Others

မိုးဗြဲမြို့ပေါ် မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်

မဲခေါင် 2 Jun - 2023
မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်တာ မထူးဆန်းတော့ပေမဲ့ လူနေရပ်ကွက်တွေပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှာကို စိုးရိမ်ရတယ်လို့ သူကပြောပါတယ်။

“ မြို့ပေါ်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မနက်ကတည်းက ဆက်တိုက် ကြားနေရတယ်။ ကြည့်ရတာ တိုက်ပွဲတွေ ထပ်ဖြစ်နေပြီနဲ့ တူတယ်။ တိုက်ပွဲက မထူးဆန်းတော့ပေမဲ့ စစ်ကောင်စီက တိုက်ပွဲနဲ့ မဆိုင်တဲ့ လူနေရပ်ကွက်တွေကိုလည်း လိုက်ပစ်တတ်လို့ စိုးရိမ်နေရတယ်” လို့ မြို့ပေါ် နေထိုင်သူ တစ်ဦးက ပြောပါတယ်။

မိုးဗြဲမြို့ပေါ်မှာ ဒေသခံ တစ်ချို့ နေထိုင်လျက်ရှိပြီး အများစုကတော့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ စစ်ဘေး တိမ်းရှောင်နေရပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာန စုံစမ်း မေးမြန်းနေဆဲ ဖြစ်ပါတယ်။

မြို့ပေါ်မှာ စစ်ရေး တင်းမာနေတာကြောင့် ပြည်သူတွေ ဂရုစိုက် နေထိုင်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် -MBPDF က ထုတ်ပြန်ထားပါတယ်။

MK-007

#MeKongNews

#မိုးဗြဲမြို့

#လက်နက်ကြီး

#မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others မြန်မာ့နွေဦး

နောင်ချိုမှာရှိတဲ့ TNLA စခန်းကို စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေချ စစ်ကောင်စီရဲ့အမြောက်တပ်က နောင်ချိုမြို့နယ် သံဘိုကျေးရွာမှာ ရှိတဲ့ TNLA စခန်းကို မနေ့ မတ် ၈ ရက်မှာ
Others

ပင်လုံ-ကျောက်တန်းလမ်းသွား ကားအချို့ထံက PNO ပြည်သူ့စစ်က ကားပေါ်ပါပစ္စည်းတွေကို ယူဆောင်

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံ-ကျောက်တန်းသွား ကားအချို့ထံက စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ကားပေါ်ပါပစ္စည်းတွေကို အတင်းအကြပ်ယူဆောင်သွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ TNLA ထံ အလင်းဝင်

လားရှိုးမြို့မှ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ထံ အလင်းဝင်လာခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ချင်းရွှေဟော်က စစ်ရေးအရအရေးပါတဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို ၂၄နာရီကျော်ကြာတိုက်ယူပြီး MNDAA သိမ်း၊ စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံး

ချင်းရွှေဟော်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို MNDAA တပ်ဖွဲ့က ၂၄နာရီကျော်ကြာထိုးစစ်ဆင်ခဲ့ပြီး မနေ့ အောက်တိုဘာ ၂၈ရက် နေ့လည်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ကွတ်ခိုင်မြို့နယ် ၃ နေရာမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က နေရာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာပေမယ့် နွေဦးတော်လှန်ရေးအပေါ် သဘောထားပြောင်းလဲမှာ မဟုတ်ဘူးလို့ TNLA ပြော

မဲခေါင် ၊ ဩဂုတ် ၂ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ တောင်းဆိုထားတာမရှိဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာပန်လ ကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

သတင်းကူးယူ အသုံးပြုမှုများနှင့် ပတ်သက်၍ ကြေညာခြင်း

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်း စစ်တပ်နှင့် အပေါင်းအပါများက လွတ်လပ်သည့် သတင်းဌာနများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေသည်ကို ကြံ့ကြံ့ခံရပ်တည်ကာ သတင်းများ တင်ဆက်လျက်ရှိသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now