ရန်ကုန် ပညာရေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ ရန်ကုန် ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ တွဲဖက် အတွင်းရေးမှူး ဖြစ်သူ မနန်းတွယ်တာဦး ကို စစ်ကောင်စီက အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် မနေ့က ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အလားတူ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ကွန်ပျူတာသိပ္ပံ၊ နောက်ဆုံးနှစ် ကျောင်းသူ ဖြစ်တဲ့ မအေးသွဲ့ကဗျာ ကိုလည်း အရှေ့ပိုင်းခရိုင် တရားရုံးကနေ မနေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။
အခုနှစ် ဇွန်လက ဖမ်းဆီးခံခဲ့ရတဲ့ မအေးသွဲ့ကဗျာ ဟာ ၆ အကြာမှာ အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၀(ည) နဲ့ စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မအေးသွဲ့ကဗျာ အပါအဝင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်က ဖမ်းဆီး ထောင်ချခံခဲ့ရတဲ့ ကျောင်းသား ၄ ဦး ရှိနေပြီလို့ UCSY-Students’ Union က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း ကလည်း ဗကသများ အဖွဲ့ချုပ် ဗဟိုအမှုဆောင် အဖွဲ့ဝင် ၃ ဦးကို စစ်ကောင်စီက အမြင့်ဆုံး ထောင်ဒဏ်တွေဖြစ်တဲ့ ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။