မဲခေါင်၊ ဧပြီ ၂၄
ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်မှာ စတင်ခဲ့တဲ့ ရှမ်းလက်နက်ကိုင်တော်လှန်ရေးကနေ ၁၉၆၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှာ ရှမ်းပြည်တပ်မတော် (Shan State Army) ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယနေ့မှာ ကျရောက်တဲ့ တပ် ထူထောင်ခြင်း နှစ် ၆၀ ပြည့်အခမ်းအနားကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။
ယင်းအခမ်းအနားမှာ ယင်းတပ်ဖွဲ့ရဲ့ နာယက ဗိုလ်ချုပ်ဆေထင်က အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်မှူး စိုင်းဘုန်းဟန်က SSPP ဖြထ်သန်းခဲ့တဲ့ သမိုင်းကို ဖတ်ကြားခဲ့ပါတယ်။
ယင်းအခမ်းအနားကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့က သဝဏ်လွှာတွေ ပေးပို့ကြကာ ရခိုင့်တပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်အောင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
MK-012