မဲခေါင်၊ စက်တင်ဘာ ၂၀
မလေးရှား လွှတ်တော်အမတ် ၁၃၅ ယောက်ဟာ စက်တင်ဘာ ၁၉ ရက်နေ့မှာ စုပေါင်းလက်မှတ်ထိုးပြီး မြန်မာစစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပူးပေါင်းကြေညာတိုက်တွန်းချက် ထုတ်ပြန် သွားပါတယ်။
မလေးရှားလွှတ်တော်အတွင်း အတိုက်အခံပါတီတွေအကြား အမြင်မတူတဲ့ နှစ်ဖက်စလုံးက အမတ်တွေပါဝင်ပြီး ဒီလက်မှတ်ထိုးတောင်းဆိုမှုပြုလုပ်တာလည်းဖြစ်ပါတယ်။
ဒီလို ထုတ်ပြန်ရတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်က အင်တာဗျူးအစီအစဉ်တွေမှာ မိခင်ကြီးဟာ ထောင်ထဲမှာ သွားဖုံးရောဂါဖြစ်လို့ အစားမစားနိုင်တဲ့အတွက် ပြင်ပဆေးကုသခွင့်တောင်းရာမှလည်း ခွင့်မပြုလို့ နိုင်ငံတကာ အသိုင်း အဝိုင်းက အကူအညီပေးဖို့ တောင်းဆိုနေတဲ့အတွက် လွှတ်တော်အမတ်တွေကြား လက်မှတ်ထိုးပြီး တောင်းဆို တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: malaysiakini
MKF-001
#MeKongNews
#စစ်ကောင်စီ
#ဒေါ်အောင်ဆန်းစုကြည်
#မလေးရှား
#လွှတ်တော်
#အမတ်