စစ်ရေးသတင်း

ရှမ်းအရှေ့ မိုင်းဆတ်၊ မိုင်းတုံမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရာမှာ မညီမျှမှုတွေဖြစ်နေ

မဲခေါင် 18 Mar - 2024
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်၊ မိုင်းတုံ ခရိုင်တွေမှာ စစ်မှုထမ်းဖို့ ရပ်ကွက်အဆင့် လုပ်ဆောင်နေတာတွေဟာ ညီမျှမှုတွေမရှိဘူးလို့ ဒေသခံတွေက ဝေဖန်ပြောကြားနေတယ်လို့ သိရပါတယ်။

မဲခေါင်၊ မတ် ၁၈

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်၊ မိုင်းတုံ ခရိုင်တွေမှာ စစ်မှုထမ်းဖို့ ရပ်ကွက်အဆင့် လုပ်ဆောင်နေတာတွေဟာ ညီမျှမှုတွေမရှိဘူးလို့ ဒေသခံတွေက ဝေဖန်ပြောကြားနေတယ်လို့ သိရပါတယ်။

မိုင်းဆတ်မှာ မြို့ပေါ်ရပ်ကွက်တွေ ကို မခေါ်ပဲ မြို့ဆင်ခြေဖုံးက ကောင်းမှုတန်နဲ့ ဝိန်းနေကျေးရွာ တွေမှာပဲ တစ်ရွာ ၃ ဦး ခေါ်ဆောင်တာ၊ မိုင်းတုံမြို့ပေါ် မှာတော့ တစ်ရပ်ကွက်ကို ၅ ဦး သတ်မှတ်ပြီး မဲနှိုက်တာတွေပြုလုပ်နေသလို လုပ်ဆောင်ပုံခြင်းတွေလည်း မတူလို့ဒေသခံတွေက ဝေဖန် နေကြတယ်လို့ သိရပါတယ်။

ဥပဒေမှာ သားတစ်ယောက်ထဲ မိဘကို လုပ်ကြွေးနေရင် ကင်းလွတ်ခွင့်ရတယ်ပြောတယ်၊ စိုင်းဝင်း(မြို့မအုပ်ကြီး)က သားတစ်ယောက်ထဲရှိတာတွေပဲ ရွေးခေါ်တယ်၊ ပြီးတော့ နောင်ပါရင်လို အုပ်ထိန်းသူတွေနဲ့ညှိတာလဲ မရှိဘူး၊ ခုလဲ အစည်းအဝေးထပ်ခေါ်ပြီး အိမ်ထောာင်သည်တွေကအစအားလုံး စာရင်းတွေထည့်ပစ်တာ ၁၅၀ ကျော်ပြီ၊ သူ့သားကျတော့ ပြေးခိုင်းထားပြီလို့ မိုင်းတုံမြို့မရပ်ကွက်သူ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

မိုင်တုံမြို့တွင် နောင်ပါရင်၊ မြို့မရပ်ကွက်၊ ဝမ်မိုင်ရပ်ကွက် ၃ ရပ်ကွက်ရှိရာ နောင်ပါရင်အုပ်ကြီး စိုင်းမတ်ကတော့ မတ် ၁၆ ရက်မှာ ရပ်ကွက်က စစ်မှုထမ်းအကျုံးဝင်တဲ့ အသက်ကာလထဲက လူငယ်တွေ မိဘတွေကို ခေါ်ယူညှိနှိုင်းပြီး ၃ယောက်ကို မဲနှိုက်ကာ ပံ့ပိုးရေးဆိုပြီး တစ်အိမ်ကို ကျပ်ငွေ ၂ သောင်းကောက်ခံရန် သဘောတူကြတယ်လို့ ဒေသခံက ပြောပါတယ်။

မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးက မတ်လ ၁၆ ရက်မှာ အစည်းအဝေးခေါ်ပြီး ဘာမှမညှိနှိုင်းဘဲ မဲပေါက်တာ ၅ ယောက်ရှိတယ်၊ မဖြစ်မနေ လာရမယ်ပြောလို့ မိဘတွေနဲ့ စကားတွေများကြတယ်လို့ သိရပါတယ်။

မဲပေါက်တဲ့လူငယ်တွေလဲ မြို့ပေါ်မှာ မရှိကြတော့တာကို သူကိုယ်တိုင်ဖုန်းတွေ ဆက်ခေါ်နေတာ ရမရတော့ မသိဘူးလို့ ဒေသခံက ပြောပါတယ်။ မနေ့က မတ်လ ၁၇ ရက်မှာ အစည်းအဝေးထပ်ခေါ်ပြီး အိမ်ထောင်ရှိသူတွေပါ စာရင်းတွေယူတော့ ၁၅၀ ဦးလောက် ရှိသွားပြီလို့ ဆိုပါတယ်။

ဝမ်မိုင် အုပ်ကြီး စိုင်းပန်းကတော့ အရင်ထည့်ထားတဲ့ ပြည်သူ့စစ်တွေကို စစ်သားအဖြစ်ပြောင်းလဲဖို့ လုပ်ထားလို့ လတ်တလောပြဿနာကို ဖြေရှင်းထားပေမယ့် နောက်လာမယ့် အခေါက်တွေတော့ ဘယ်လိုလုပ်မယ်မသိသေးဘူးလို့ ဆိုသလို ဖာချယ်ရွာမှာဆိုရင် အကျုံးဝင်တဲ့လူငယ် လူရွယ်တွေ တစ်ယောက်မှ မရှိကြတော့ဘူးလို့ သိရပါတယ်။

မိုင်းဆတ်၊ မိုင်းတုံမြို့တွေမှာ ဒေသခံလားဟူ ပြည်သူ့စစ်အဖွဲ့တွေဆယ်ချီရှိနေတာဖြစ်လို့ အခြားအရပ်သား ပြည်သူတွေကိုပဲ စစ်မှုထမ်းဥပဒေအရ စာရင်းကောက်ခံတာ၊ မဲနှိုက်တာတွေ ပြုလုပ်နေတာလို့ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း နွေဦးတော်လှန်ရေးကို လုပ်ဆောင်နေတဲ့ ၃ နှစ်ကျော်အတွင်းမှာ ရှမ်းအရှေ့မြို့တွေကတော့ လှုပ်ရှားမှု မရှိသလောက်ရှိနေခဲ့တာမှာ အခု ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်လုပ်ဆောင်ချိန်မှာတော့ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်သူတွေ များပြားလာနေတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျည်ကာအင်္ကျီနဲ့ ဦးထုပ်အတွက် အင်းလေး PDF ကမ်ပိန်းပြုလုပ်

အင်းလေးကာကွယ်ရေးတပ်ဖွဲ့အမှတ် ၁၀၀၉ IPDF က တပ်ဖွဲ့ဝင်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Vest တွေအတွက် ကမ်ပိန်းပြုလုပ်ကြောင်း ဒီနေ့ဧပြီ ၂၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now