မဲခေါင်၊ ဖေဖော်ဝါရီ ၂
တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ရက် ည ၇နာရီခန့်က ဖောက်ခွဲခဲ့တာဖြစ်ပြီး မူလက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိခိုက်အောင် ဖောက်ခွဲဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မှုမရှိအောင်ဖောက်ခွဲခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရှေ့ပိုင်းနဂါးအဖွဲ့အနေနဲ့ ရှေ့ဆက်ပြီး စစ်ကောင်စီဒေါက်တိုင်တွေကို တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ သူတို့နဲ့ ဝေးရာမှာ တတ်နိုင်သမျှနေကြဖို့လည်း မေတ္တာ ရပ်ခံထားပါတယ်။
အရှေ့ပိုင်းနဂါးအဖွဲ့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ပြည်သူတွေနဲ့ အတူရပ်တည်ပြီး စစ်အာဏာရှင်ကို ဆက်လက်တိုက်ထုတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#MeKongNews