ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

မဲခေါင် 30 Apr - 2024
ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြပါတော့မယ်။

လင်းမောင်

မတ် ၇ ရက်နေ့က ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြပါတော့မယ်။

အမေရိကန်အခြေစိုက်သတင်းစဉ် Barron အဆိုအရ ကနဦး အမေရိကန်-ဖိလစ်ပိုင် နှစ်ပတ်လည် ပူးတွဲစစ်ဆင် ရေး Balikatan (ပခုံးချင်းယှဉ်) အစီအစဉ်အရ ဧပြီ ၂၂ ရက်ကနေ မေ ၁၀ ရက်အထိ နှစ်နိုင်ငံတပ်သားပေါင်း ၁၆၇၀၀ ပါဝင်တဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်မယ်လို့ သိရတယ်။ ဒီနှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှု ကတော့ တရုတ်ဘက်က ဆက်တိုက်လာရောက်စိုးမိုး အနိုင်ကျင့်နေတဲ့ ဖိလစ်ပိုင် သီးသန့် စီးပွားရေးဇုန် ရေပိုင် နက်မှာ ပြုလုပ်မှာဖြစ်တယ်။ ရွေးချယ်ထားတဲ့ လေ့ကျင့်ရေးဇုန်ကို ကြည့်တာနဲ့ ဒီမဟာမိတ် ၂ နိုင်ငံရဲ့ ပစ်မှတ်က တရုတ်ကို ဦးတည်တယ်ဆိုတာ အားလုံး သိနိုင်ပါတယ်။

ဒီအရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး လင်ဂျီယန်းက * ဖိလစ်ပိုင်အနေနဲ့ တောင်တရုတ်ပင်လယ် ကိုယ့်နိုင်ငံပိုင်နက်အပြင်ကို ရောက်တာနဲ့ တင်းမာတဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ဒေသတွင်း တည်ငြိမ်မှုပျက်ပြားစေ မှာတွေကို ပိုဆိုးတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကောင်းကောင်း သိထားပါ။ ဒေသပြင်ပကတပ်ဖွဲ့တွေ ကို ဒီနယ်မြေလုံခြုံရေးအတွက် လက်လွှဲပေးခြင်းဟာ ပိုပြီး မလုံခြုံမှုကိုပဲ ပေးစွမ်းမှာဖြစ်သလို တစ်စုံတစ်ယောက် ရဲ့ စစ်တုရင်ထိုးကွက်ထဲ ကိုယ်တိုင် မျောသွားတာမျိုးဖြစ်ပါလိမ့်မယ်* လို့ ခြိမ်းခြောက်လာတယ်။

ဒါပေမဲ့ အမေရိကန်နဲ့မဟာမိတ်တွေဟာ ပေကျင်းအစိုးရရဲ့ တစ်ဖက်သတ်နယ်မြေသတ်မှတ်သိမ်းပိုက်မှုကို လုံး၀ လက်မခံတဲ့တုံ့ပြန်မှုအဖြစ် အရှေ့နဲ့တောင်တရုတ်ပင်လယ်ပြင်မှာ ပူးပေါင်းစစ်ရေးလေ့ကျင့်မယ့်အစီအစဉ်ကို မမှိန့်မသုန်လုပ်ဆောင်ဖို့ ခိုင်မာစွာ ဆုံးဖြတ်ထားပါတယ်။ တောင်တရုတ်ပင်လယ်ရဲ့ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ တိုင်ဝမ်ရေလက်ကြားအထိပါ တရုတ်ဟာ စစ်အင်အားအလုံးအရင်းသုံးပြီး ကင်းလှည့်တာ၊ စစ်ရေးလေ့ကျင့်တာ တွေလည်း ဆက်တိုက်လုပ်နေလို့ နိုင်ငံ တကာအသိုင်းအဝိုင်းက အင်ဒို-ပစ္စိဖိတ်ဒေသ တည်ငြိမ်ရေးပျက်ပြားပြီး လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ထိခိုက်မယ့် အရေး တွေးပူနေကြတယ်။

ဂျပန်ရဲ့ နှစ်ပတ်လည် သံတမန် စာအုပ်ပြာကို ဧပြီ ၁၆ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်။ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်မှာသာမက ဆန်ကာကူကျွန်းတွေအထိပါ တရုတ်ဟာ သူ့တစ်ဖက် သတ်သတ်မှတ်အပိုင်နယ်မြေအဖြစ် ပြောင်းလဲသတ်မှတ်မှုမူဝါဒဟာ လုံး၀မပြောင်းလဲကြောင်း၊ စစ်ရေးအင်အား တွေကို ဒီနေရာပင်လယ်ပြင်တွေမှာလည်း တိုးမြှင့်ချထားကြောင်း၊ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ လုံခြုံရေးသဘာ၀ ပတ်ဝန်းကျင်အခြေအနေဟာ စစ်ပြီးခေတ်နောက်ပိုင်း စိုးရိမ်စရာအကောင်းဆုံးအခြေအနေမှာ ရှိနေတယ်လို့ပါ ထည့်သွင်းရေးသားဖော်ပြသွားတယ်။ ဒီနှစ်ပတ်လည် သံတမန်စာတမ်းမှာ တရုတ်ရဲ့ ဒေသတွင်း စစ်အင်အား တိုးချဲ့တည်ဆောက်ခြိမ်းခြောက်နေခြင်းအပေါ် လုံး၀လက်မခံနိုင်ဘူးလို့ဆိုသလို တန်ပြန်နိုင်ဖို့ မဟာမိတ်တွေဖြစ် တဲ့ G 7 ၊ The Quad ၊ အမေရိကန်နဲ့ တောင်ကိုရီးယားမဟာမိတ် အင်အားစုတွေအားလုံး ပူးပေါင်းသွားမယ်လို့ ရေးသားဖော်ပြထားတယ်။

ဂျပန် သံတမန်စာအုပ်ပြာပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ လင်ဂျီယန်းက * ဂျပန်ဟာ မှားနေတဲ့ဓာတ်ပြားဟောင်းပြီးကို ထပ်ဖွင့်ပြီး တရုတ်နိုင်ငံက ခြိမ်းခြောက်နေ တယ်။ စိုးမိုးနေတယ်လို့ ဖော်ပြလာပြန်တယ်။ ဒါကို လုံးလုံးဆန့်ကျင်ပါတယ်။ တရုတ်ပြည်တွင်းအရေးကို ဂျပန် ဝင်စွက်ဖက်တာသာဖြစ်တယ်။ ဒါကြောင့် ဂျပန်အနေနဲ့ ပိုဆိုးတဲ့ တုံ့ပြန်မှုတွေ မခံရအောင် အမြန်ဆုံးပြောင်းလဲ လိုက်ပါ။ နှစ်နိုင်ငံ မဟာဗျူဟာကျတဲ့ သဘောတူပူးပေါင်းလုပ်ဆောင်ခြင်းမျိုးကသာ နှစ်ဖက်အကျိုးကို ဖြစ်စေ ပါမယ်။ တရုတ်-ဂျပန်ဆက်ဆံရေးကို ရေရှည်ခိုင်မာစေပြီး ခေတ်သစ်ဆက်ဆံရေးအသွင်းပြောင်းနိုင်မှ တည်ငြိမ် မှုတွေဖြစ်စေပါလိမ့်မယ်* လို့ ထပ်မံခြိမ်းခြောက် တုံ့ပြန်တယ်။

ဂျပန်ရဲ့ တရုတ်ကို ရည်ညွှန်းတဲ့ ခြုံငုံသုံးသပ်ချက်ဟာ တရုတ်အတွက် အကောင်းမြင်စရာ အရေးမျိုးမဟုတ်ပါ ဘူး။ အင်ဒို-ပစ္စိဖိတ်ဒေသမှာ ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) အထူးတပ်တွေကို တိုးချဲ့ ချထားတာတွေ၊ ဖိလစ်ပိုင်နဲ့တခြား အိမ်နီးချင်းနိုင်ငံတွေက ကာကွယ်တိုက်ခိုက်ရေး ကမ်းခြေစောင့်တပ် အခြေခံ အဆောက်အအုံတွေ တိုးချဲ့လုပ်ဆောင်နေခြင်းတွေပါ ပေါင်းရင် တရုတ်အတွက် စိုးရိမ်ပူပန်စရာ စိန်ခေါ်မှုတွေက ပတ်ချာလည် ရှိနေတာကို သိရှိစေနိုင်ပါတယ်။ ဂျပန် NHK မီဒီယာက ၂၀၀၁ ခုနှစ်က စတင်ထူးထောင်တဲ့ ဂျပန် ကိုယ်ပိုင်ရေကြောင်းကာကွယ်ရေးတပ်ဟာ အခုမှ ပထမဆုံး ဒေသတွင်း ကမ်ခြေစောင့်တပ် လုံခြုံရေးအထူးတပ် အဖြစ် စတင်ဖွဲ့စည်းပြီး မေလက စလို့ မသင်္ကာဖွယ်ရာ သင်္ဘောတွေ ပိုင်နက်ထဲဝင်လာရင် စုံစမ်းဖော်ထုတ်ခြင်း၊ အရေးယူတိုက်ခိုက်ခြင်းတွေ လုပ်တော့မယ်ကြေညာတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ဟာ တခြားနိုင်ငံ ကမ်းခြေ အထိ အထူးတပ်စေလွှတ်ပြင်ဆင်မှုဟာလည်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရတယ်။

Global Times သတင်းမှာ ဂျပန်က ဒီလို တခြားနိုင်ငံကမ်းခြေစောင့်တပ်တွေအတွက် ပူးပေါင်းပါဝင်ပေးနေတာ တရုတ်ကို ဦးတည်ဟန့်တားဖို့ ဖြစ်ကြောင်း၊ တရုတ်ဘက်က ဂျပန်ရဲ့ သူများနိုင်ငံ ပိုင်နက်ထဲ လုံခြုံရေးအင်အားတိုးမြှင့် အခြေစိုက်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက သတိကြီးကြီးထားပြီး စောင့်ကြည့်လို့ စည်းမျဉ်းဥပဒေနဲ့အညီ လိုက်နာလုပ်ဆောင်သင့်တယ်လို့ တုံ့ပြန်ထားကြောင်း ဖော်ပြသွားတယ်။

ဒါပေမဲ့ ဒီမူဝါဒ ကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ အမေရိကကိုသွားပြီး အမေရိကန်၊ ဖိလစ်ပိုင်နဲ့ ၃ နိုင်ငံသဘောတူညီချက် စာချုပ် အပြီး ပြတ်သားစွာ ရွေးချယ်လိုက်တာဖြစ်တယ်။ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ဂျပန်ဟာ ကာကွယ် ရေးမူဝါဒတွေကို အများအပြားပြောင်းလဲတယ်။ ကိုရီးယားကျွန်းဆွယ်လုံခြုံရေး၊ အရှေ့နဲ့တောင်တရုတ်ပင်လယ် အရေး၊ ထိုင်ဝမ်ရေလက်ကြားအရေးအားလုံးအပေါ်မှာ ကာကွယ်ရေးမူဝါဒသစ်တွေ ပြောင်းလဲကျင့်သုံးဖို့ ဆုံး ဖြတ်ခဲ့တယ်။ ဂျပန်ဟာ ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံးအကြိမ်အသုံးပြုမှုအဖြစ် လေယာဉ်တင်၊ ရဟတ်ယာဉ် တင်သင်္ဘောတွေကိုပါ အဆင့်မြှင်တင် တပ်တော်ဝင်စေတာတွေ လုပ်လာတယ်။ South China Morning Post သတင်းဖော်ပြချက်အရ ဂျပန်ဟာ ကိုယ်ပျောက် F 35 ဖိုက်တာဂျက်လေယာဉ်တွေကို အဆင့်မြှင့်တင်စေလွှဖို့ စီစဉ်နေကြောင်း၊ အဆင့်မြှင့်တင်နေတဲ့ ဂျပန်လေယာဉ်တင်သင်္ဘောအမည်က Kaga ဖြစ်ပြီး ဒီနာမည်ဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေက ရှန်ဟိုင်းမှာ ဂျပန်တပ်တွေ ဗုံးကျဲမှုမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ သင်္ဘောအမည်အတိုင်း ပေး ထားတာဖြစ်ကြောင်း ဖော်ပြရေးသားသွားတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူကျန်းက ဂျပန် ဒုတိယကမ္ဘာစစ်မှာ သုံးခဲ့တဲ့သင်္ဘော နာမည်ကို အမြဲ ဦးစားပေးမှည့်ခေါ်နေမှုဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာ နားလည်ကြောင်း ဟောင်ကောင် အခြေစိုက် အင်္ဂလိပ်ဗားရှင်း သတင်းစာတစ်စောင်မှာ ထင်မြင်ချက်ကို ပြောဆိုသွားတယ်။

ဂျပန်ကတော့ ဆုံးဖြတ်ပြီးရင် မပြင်တော့ဘဲ ဆက်တိုးဖို့ လုပ်နေပါပြီ။ ၂၀၂၅ မှာ နိုင်ငံဆီ အမေရိကကတင်ပို့ဖို့ စီစဉ်ထားတဲ့ အမေရိကန်ထုတ် Tomahawk ဒုံးကျည်တေွကို ပစ်ခတ်ဖို့ စတင်လေ့ကျင့်နေပါပြီ။ ဂျပန်ဟာ ဒီ Tomahawk ဒုံးကျည်အလုံးပေါင်း ၄၀၀ အထိကို ၂၀၂၅ ခုနှစ်ကစပြီး ၃ နှစ်အတွင်း ဝယ်ယူသွားဖို့လည်း စီစဉ် နေပြီဖြစ်တယ်။ ဒါအစီအစဉ်ဟာ အမျိုးသားလုံခြုံရေးအတွက် မဟာဗျူဟာကျတဲ့ လက်နက်အင်အားဖြည့်ခြင်း ဖြစ်ပြီး တခြားရန်သူနယ်က စစ်ရေးပစ်မှတ်တွေကို အရေးပေါ်တန်ပြန်ပစ်ခတ်ဖို့ စွမ်းရည်အပြည့်ရယူတည် ဆောက်တာပဲဖြစ်တယ်။

အခု အင်ဒို-ပစ္စိဖိတ်ဒေသမှာ တရုတ်ကို စိန်ခေါ်ဖို့ အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန်အပြင် မဟာမိတ်နိုင်ငံတွေက လုံခြုံရေးအစက်လိုင်းတွေ ချမှတ်ထားကြပြီ။ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနဲ့အတူ တန်ပြန်ဖို့ အသင့်ပြင်ထားနေမှုများစွာဟာ တရုတ်အပေါ် ရန်သူမဟာမိတ်တွေအားလုံး ကျစ်ဆံမြီးကျစ်ထားသလို စည်လုံးသွားစေတဲ့ပါတယ်။ ဒီအခြေအနေတွေက တောင်တရုတ်ပင်လယ်မှာ ဗိုလ်ကျနယ်ချဲ့မှုတွေ တရုတ် ဆက်မလုပ်ဘဲ ရပ်တန့်သွားမလားတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့သူတို့ဟာ အိမ်နီးချင်းတွေရဲ့ နယ်မြေနဲ့ သယံဇာတတွေအပေါ် သစ္စာမဲ့ခိုးယူသူအဖြစ် နိုင်ငံတကာက အခိုင်အမာ ယုံကြည်စွပ်စွဲတာမျိုးဖြစ်လာမှာကို တော့ စိုးရိမ်းနေမှာ သေချာစေပါတော့တယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

သတင်းလွတ်လပ်ခွင့် ဖိနှိပ်မှု ပိုမိုအားကောင်းနေဆဲ တရုတ်

မေ ၃ ရက်နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ချက်မှာ မီးမောင်းထိုးပြလိုက်တဲ့ သတင်းအချက်အလက် တွေမှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ စာရေးဆရာတွေ၊ သတင်းသမားတွေကို
ဆောင်းပါး

တာချီလိတ်က ကျားဖြန့်တွေဘယ်ရောက်သွားလဲ

တရုတ်ရဲ့ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ တရုတ်ငွေလိမ်ဂိုဏ်းတွေကို အပြင်းအထန်နှိမ်နင်းရပါတော့တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လက်ပံတောင်းမှာ လုပ်ငန်းပြန်စဖို့ ပြင်ဆင်နေတဲ့ တရုတ်

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်တန့်သွားတဲ့ မြန်မာ့ကြေးနီသတ္တုတွင်းလုပ်ငန်းကို ပြန်လည်ထူထောင်ဖို့ တရုတ်နိုင်ငံက နည်းပညာရှင် ၈၀နဲ့ ၁၀၀ ကြားဟာ မကြာသေးမီက ဆားလင်းကြီးကို ရောက်ရှိခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Chinese To Resume Operations At Leptadaung in Sagaing

A batch of approx. 80-100 Chinese technicians & helpers have reached Salingyi township recently to restore Myanmar's copper mining operations

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အထူးဒေသ(၄)မိုင်းလားနဲ့ စစ်ကောင်စီရဲ့ တရုတ်သွင်းကုန်/ပို့ကုန် လွန်ဆွဲပွဲ

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်နဲ့ စစ်ဆင်ရေးပြီးအခြေအနေတွေကြောင့် တရုတ်နဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် တရုတ်နဲ့သွင်းကုန်/ထုတ်ကုန်တွေကို ရှမ်းအရှေ့ အထူးဒေသ(၄)မိုင်းလားကနေတဆင့် ကုန်သွယ်နေရတာပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China Strengthens Its Repression of Press Freedom

On May 3, the globe observed globe Press Freedom Day. However, alarming new information highlights that China continues to be

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Thailand sales decline, but Chinese EV manufacturers keep up their pricing fight

Chinese manufacturers are struggling to carve out a niche for themselves in Thailand's Electric Vehicle (EV) industry due to fierce

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စဝ်ခွန်ဆိုင်၊ SSPP/SSA၊ ရှမ်းလူထုနဲ့ ပကတိလားရာ

လွန်ခဲ့တဲ့ နှစ်နှစ်က ကျင်းပတဲ့ ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား တခုမှာ SSPP/SSA ဝါရင့် နာယကကြီး ဗိုလ်ချုပ်ကြီး ဆေထင်က အခုလိုပြောဖူးတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now