မဲခေါင်၊ ဧပြီ ၂၃ ရက်
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။
ပြီးခဲ့မတ်လမှာ ကျေးရွာတစ်ရွာကို ၃ ဦးစစ်မှုထမ်းဖို့ သွားခဲ့ပြီး ယခုစစ်မှုထမ်းထပ်ခေါ်တာဟာ ၃ ကြိမ်မြောက်ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ အခု လူ၃၀ ခေါ်တာကျွန်တော်တို့ရွာက သွားမယ်သူလဲ မရှိဘူး။ တစ်ချို့ကြောက်လို့ ထွက်ပြေးတဲ့သူတွေရော ရွာပြန်လာရင် အဖမ်းခံရမှာကြောက်လို့ တောတောင်တွေမှာ နေတဲ့သူတွေလည်းများတယ်။ ပြီးခဲ့တဲ့လတွေမှာလည် စစ်မှုထမ်းဖို့ထည့်တာပဲ အခုတော့ ထပ်မသွားရင်ဖြစ်လာမဲ့ ပြသာနာတွေ ဘာမှန်းမသိရသေးဘူး။ သူတို့အတွက် အမြဲတမ်းဆန်တွေ ပိုက်ဆံတွေ လစဉ်တိုင်းပေးရတယ် “ လို့ နောင်လိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်မှာ စစ်မှုထမ်းဖို့ ကျေးရွာမှာ SSPP က လာပြောပြီး သူတို့သတ်မှတ်တဲ့ရက်ကို လူလာမပို့တာကြောင့် ရွာခံ ၄ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူက ဆိုပါတယ်။
အဆိုပါ နောင်လိုင်ကျေရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ပြီးခဲ့နှစ်တွေမှာ RCSS က ထိန်ချုပ်ထားပြီး ဒေသခံတစ်ချို့ RCSS တပ်ဖွဲ့ထဲကို တာဝန်ထမ်းဆောင်တဲ့ သူတွေရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။
နောင်လိုင်ကျေးရွာက ပန်ဆန်ကျေးရွာအုပ်စုထဲမှာရှိပြီး ပန်ဆန်ကျေးရွာ မှာလည်း SSPP ကစစ်မှုထမ်းပြီး ထွက်ပြေးတဲ့မိသားစုတွေရဲ့ နေအိမ်တွေကို SSPP ကချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။
စစ်မှုထမ်းနဲ့ ပတ်သက်ပြီး SSPP ပြောရေဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုကို မဲခေါင်သတင်းဌာနက ဖုန်းဆက်သွယ်ပေးမယ့် ဆက်သွယ်လို့ မရပါဘူး။
MK 011