Others

ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာပေမယ့် နွေဦးတော်လှန်ရေးအပေါ် သဘောထားပြောင်းလဲမှာ မဟုတ်ဘူးလို့ TNLA ပြော

မဲခေါင် 2 Aug - 2023
မဲခေါင် ၊ ဩဂုတ် ၂ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ တောင်းဆိုထားတာမရှိဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာပန်လ ကပြောပါတယ်။

မဲခေါင် ၊ ဩဂုတ် ၂

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ တောင်းဆိုထားတာမရှိဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာပန်လ ကပြောပါတယ်။

“ ကျွန်တော်တို့အနေနဲ့က တောင်းဆိုထားတာမျိုးတွေ မရှိပါဘူး။ ဒါပေမယ့် ဒီနေ့ထုတ်ပြန်ချက်ထဲမှာတော့ ကျွန်တော်တို့ လူစာရင်းတွေ ပါလာတာမျိုးကို တွေ့ရှိရပါတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် အခုလို ဖမ်းဆီးခံထားရတဲ့ TNLA တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက ပြန်လွတ်ပေးပေမယ့် နွေဦးတော်လှန်ရေး အပေါ် ထားရှိတဲ့ TNLA ရဲ့ သဘောထားက ပြောင်းလဲမှုရှိမှာမဟုတ်ဘူးလို့လည်း ဒု-ဗိုလ်မှူးကြီး တာပန်လ က ပြောပါတယ်။

စစ်ကောင်စီက အခုလိုမျိုး ဖမ်းဆီးခံထားရတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေကို ပြန်လွတ်ပေးတာတွေဟာ သဘောရိုးနဲ့ မဟုတ်ဘဲ ထွက်ပေါက်ရှာတာဖြစ်နိုင်တယ်လို့လည်း ဒု-ဗိုလ်မှူးကြီးတာပန်လက သုံးသပ်ပါတယ်။

“ သူ့ထွက်ပေါက်ရှာတဲ့အနေနဲ့ ပြုလုပ်တာဖြစ်နိုင်တယ်။ သဘောရိုးနဲ့တော့ ဖြစ်ပုံမရပါဘူး” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၂ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဩဂုတ်လ ၁ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပြီး အဲ့ဒီ ၂၂ ဦးထဲမှာ MNDAA ကိုးကန့်တပ်ဖွဲ့ဝင် ၂ ဦး ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင် ၃ ဦး ၊ ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် ၁ ဦး နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင် ၁၆ ဦး ပါဝင်ပါတယ်။

စစ်ကောင်စီက အခုလို့ လွတ်ငြိမ်းခွင့်ပြုတာဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ရင်ဆိုင်ရမယ့် စစ်မျက်နှာကို လျှော့ချချင်တဲ့ သဘောဖြစ်တယ်လို့ ရှမ်းပြည်နယ်အရေး လေ့လာနေသူတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ နွေဦးတော်လှန်ရေးအဖွဲ့တွေနဲ့ တပြိုင်နက် တချိန်တည်း ညီနောင်အဖွဲ့တွေကိုပါ စကစ က စစ်ကောင်းကောင်းတိုက်နိုင်တဲ့ အခြေအနေ မဟုတ်တာကြောင့် အဲ့ဒီဘက်ကို စစ်ရပ်ထားချင်တဲ့ လုပ်ရပ်တစ်ခုအနေနဲ့ ဒီလိုလွှတ်ပေးတာလို့ မြင်လို့ရပါတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့မှာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးခံရတဲ့သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းပေးတယ်ဆိုပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ အနည်းငယ်သာပါဝင်ပါတယ်။

CJ-002

#MeKongNews

#TNLA

#စစ်ကောင်စီ

#ပြစ်ဒဏ်လွတ်ငြိမ်း

#နွေဦးတော်လှန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others

ဖရူဆို အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှာ စစ်ဘေးရှောင်တွေနဲ့ စာသင်ကျောင်းအတွက် အကူအညီ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်
Others မြန်မာ့နွေဦး

နောင်ချိုမှာရှိတဲ့ TNLA စခန်းကို စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေချ စစ်ကောင်စီရဲ့အမြောက်တပ်က နောင်ချိုမြို့နယ် သံဘိုကျေးရွာမှာ ရှိတဲ့ TNLA စခန်းကို မနေ့ မတ် ၈ ရက်မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ပင်လုံ-ကျောက်တန်းလမ်းသွား ကားအချို့ထံက PNO ပြည်သူ့စစ်က ကားပေါ်ပါပစ္စည်းတွေကို ယူဆောင်

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံ-ကျောက်တန်းသွား ကားအချို့ထံက စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ကားပေါ်ပါပစ္စည်းတွေကို အတင်းအကြပ်ယူဆောင်သွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ TNLA ထံ အလင်းဝင်

လားရှိုးမြို့မှ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ထံ အလင်းဝင်လာခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ချင်းရွှေဟော်က စစ်ရေးအရအရေးပါတဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို ၂၄နာရီကျော်ကြာတိုက်ယူပြီး MNDAA သိမ်း၊ စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံး

ချင်းရွှေဟော်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို MNDAA တပ်ဖွဲ့က ၂၄နာရီကျော်ကြာထိုးစစ်ဆင်ခဲ့ပြီး မနေ့ အောက်တိုဘာ ၂၈ရက် နေ့လည်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ကွတ်ခိုင်မြို့နယ် ၃ နေရာမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က နေရာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မိုးဗြဲမြို့ပေါ် မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now