇ လမ်းရေကြီးပိတ်ဆို့မှု ဖြစ် ပေါ်သလို ပေကျင်းကနေ ဂွမ်ဇူး ရထားလမ်းနဲ့ အမြန်ရထားလမ်းခရီးစဉ်တွေပါ နှောင့်နှေးခဲ့ရလို့ ခရီးသည် ထောင်ပေါင်းများစွာ အခက်အခဲတွေ တွေ့ခဲ့ကြရတယ်။

မြို့ပြဧရိယာမှာကို လမ်းတွေပေါ် ရေကြီးရေလျံမှုကြောင့် အများပြည်သူသုံး မြို့တွင်း ခရီးသွားလုပ်ငန်းတွေလည်း ဧပြီ ၄ ရက်မှာ ယာယီ ပိတ်ဆို့ ရပ်ဆိုင်းလိုက်ရတယ်။ သိပ်မကြာခင်မှာတော့ မြို့တွင်း အမှတ် ၂၁ လမ်းမကြီးက အပ ကျန်လမ်းတွေပေါ် ခရီးစဉ်တွေ ပြန်သွားလာနိုင်တယ်။ ဒါပေမဲ့ ရှိုးဂျန်းမြို့ တံတားသံဘောင်တွေ ရေတိုက်စား မျောပါပျက်စီးသွားလို့ တံတားဖြတ်သန်းမရတော့ဘဲ မြို့ထဲမှာသာ မိုးကြိုးမုန်တိုင်းတွေ၊ ပြင်းအား ၇ ကနေ ၉ အထိ အမြင့်ဆုံးတိုက်ခတ်တဲ့ လေပြင်းတွေ၊ တစ်စက္ကန့် ၂၃ . ၆ မိုင်နှုန်းတိုက်ခတ်တဲ့ အမြင့်ဆုံး လေတိုက်နှုန်းတွေ ကြောင့် ထွက်ပေါက်မရှိတဲ့ ပြည်သူတွေ ခါးစည်းခံခဲ့ရပါရော။ ရိုင်ယန်း(Ruiyuan) စီရင်စု၊ ဇန်းဂျီယန်း ဖိနစ်စီးတီး (Zhanjiang Phoenix City)အပါ နေရာပေါင်း ၃၃ နေရာမှာ မိုးသည်းထန်လွန်းလို့ ရေမြုပ်ခဲ့ရတဲ့ ဗီဒီယိုဖိုင်မှတ်တမ်း တွေလည်း ပိတ်မရ၊ ဖုံးမရ ကမ္ဘာသိ ထွက်ပေါ်လာတယ်။

ဒီတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုမှာ သဘာ၀ပတ်ဝန်းကျင်ပိုင်းက ပြန်ပေးဆပ်လိုက်ရတာက များပြားလွန်းပါတယ်။ တရုတ် ကွန်မြူနစ်ပါတီရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့တစ်ဖက်က သဘာ၀ပတ်ဝန်း ကျင် ထန်းသိမ်းနိုင်ရေး ချိန်ခွင်လျာ ထိန်းညှိနိုင်ရေး စိန်ခေါ်မှုက တော်တော်လေး ကြီးမားလေးလံစေပါပြီ။ မြင်သာစေတာကတော့ CPC ရဲ့ သဘာ၀ရာသီစက်ဝန်း အရင်လို တည်ငြိမ်အေးချမ်းကောင်းမွန်စေဖို့ ပြန်လည် တည့်မှတ်နိုင်မှုအပိုင်းက လုံး၀ ကျရှုံးမှုကို ဖြစ်နေစေပြီဆိုတာပါပဲ။ အပြစ်မဲ့ တရုတ်ပြည်သူတွေ သဘာ၀ကြီးရဲ့ လှဲကျင်းတိုက်စားမှု ခါးစည်းခံနေရချိန် သူတို့မှာ ရှင်းလင်းကောင်းမွန်တဲ့ လမ်းစဉ် ချပြဖို့အရေးလည်း ကျရှုံးနေခဲ့ပြီဆိုတာ အသေအချာဖြစ်ပါတော့တယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

စဝ်ခွန်ဆိုင်၊ SSPP/SSA၊ ရှမ်းလူထုနဲ့ ပကတိလားရာ

လွန်ခဲ့တဲ့ နှစ်နှစ်က ကျင်းပတဲ့ ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား တခုမှာ SSPP/SSA ဝါရင့် နာယကကြီး ဗိုလ်ချုပ်ကြီး ဆေထင်က အခုလိုပြောဖူးတယ်။
ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ စည်ကားခဲ့တဲ့ ကုန်တိုက်ကြီးတွေဟာ အခုတော့ ဆိတ်ကွယ်ရာအရပ်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now