မဲခေါင်၊ ဧပြီ ၂၁
ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း မြေပြင် ဝေဟင် စိုးမိုးနိုင်ဖို့ Air Balloon ပရောဂျက်မှာ ပါဝင်ပေးကြဖို့ ရှမ်းတောင် အခြေစိုက် ရှမ်းရိုးမ PDF က ပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။
တိုက်ခိုက်ရေး ဒရုန်းတွေ တပ်ဆင်ပြီး စစ်ကောင်စီကို ဝေဟင်ကနေ စိုးမိုး တိုက်ခိုက်နိုင်ဖို့ Air Balloon ပရောဂျက်မှာ ပြည်သူတွေ ပါဝင်ပေးကြဖို့ ရှမ်းရိုးမ PDF ဘဏ္ဍာရေးမှူး ကိုဝီလီယံ က တိုက်တွန်းပါတယ်။
“ကျွန်တော်တို့ တိုက်ခိုက်ရေး ဒရုန်းတွေ ဆင်မယ်။ မိုင်းတွေ ထုတ်လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Air Balloon ပရောဂျက်ကို လုပ်ဆောင်တာပါ။ Air Balloon ဆိုပြီး အမည်ပေးရတဲ့ အကြောင်းရင်းက ရှမ်းပြည်နယ်က မီးပုံးပျံ ဓလေ့ကို ထင်ဟပ်အောင် ပေးထားတာပါ။ အခုလက်ရှိ ရှမ်းတောင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ မြေပြင်ရော၊ ဝေဟင်ကပါ စစ်ကောင်စီကို တိုက်ခိုက်နိုင်ဖို့ အဓိကထားလုပ်တဲ့ ပရောဂျက်ပါ ခင်ဗျာ” လို့ သူက ပြောပါတယ်။
လက်ရှိ ရှမ်းတောင်၊ ပင်လောင်းနဲ့ ဖယ်ခုံ နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရှမ်းရိုးမ PDF ရဲဘော်တွေ ဝင်ရောက် တိုက်ခိုက်နေတယ်လို့ ကိုဝီလီယံက ဆိုပါတယ်။
အခုလို တိုက်ပွဲတွေ ပြင်းထန်နေလို့ လက်နက်ကြီးတွေနဲ့ ဗုံးသီးတွေ ကိုယ်တိုင် ထုတ်လုပ်ပြီး စစ်ကောင်စီကို တိုက်ခိုက်မှာ ဖြစ်သလို ဒရုန်းတွေနဲ့ပါ ဝေဟင်က တိုက်ခိုက်နိုင်ဖို့ ပြည်သူတွေ ကူညီပေးကြဖို့ ရှမ်းရိုးမ PDF က တိုက်တွန်းထားပါတယ်။
Air Balloon ပရောဂျက်မှာ ပါဝင်ကူညီလိုသူတွေ အနေနဲ့ https://www.facebook.com/permalink.php?story_fbid=pfbid0B3mp415Miq225DVQjF7ACjrFhBWzCMAvKjK6DJ4A2MfaYZidjYPejStKm7kK4GVxl&id=100082890308346ကနေ တစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ ရှမ်းရိုးမ PDF ဘဏ္ဍရေးမှုး ကိုဝီလီယံက အသိပေး ထားပါတယ်။
MK-007