Others

ဖရူဆို အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေ

မဲခေါင် 24 Apr - 2024
ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှာ စစ်ဘေးရှောင်တွေနဲ့ စာသင်ကျောင်းအတွက် အကူအညီ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်

မဲခေါင်၊ ဧပြီ ၂၄

ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှာ စစ်ဘေးရှောင်တွေနဲ့ စာသင်ကျောင်းအတွက် အကူအညီ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ထောက်ပံ့မှုတချို့ ပေးထားပေမယ့် မလုံလောက်တာကြောင့် ပြီးခဲ့တဲ့ ၃ လလောက်ကတည်းက အကူအညီတွေ လိုအပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Karenni Support Team(KNST)ရဲ့ တာဝန်ရှိသူ တစ်ဦးက “စစ်ရှောင်ရော ကျောင်းအတွက်ရော လိုနေတာ။ ရွာကတော့ များတယ်။ နီးတဲ့ရွာတွေတော့ ပေါင်းတက်ကြတယ်။ ရိက္ခာမရတာ ၂ လကျော်ပြီ” လို့ ပြောပါတယ်။

IEC အနေနဲ့ စာသင်ကျောင်း ၁၄ ကျောင်းအတွက် အဝတ်အထည် ၅၀ ခန့် ချပေးခဲ့ပေမယ့် ကျောင်းသားဦးရေ များတာကြောင့် တစ်ကျောင်းကို ၄ ထည်လောက်သာ ရရှိခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေ အနေနဲ့လည်း စစ်ကောင်စီတပ်ဘက်က မကြာခဏ စစ်ကြောင်းထိုးတာကြောင့် ရိက္ခာပြန်ယူဖို့ ခက်ခဲနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင် တစ်ဦးက “NGO တွေလည်း မလာတာကြာပြီ။ ကိုယ့်ကိုယ်ပဲ ဖြေရှင်းနေရတယ်။ ထမင်းမစားရတဲ့ ရက်တွေတောင် ရှိတယ်။ လုပ်စရာ အလုပ်အကိုင်လည်း မရှိဘူး” ပြောပါတယ်။

လက်ရှိ အကူအညီလိုအပ်နေတဲ့ နေရာမှာ ရွာပေါင်း ၃၀ ကျော်၊ စာင်ကျောင်း ၁၄ ကျောင်းနဲ့ ရိက္ခာပြတ်နေတဲ့ စစ်ဘေးရှောင် အယောက် ၅၀၀ ကျော် ရှိတယ်လို့ KNST တာဝန်ရှိသူတွေဆီက သိရပါတယ်။

IEC ရဲ့ အထွေထွေ အတွင်းရေးမှူး ၂ ဦးဗညားက ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တွေကို ကိုယ်တိုင် စိုက်ပျိုးရေး လုပ်ကိုင်ဖို့အတွက် အားပေးပြီး စိုက်ပျိုးနိုင်အောင်လည်း ကူညီပေးနေတာတွေ ရှိတယ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ဖူးပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others မြန်မာ့နွေဦး

နောင်ချိုမှာရှိတဲ့ TNLA စခန်းကို စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အခြေချ စစ်ကောင်စီရဲ့အမြောက်တပ်က နောင်ချိုမြို့နယ် သံဘိုကျေးရွာမှာ ရှိတဲ့ TNLA စခန်းကို မနေ့ မတ် ၈ ရက်မှာ
Others

ပင်လုံ-ကျောက်တန်းလမ်းသွား ကားအချို့ထံက PNO ပြည်သူ့စစ်က ကားပေါ်ပါပစ္စည်းတွေကို ယူဆောင်

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံ-ကျောက်တန်းသွား ကားအချို့ထံက စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ကားပေါ်ပါပစ္စည်းတွေကို အတင်းအကြပ်ယူဆောင်သွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ TNLA ထံ အလင်းဝင်

လားရှိုးမြို့မှ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ထံ အလင်းဝင်လာခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ချင်းရွှေဟော်က စစ်ရေးအရအရေးပါတဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို ၂၄နာရီကျော်ကြာတိုက်ယူပြီး MNDAA သိမ်း၊ စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံး

ချင်းရွှေဟော်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို MNDAA တပ်ဖွဲ့က ၂၄နာရီကျော်ကြာထိုးစစ်ဆင်ခဲ့ပြီး မနေ့ အောက်တိုဘာ ၂၈ရက် နေ့လည်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ကွတ်ခိုင်မြို့နယ် ၃ နေရာမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က နေရာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာပေမယ့် နွေဦးတော်လှန်ရေးအပေါ် သဘောထားပြောင်းလဲမှာ မဟုတ်ဘူးလို့ TNLA ပြော

မဲခေါင် ၊ ဩဂုတ် ၂ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ တောင်းဆိုထားတာမရှိဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာပန်လ ကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others

မိုးဗြဲမြို့ပေါ် မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက် ကြားနေရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now