မြန်မာ့နွေဦး

အာဏာရှင်ချုပ်ငြိမ်းတဲ့အထိ အစွမ်းကုန် တိုက်ပွဲဝင်မယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီမှာ ပါဝင်မယ့်အဖွဲ့တွေ ကတိပြု

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၀ ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကာ အာဏာရှင် ချုပ်ငြိမ်းတဲ့အထိ စုပေါင်း ခေါင်းဆောင်မှုနဲ့ အစွမ်းကုန် တိုက်ပွဲဝင်မယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်မယ့် အဖွဲ့အစည်း ၆ ခုက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကာ အာဏာရှင် ချုပ်ငြိမ်းတဲ့အထိ စုပေါင်း ခေါင်းဆောင်မှုနဲ့ အစွမ်းကုန် တိုက်ပွဲဝင်မယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်မယ့် အဖွဲ့အစည်း ၆ ခုက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဖွဲ့အစည်း ၆ ခု အနေနဲ့ ပြည်သူလူထုနဲ့အတူ တစ်သားတည်း အတူတကွ ရပ်တည်မှာ ဖြစ်ပြီး စုပေါင်း ခေါင်းဆောင်မှုကို အခြေခံပြီးတော့ စစ်အာဏာရှင် စနစ်နဲ့ အာဏာရှင်အားလုံး ချုပ်ငြိမ်းတဲ့အထိ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး တိုက်ပွဲတွေမှာ အစွမ်းကုန် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။

ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ-KSCC အဖွဲ့ဝင်တွေ အဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ ကရင်နီပြည် ကြားကာလ ဥပဒေပြုရေးအဖွဲ့၊ ကရင်နီပြည် အမျိုးသမီးများ အင်အားစု၊ ကရင်နီပြည် လူမျိုးစု လူငယ်အင်အားစုနဲ့ ကရင်နီပြည်နယ် အရပ်ဘက် အဖွဲ့အစည်းတို့ ဖြစ်ပါတယ်။

စစ်အုပ်စုက နိုင်ငံတော် အာဏာကို မတရားသိမ်းယူဖို့ ကြိုးပမ်းခဲ့ပြီး အပြစ်မဲ့ ပြည်သူလူထုကို ဥပဒေမဲ့ ဖမ်းဆီး အကျဉ်းချတာ၊ သတ်ဖြတ်တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ အစရှိတဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းရှိ လူငယ်တွေ၊ အမျိုးသမီးတွေ၊ ပြည်သူတွေ၊ အရပ်ဘက်အသင်းအဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သပိတ်အဖွဲ့တွေ၊ CDM တွေနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အင်တိုက် အားတိုက် တိုက်ပွဲဝင်နေကြတယ်လို့လည်း ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ အတွင်းမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အားလုံးက စစ်အာဏာရှင်နဲ့ အာဏာရှင် မှန်သမျှ အမြစ်ပြတ်ကျဆုံးရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့ အတွက် ကြိုးပမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ် အချုပ်အချာ အာဏာ ပိုင်ဆိုင်ခွင့်တို့ကို တော်လှန်ရေးကာလ ကြားကာလက စတင်ပြီး အကောင်အထည် ဖော်ဆောင် ကျင့်သုံးသွားဖို့ လိုအပ်နေတယ် ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျည်ကာအင်္ကျီနဲ့ ဦးထုပ်အတွက် အင်းလေး PDF ကမ်ပိန်းပြုလုပ်

အင်းလေးကာကွယ်ရေးတပ်ဖွဲ့အမှတ် ၁၀၀၉ IPDF က တပ်ဖွဲ့ဝင်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Vest တွေအတွက် ကမ်ပိန်းပြုလုပ်ကြောင်း ဒီနေ့ဧပြီ ၂၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now