မဲခေါင်၊ ဧပြီ ၂၄
ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ ဖားကန့် ဆယ်ဇင်းက ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မနက် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီ။” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ မနက် ၇ နာရီခွဲ ဝန်းကျင်ခန့်က အဲဒီ တပ်စခန်းကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက နောက်တစ်ချီ ထိုးစစ်ဆင်တိုက်ခိုက်တာမှာ စစ်ကောင်စီနဲ့ ရဇမ်းနီ ပူးပေါင်းအဖွဲ့က ထွက်ပြေး ဆုတ်ခွာ သွားကြတယ်လို့ ဆိုပါတယ်။
“ ဆယ်ဇင်း ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ရှမ်းနီ ပြည်သူ့စစ်အဖွဲ့ကို အကုန် ရှင်းလင်းလိုက်ပြီ။” လို့ KIA ရှေ့တန်း သတင်း ရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲဒီ စစ်ကောင်စီ ခမရ – ၁၁၆ နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်း တပ်စခန်းကို ဧပြီလ ၂၀ ရက်နေ့ကဝည်းက စတင်ထိုးစစ်ဆင်ခဲ့တာ လို့ ဆိုပါတယ်။
ဆယ်ဇင်း ရဲစခန်းကိုတော့ အခုလ ဧပြီ ၁၁ ရက်နေ့က KIA နဲ့ သိမ်းပိုက်ထားဝာ ဖြစ်ပါတယ်။
CJ-008