အာစီယံဒေသတွင်း

တရုတ်စစ်ခေါင်းဆောင် ၃ ယောက် ရာထူးက ထပ်မံဖယ်ရှားခံရ

မဲခေါင် 29 Dec - 2023
တရုတ်သမ္မတရှီကျင်းဖျင်ဟာ နိုင်ငံစစ်ရေးအာဏာအလုံးစုံ ထိန်းချုပ်နိုင်ရေး စီမံကိန်းချလုပ်ဆောင်နေရာမှာ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အကြီးအကဲတွေကို ရာထူးကဖြုတ်ချမှုတွေဆက်တိုက်လုပ်နေပြီး အခုနောက်ဆုံး တရုတ်ကွန်မြူနစ်ပါတီလမ်းညွှန်မှုအောက်က တရုတ်နိုင်ငံအတိုင်ပင်ခံအဖွဲ့ဝင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင် ပင်ခံညီလာခံ (CPPCC) က ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ရာထူးက ထပ်မံ ဖယ်ရှားခဲ့ပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂၉

တရုတ်သမ္မတရှီကျင်းဖျင်ဟာ နိုင်ငံစစ်ရေးအာဏာအလုံးစုံ ထိန်းချုပ်နိုင်ရေး စီမံကိန်းချလုပ်ဆောင်နေရာမှာ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အကြီးအကဲတွေကို ရာထူးကဖြုတ်ချမှုတွေဆက်တိုက်လုပ်နေပြီး အခုနောက်ဆုံး တရုတ်ကွန်မြူနစ်ပါတီလမ်းညွှန်မှုအောက်က တရုတ်နိုင်ငံအတိုင်ပင်ခံအဖွဲ့ဝင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင် ပင်ခံညီလာခံ (CPPCC) က ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ရာထူးက ထပ်မံ ဖယ်ရှားခဲ့ပါတယ်။

ဖယ်ရှားလိုက်သူ ၃ ဦးက တရုတ်ပြမြောက်ပိုင်းစစ်လက်နက်ထုတ်လုပ်ရေးစက်မှုအဖွဲ့ ဥက္ကဌ လျူရှီကျန်း၊ တရုတ် အာကာသသိပ္ပံနဲ့ နည်းပညာကော်ပိုရေးရှင်းရဲ့ဥက္ကဌ ဝူယန်ဆန်းနဲ့ အမှုဆောင်ချုပ်ဝမ်ချန်းကင်တို့ဖြစ်ပါတယ်။

တရုတ်နိုင်ငံ စစ်ရေးနဲ့နိုင်ငံရေးခေါင်းဆောင်ပိုင်းတွေထဲမှာ အမေရိကန်နဲ့မဟာမိတ်အဖွဲ့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး ထိုင်ဝမ်ကိုကျူးကျော်သိမ်းပိုက်ခြင်းကနေ စစ်ဖြစ်မှာကို မလိုလားသူတွေတိုးပွားလာတဲ့အတွက် ရှီကျင်းဖျင်ဟာ သူ့မူဝါဒကို ဆန့်ကျင့်နိုင်မယ့် ခေါင်းဆောင်တွေကို ဖယ်ရှားပစ်ခဲ့တာဆိုရင် ဒီတစ်နှစ်တည်း အယောက် ၁၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာလက ကာကွယ်ရေးဝန်ကြီး လူမြင်ကွင်းကနေ နှစ်လကြာပျောက်ဆုံးနေခဲ့အပြီး ကာကွယ်ရေးဝန် ကြီးအဖြစ်ရော၊ အစိုးရဝန်ကြီးအဖွဲ့ဝင်အဖြစ်ကပါ ထုတ်ပယ်ကြောင်း တရားဝင်ကြေညာခဲ့ပြီး Financial Times သတင်းဌာနက အကျင့်ပျက်ခြစားမှုအတွက် စုံစမ်းစစ်ဆေးနေတာဖြစ်တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။

ဇူလိုင် လကလည်း ရှီကျင်းဖျင်ဟာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ ချင်းဂန်းကို ပြန်လည်ထုတ်ပယ်ပြီး အရင် နိုင်ငံခြား ရေးဝန်ကြီးဟောင်း ဝမ်ယိကို ပြန်လည်တာဝန်ပေးအပ်ခဲ့ပါသေးတယ်။

အခုနောက်ဆုံးထုတ်ပယ်လိုက်တဲ့ မစ္စတာ လူ၊ ဝူ နဲ့ ဝမ်တို့ ၃ ယောက်ကိုမထုတ်ပယ်မီ လွန်ခဲ့တဲ့ ၆ လအတွင်း တရုတ်လွတ်မြောက်ရေးတပ်မတော် ဒုံးကျည် တပ်ဖွဲ့က ထိပ်တန်းအရာရှိများစွာလည်း လျှို့ဝှက်စွာ ပျောက်ဆုံးသွားမှုတွေဖြစ်ခဲ့ပါသေးတယ်။

တရုတ်လော်ဘီမီဒီယာ်တွေမှာတော့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးစီမံကိန်းအရလို့ ခေါင်းစဉ်တပ်နေကြပေ မယ့် ကမ္ဘာ့နိုင်ငံရေးသုတေသီတွေကတော့ ရှီကျင်းဖျင်ဟာ သူ့နိုင်ငံရေးအာဏာ တည်မြဲရေးအတွက် အရေးပါတဲ့ စစ်ဘက်ကိုပါ ဗဟိုချုပ်ကိုင်နိုင်စွမ်းရရှိပြီး နောက်ဆယ်စုနှစ်ပေါင်းအတော်ကြားတရုတ်ပြည်ကို အုပ်ချုပ်နိုင်ဖို့ စနစ်တကျ စီမံနေတာလို့ သုံးသပ်နေကြပါတယ်။

Ref: ft
MKF-001

#MeKongNews

#တရုတ်

#စစ်တပ်

#ခေါင်းဆောင်

#ရှီကျင်းဖျင်

#ဖယ်ရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

မယ်ဆိုင်ချောင်း ရေကြီးမှုကာကွယ်ရန် ကြိုတင်အသိပေးစက် တပ်ဆင်ဖို့ ထိုင်းလေ့လာ

မယ်ဆိုင်မြို့ကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးစက် တပ်ဆင်နိုင်ရေး ထိုင်းနိုင်ငံက လာရောက်လေ့လာနေတယ်လို့ သိရပါတယ်။
အာစီယံဒေသတွင်း

ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဆောက်ဖို့ ထိုင်းစီစဥ်

ပြည်ပခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး Burj Khalifa မိုးမျှော်တိုက်ထက် ပိုမြင့်တဲ့ တိုက်ကြီးဆောက်လုပ်ဖို့ စတင်စီမံဆွေးနွေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဘန်ကောက်လေဆိပ်ကနေ အန်နာကွန်ဒါ မြွေ ၁၀ ကောင် ခိုးသယ်လာသူ လေဆိပ်မှာ ဖမ်းမိ

ကမ်ပီဂေါ်ဒါ လေဆိပ်မှာ အကောက်ခွန်အရာရှိတွေက အဝါရောင် အန်နာကွန်ဒါ မြွေ ၁၀ ကောင်ကို ခရီးသွားအိတ်ထဲ ထည့်သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ ကြောင်း X (ယခင် တွစ်တာ) လူမှုကွန်ရက်မှာ ရေးသား ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ချင်းမိုင်ကွန်ဒိုတိုက်ခန်းကနေ ဘတ် ၇၆ သန်းဖိုး ဖောက်ထွင်းခိုးယူသူ တရားခံ ၂ ယောက် ထိုင်းရဲ ဖမ်းမိ

ချင်းမိုင်မြို့လယ်ကောင် အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးရဲ့ ကွန်ဒိုတိုက်ခန်းကို ဖောက်ထွင်းပြီး ဘတ် ၇၆ သန်းဖိုး ခိုးယူခံလိုက်ရမှု တရားခံကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အာဆီယံရဲ့ မြန်မာ့အရေးထုတ်ပြန်ချက် ထိုင်းအတိုက်အခံပါတီခေါင်းဆောင် ကန်ဝီး ပြင်းပြင်းထန်ထန် ဝေဖန်

မြ၀တီမြို့အပါ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲ ပြီး ဆွေးနွေးအဖြေရှာဖို့တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ရွှေတြိဂံဒေသက ကျားဖြန့်လုပ်ငန်းတွေမှာသုံးမယ့် ဖုန်းဆင်းကတ် ၅ထောင်နီးပါးနဲ့ ဖုန်းအလုံး ၃၅၀ နီးပါးကို မဲခေါင်မြစ်ကမ်းဘေးမှာ ထိုင်းရဲဖမ်းမိ

ရွှေတြိဂံဒေသတွင်းပါဝင်တဲ့ ထိုင်းနိုင်ငံ၊ ချင်းရိုင်နယ်၊ ချိုင်ဆန်းအရပ်က မဲခေါင်းမြစ်ဘေး သစ်ပင်အောက်မှာ မသင်္ကာဖွယ်ရာ စက္ကူပုံးတွေ၊ ပလတ်စတစ် ပုံးတွေကို အကောက်ခွန်အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အမျိုးသား ရဲတပ်ဖွဲ့ဗျူရိုအဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာမှာ ကျားဖြန့်လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းပေါင်းများစွာကို ဧပြီ ၁၂ ရက်နေ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မြန်မာဘက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ် သန်း ၈၀ မဲဆောက်မှာ ဖမ်းမိ

မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ်ငွေ သန်း ၈၀ ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဧပြီ ၁၇ ရက် မနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း The Reporters သတင်းဌာနက ရေးသားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now