မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင် 4 Jun - 2023
မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး ကောင်းမွန်စွာထိန်းသိမ်း ထားတယ်လို့ ၁၀၀၆ တပ်ရင်းကနေ သိရပါတယ်။

မဲခေါင်၊ ဇွန် ၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး ကောင်းမွန်စွာထိန်းသိမ်း ထားတယ်လို့ ၁၀၀၆ တပ်ရင်းကနေ သိရပါတယ်။

ထွက်ပြေးလာသူတွေဟာ အာဏာသိမ်းစစ်တပ်ထံကနေ ထွက်ခွါချင်တာကြာပြီဖြစ်ပြီး အခွင့်သာတာနဲ့ ထွက်ပြေးလာတာလို့ ၁၀၀၆တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ မခွာညိုက မဲခေါင်သတင်းဌာနကိုပြောပါတယ်။

“သူ့တို့ မနေချင်တာကြာပါပြီ။ ပြေးဖို့ အခွင့်သာတာ စောင့်ရင်း ပြေးလာခဲ့ကြတာပါ။ ၃ယောက်ပါ။ လွတ်လပ်ချင်တဲ့စိတ်ဆန္ဒရှိလို့ ပြေးလာတာ။မအလစစ်တပ်ကိုပြန်မပို့ရင်ရပါပြီ ပြည်သူ့ရင်ခွင်မှာပဲ ခိုလှုံချင်ပါတယ်လို့တော့ ပြောပါတယ်” လို့ သူက မဲခေါင်ကိုပြောပါတယ်။

လက်နက်မဲ့ ထွက်ပြေးလာတဲ့ သူတို့ ၃ ဦးကို မနေ့ ဇွန်လ၊ ၃ ရက် မနက် ၁၁း၀၀နာရီအချိန်မှာ Pekhon PDF (၁၀၀၆ တပ်ရင်း)က ဖယ်ခုံမြို့နယ်၊ ရွှေဆန်းကျေးရွာအနီးမှာ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

လက်နက်မဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၃ ဦးလုံးဟာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) လက်အောက်ခံ၊ လွိုင်လင်လေး အခြေစိုက် အမှတ် (၅၃၀) ခြေမြန်တပ်ရင်းက ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

လက်ရှိမှာ သူတို့ကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ စစ်သုံ့ပန်းတွေကို ဆက်ဆံရမယ့်အတိုင်း ကောင်းမွန်စွာထားရှိပြီး စစ်ဆေးမေးမြန်တာတွေကို လုပ်ဆောင်နေတယ်လို့ မခွါညိုကဆက်ပြောပါတယ်။

“ဂျီနီဗာကွန်းဗင်းရှင်း နဲ့အညီပဲ ဆောင်ရွက်သွားမှာပါ။ ကောင်းမွန်စွာ ထားရှိပါတယ်။ အနာတရ ဖြစ်အောင် လုပ်တာမျိုးမရှိပါဘူး။ သူတို့လည်း ကောင်းမွန်စွာ နေပါတယ်။ ကျန်ရှိနေတဲ့ သူတွေလည်း ကျွန်မတို့က ဂျီနီဗာကွန်ဗင်းရှင်းအရ လုံခြုံ ကောင်းမွန်စွာ ထားရှိတာမလို့ အမြန် CDMလုပ်၊ လက်နက်ချ အလင်းဝင် ကြဖို့ ပြောချင်ပါတယ်” သူက ပြောပါတယ်။

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ကရင်နီ (ကယား) ပြည်နယ်တို့ကို နေ့စဉ်ရက်ဆက် လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာ အပြင် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ပေမယ့် နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုများစွာ ရှိနေပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံအဝန်း စစ်မျက်နှာများစွာ ဖွင့်ထားရပြီး လက်ရှိအခြေအနေတွင် နယ်မြေများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့အပြင် စစ်ကောင်စီ တပ်သားတွေဟာ ရှေ့တန်း စစ်မျက်နှာများတွင် ထိခိုက် ကျဆုံးမှု များတာ၊ အနားမရတာ၊ နောက်တန်း ဌာနချုပ်များတွင်ပါ လုံခြုံမှုမရှိတာ စတာတွေကြောင့် တိုက်လို ခိုက်လိုစိတ် လျော့နည်းလာပြီး တပ်စွန့်ခွာ ထွက်ပြေးမှုများလည်း တနေ့ထက် တနေ့များလာတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန (MOD)က သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#MeKongNews

#NUG

#MOD

#CDM

#၁၀၀၆တပ်ရင်း

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျည်ကာအင်္ကျီနဲ့ ဦးထုပ်အတွက် အင်းလေး PDF ကမ်ပိန်းပြုလုပ်

အင်းလေးကာကွယ်ရေးတပ်ဖွဲ့အမှတ် ၁၀၀၉ IPDF က တပ်ဖွဲ့ဝင်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Vest တွေအတွက် ကမ်ပိန်းပြုလုပ်ကြောင်း ဒီနေ့ဧပြီ ၂၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now