အာစီယံဒေသတွင်း

ထိုင်းနိုင်ငံတစ်နေရာမှာ လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပ

မဲခေါင် 11 Dec - 2023
ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်တဲ့ ၇၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံတနေရာမှာ မနက် ၈ နာရီခွဲကနေ နေ့လယ် ၁ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၁၁

ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်တဲ့ ၇၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံတနေရာမှာ မနက် ၈ နာရီခွဲကနေ နေ့လယ် ၁ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ New Myanmar Foundation က ဒေါက်တာစန်းအောင်က အဖွင့်အမှာစကားပြောခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူတဦး လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အမှတ်တရစကားပြောခဲ့ပါတယ်။

အဲ့ဒီနောက် လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် NUG လူအခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ NUG တရားရေးဝန်ကြီး ဦးသိန်းဦး ဒေါက်တာ စင်သီယာမောင် တို့က ဗီဒီယိုမက်ဆေ့ချ်ပေးပို့ပြီး အမှတ်တရစကားပြောခဲ့ပါတယ်။

ဒါ့အပြင် မိတ်ဘက်အဖွဲ့အစည်းတွေက ဂုဏ်ပြုစကားပြောတာ၊ လူ့အခွင့်အရေး စည်းရုံးလှုံ့ဆော်မှု၊ အသိပညာပေးမှု၊ ကာကွယ်ပေးမှုဆိုင်ရာ အတွေ့အကြုံမျှဝေဖလှယ်တာ၊ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ရုပ်ရှင်ပြသတာနဲ့ လူ့အခွင့်အရေးသင်တန်းသားတဦးရဲ့ သဘောထားအမြင်မျှဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက သိရှိစေနိုင်ဖို့နဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ လွတ်လပ်မျှတခြင်းတွေရဖို့အတွက် အသိပညာပေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း ကာကွယ်ပေးခြင်းလှိုင်းတွေနဲ့အတူ ချီတက်ဖို့ ဒီနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီက တိုက်တွန်းထားပါတယ်။

အခုနှစ် လူ့အခွင့်အရေးနေ့ကို “ လူ့ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ်မျှတခြင်းဆီ လှိုင်းများနဲ့အတူချီ” ဆောင်ပုဒ်နဲ့ ကမ္ဘာတဝှမ်းမှာကျင်းပနေကြတာလည်းဖြစ်ပါတယ်။

MK – 009

#MeKongNews

#ထိုင်း

#လူ့ခွင့်ရေး

#ကျင်းပ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။
အာစီယံဒေသတွင်း

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဆောက်ဖို့ ထိုင်းစီစဥ်

ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဘန်ကောက်လေဆိပ်ကနေ အန်နာကွန်ဒါ မြွေ ၁၀ ကောင် ခိုးသယ်လာသူ လေဆိပ်မှာ ဖမ်းမိ

ကမ်ပီဂေါ်ဒါ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက အဝါရောင် အန်နာကွန်ဒါ မြွေ ၁၀ ကောင်ကို ခရီးသွားအိတ်ထဲ ထည့်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ချင်းမိုင်ကွန်ဒိုတိုက်ခန်းကနေ ဘတ် ၇၆ သန်းဖိုး ဖောက်ထွင်းခိုးယူသူ တရားခံ ၂ ယောက် ထိုင်းရဲ ဖမ်းမိ

ချင်းမိုင်မြို့လယ်ကောင် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးရဲ့ ကွန်ဒိုတိုက်ခန်းကို ဖောက်ထွင်းပြီး ဘတ် ၇၆ သန်းဖိုး ခိုးယူခံလိုက်ရမှု တရားခံကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အာဆီယံရဲ့ မြန်မာ့အရေးထုတ်ပြန်ချက် ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ကန်ဝီး ပြင်းပြင်းထန်ထန် ဝေဖန်

မြ၀တီမြို့အပါ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲ ပြီး ဆွေးနွေးအဖြေရှာဖို့တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ရွှေတြိဂံဒေသက ကျားဖြန့်လုပ်ငန်းတွေမှာသုံးမယ့် ဖုန်းဆင်းကတ် ၅ထောင်နီးပါးနဲ့ ဖုန်းအလုံး ၃၅၀ နီးပါးကို မဲခေါင်မြစ်ကမ်းဘေးမှာ ထိုင်းရဲဖမ်းမိ

ရွှေတြိဂံဒေသတွင်းပါဝင်တဲ့ ထိုင်းနိုင်ငံ၊ ချင်းရိုင်နယ်၊ ချိုင်ဆန်းအရပ်က မဲခေါင်းမြစ်ဘေး သစ်ပင်အောက်မှာ မသင်္ကာဖွယ်ရာ စက္ကူပုံးတွေ၊ ပလတ်စတစ် ပုံးတွေကို အကောက်ခွန်အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အမျိုးသား ရဲတပ်ဖွဲ့ဗျူရိုအဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာမှာ ကျားဖြန့်လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းပေါင်းများစွာကို ဧပြီ ၁၂ ရက်နေ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မြန်မာဘက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ် သန်း ၈၀ မဲဆောက်မှာ ဖမ်းမိ

မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ်ငွေ သန်း ၈၀ ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဧပြီ ၁၇ ရက် မနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း The Reporters သတင်းဌာနက ရေးသားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now