မြန်မာ့နွေဦး

သရက်ချောင်းမှာ ခြေလျင်လာတဲ့ စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

မဲခေါင် 30 Dec - 2022
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာရှိ သိမ်ကုန်း ရေတံခွန် လမ်းဝမှာ ခြေလျင်လာတဲ့ စစ်ကောင်စီတပ် မိုင်းခွဲ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက မနေ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက် ညနေ ၅ နာရီမှာ အင်အား ၅၀ ပါ စစ်‌ကောင်စီ ခြေလျင် စစ်ကြောင်းကို မိုင်း ၂ လုံး ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ၁၀ မိနစ်ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရမ်းသန်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ဝဲရစ်ကျေးရွာထဲသို့ ဝင်ရောက်ကာ ရှာဖွေ လုယက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က ညနေ ၄ နာရီမှာ ထားဝယ်-ပုလော ကားလမ်းမပေါ်ရှိ ဘုတ်တောင်မှာ ခြေလျင် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု အခြေနေကိုတော့ ဒေသခံ ကာကွယ်ရေးတပ်တွေ ဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မိုင်းဆွဲ တိုက်ခိုက် ခံရတဲ့ စစ်ကောင်စီတပ်ဟာ ဥယျာဉ်ခြံတွေဘက်ကို ရမ်းသန်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒေသခံကာကွယ်ရေးတပ်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါင်းမင်း စစ်ဆင်ရေးအဖွဲ့TYC-PDF ၊ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ အဖြူရောင် ရိန်းဂျား အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျည်ကာအင်္ကျီနဲ့ ဦးထုပ်အတွက် အင်းလေး PDF ကမ်ပိန်းပြုလုပ်

အင်းလေးကာကွယ်ရေးတပ်ဖွဲ့အမှတ် ၁၀၀၉ IPDF က တပ်ဖွဲ့ဝင်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Vest တွေအတွက် ကမ်ပိန်းပြုလုပ်ကြောင်း ဒီနေ့ဧပြီ ၂၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now