မဲခေါင်၊ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံ-ကျောက်တန်းသွား ကားအချို့ထံက စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ကားပေါ်ပါပစ္စည်းတွေကို အတင်းအကြပ်ယူဆောင်သွားတယ်လို့ သိရပါတယ်။
ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် က ပင်လုံ-ကျောက်တန်းလမ်းကို သွားတဲ့ ကားအချို့ ပေါ်က IPhone ၁၀လုံး၊ တန်းဆာခတွေနဲ့ငွေလွှဲကျပ် ၈သိန်း ၊ အခြားကုန်ပစ္စည်းတွေကို လမ်းမှာရှိတဲ့ PNO ပြည်သူ့စစ်တွေက အတင်းအကြပ်ယူဆောင်သွားတာခံရတယ်လို့သိရပြီး ယင်းပစ္စည်းတွေဟာ
လွိုင်လင်၊ ပင်လုံ၊ နမ့်စန်မြို့တွေကို ပို့ရမယ့် ပစ္စည်းတွေလို့ သိရပါတယ်။
PNO တွေ အတင်းအကြပ်ယူဆောင်သွားခံရတဲ့ ကားကတော့ Vigo 2017 M0del လိုင်စင်မဲ့ ကား ဖြစ်ပြီး နမ့်စမ်က လို့သိရပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲတွေကြောင့် တောင်ကြီး-မိုင်းပွန်-လွိုင်လင် ကားလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် ကစပိတ်ပြီးတဲ့နောက်မှာ ကားတွေဟာ ရှောင်ကွင်းလမ်းဖြစ်တဲ့ ပင်လုံ-ကျောက်တန်းလမ်းကို အသုံးပြုသွားလာနေတာပါ။
ယခင်ရက်တွေက အခြားလက်နက်ကိုင် ၄ ဖွဲ့လောက်နဲ့တွေ့တာ ဘာမှမဖြစ်ပေမယ့် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် လမ်းမပိတ်ခင်သွားလာခဲ့တဲ့ကားတွေမှာ အခုလို အဲဖက်လမ်းကိုရောက်လာတဲ့ PNO တွေနဲ့ကျမှ အတင်းအကြပ်ယူခံရနေတာလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
PNO ပြည်သူ့စစ်တွေ ထိုင်တဲ့ အင်းလေးအရှေ့ဘက်၊ မှော်ဘီဂိတ်မှာလည်း ခရီးသွားတွေထံက ပစ္စည်းတွေ အတင်းအကျပ် တောင်းယူနေကြပါတယ်။
MK-012