မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် 4 Jun - 2023
မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။

မဲခေါင် ၊ ဇွန် ၄

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခုနောက်ပိုင်းမှာ လူထုကို ပိုပြီး ဦးတည်တိုက်ခိုက်လာတာကို တွေ့ရပြီး စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုပြုလုပ်လာတယ်လို့ KnHRG ပြောပါတယ်။

“အခုနောက်ပိုင်းကတော့ ပိုဆိုးတာက လူအများစုဝေးနေတဲ့ရော သို့တည်းမဟုတ် အထူးသဖြင့် ဆေးရုံ ဆေးခန်းတွေကို ဦးစားပေးတိုက်ခိုက်ဖို့ စစ်ကောင်စီက ပစ်မှတ်ထားတယ် စစ်ကောင်စီက အမိန့်ပေးထားတယ်ဆိုတာ ကျွန်တော်တို့ ကြားသိရတာရှိပါတယ်” လို့ KnHRG အဖွဲ့တည်ထောင်သူ ကိုဗညားကပြောပါတယ်။

စစ်ကောင်စီက အဲ့လိုတိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်ဆိုတာ သူတို့ရဲ့ လုပ်ရပ်ကို ကြည့်ပြီး အလွယ်တကူသိနိုင်သလို့ အဲ့လိုတိုက်ခိုက်ဖို့ အမိန့်ပေးတဲ့ အချက်အလက်တွေကိုလည်း KnHRG အနေနဲ့ ရရှိထားတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ယခု ၂၀၂၃ ခုနှစ်အတွင်း ကရင်နီတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆောင်းဖွေးဆေးရုံ ၊ ဒေါတမကြီးဆေးရုံ အပါအဝင် ကျေးလက်ဆေးပေးခန်းတွေကို တိုက်လေယာဉ်တွေနဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ဘေးရှောင်စခန်းနဲ့ ဆေးရုံ ဆေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ တမင်သက်သက် ရည်ရွယ်ချက်ချက်ရှိရှိနဲ့ တိုက်ခိုက်တာဖြစ်လို့ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ ကလေးသူငယ်တွေ ထိခိုက်သေဆုံးမှု များလာတယ်လို့လည်း ကိုဗညားက ပြောပါတယ်။

“စစ်ဘေးရှောင်မှာ အများဆုံးက ကလေးနဲ့ အမျိုးသမီးက အများဆုံး ၇၅ ရာခိုင်နှုန်းဖြစ်တယ်။ ဒါကြောင့် IDP စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း စစ်ဘေးရှောင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုင်ခြင်းဟာ အမျိုးသမီးနဲ့ကလေးတွေကို ပစ်မှတ်တိုက်ခိုက်ဖို့အတွက် သွယ်ဝိုက်သောအားဖြင့်အမိန့်ပေးတယ်လို့ ကျွန်တော်တို့ သတ်မှတ်လို့ရပါတယ်” လို့ KnHRG အဖွဲ့တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

စစ်ကောင်စီက အဲ့ဒီလို ပစ်မှတ်ထားတိုက်ခိုက်လို့ KnHRG ရဲ့ မှတ်တမ်းအရ ၂၀၂၃ ခုနှစ် ပထမ သုံးလမှာတင် အရပ်သား နဲ့ ကလေးသူငယ်တွေ ၃၀ နီးပါး သေဆုံးခဲ့ရပြီး မြေပြင်မှာ အဲ့ဒီအရေအတွက်ထက်ပိုများနိုင်တယ်လို့လည်း သူကပြောပါတယ်။

“ဒီအရေအတွက် စစ်ကောင်စီက သတ်ဖြတ်သွားတဲ့ အစုလိုက် အပြုံလိုက်သတ်တာမပါသေးဘူး။ ပြီးတော့ ကောက်ထားတဲ့စာရင်းကလည်း ဒီဖယ်ခုံမြို့နယ်အတွင်းစည်းအထိပဲပါတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီက စစ်ဘေးရှောင်စခန်းတွေကိုသာမက ဆေးရုံ ဆေးခန်းတွေကိုပါ တိုက်ခိုက်နေတာတွေဟာ ဆေးရုံ ဆေးခန်းတွေမှာ ဆေးကုနေတဲ့သူ ဖျားနာနေတဲ့သူတွေက စစ်ဘေးရှောင်နေရတဲ့သူတွေ ကလေးတွေအများဆုံးဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

“အဲ့ဒီလို တိုက်ခိုက်ခြင်းဟာ ဆေးရုံ ဆေးခန်းကို တိုက်တာဟာ ကလေးသူငယ်တွေကို ပိုခိုက်တာနဲ့တူတူပဲ ဒါကြောင့် အခုနောက်ပိုင်းမှာ ကလေးသူငယ်တွေပါ သေဆုံးတာများလာတယ်” လို့ ကိုဗညားကပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်အတွင်း ပြီးခဲ့တဲ့ မေလ ၂၇ ရက်နဲ့ ၂၉ ရက်မှာ ကလေးငယ် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီက စစ်ဘေးရှောင်ပြည်သူနဲ့ ကလေးငယ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေ လူထုတွေကို လိုက်ခံတိုက်ခိုက်နေတာတွေဟာ စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလည်းဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ KnHRG က ပြောပါတယ်။

CJ-002

#MeKongNews

#KnHRG

#စစ်ကောင်စီတပ်

#စစ်ရှောင်စခန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၁၇၃ ယောက်ကို စစ်ကောင်စီပြန်ပို့ပေးပြီး ဘင်္ဂလားဘက်ပြေးတဲ့ တပ်သား ၂၈၈ ယောက်ကို ဒီနေ့ ပြန်ခေါ်

စကစတပ်နဲ့ နယ်ခြားစောင့်တပ်သား ၂၈၈ ယောက်ကို ချင်းတွင်းသင်္ဘောနဲ့ပဲ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း ကော့ဘဇားလွှတ်တော်အမတ် ဆိုင်မန် ဆာဝါကာမယ်က အတည်ပြုထုတ်ပြန်သွားပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျည်ကာအင်္ကျီနဲ့ ဦးထုပ်အတွက် အင်းလေး PDF ကမ်ပိန်းပြုလုပ်

အင်းလေးကာကွယ်ရေးတပ်ဖွဲ့အမှတ် ၁၀၀၉ IPDF က တပ်ဖွဲ့ဝင်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Vest တွေအတွက် ကမ်ပိန်းပြုလုပ်ကြောင်း ဒီနေ့ဧပြီ ၂၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ ရိက္ခာလှူဒါန်း

အင်းလေးအမျိုးသမီးသမ္မဂအဖွဲ့ (IWU) က လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာမှာ တိုက်ပွဲ၀င်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ဘလာချောင်ကြော် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့တာ၀န်ရှိသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း နှစ် ၆၀ အခမ်းအနားကို ဒီနေ့မနက်မှာ ဌာနချုပ် ဝမ်ဟိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆယ်ဇင်း ခမရ – ၁၁၆ စစ်ကောင်စီ စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဖားကန့် ဆယ်ဇင်းက ခမရ - ၁၁၆ စစ်ကောင်စီ စခန်းကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်က KIA နဲ့ ပူးပေါင်း တပ်ဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ ဆေးသမား တစ်ဦးတို့ကို စစ်မှုထမ်းခိုင်း

အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးရဲ့ တူ ၂ ဦးနဲ့ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးတို့ စစ်မှုထမ်း ပါဝင်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြ၀တီတိုက်ပွဲက လူနာတွေကို လုံလုံလောက်လောက် ကုသပေးနေတယ်လို့ ထိုင်းအစိုးရပြော

တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဒေါက်တာ ချွန်နန်ဆရီ ကရူးဟာ တာဝန်ရှိသူတွေနဲ့ မဲဆောက်တကျောက ဆေးရုံတွေကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် အခြေအနေ တွေကို ကြိုသိ၊ ကြိုပြင်ဆင်ထားခဲ့လို့ လိုအပ်ချက်မရှိ ကုသပေးနိုင်ခဲ့ကြောင်း မီဒီယာတွေကို ရှင်းလင်းပြောကြား သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လဲချား နောင်လိုင်ရွာမှ ဒေသခံ ၃၀ ကို စစ်မှုထမ်းဖို့ SSPP ထပ်ခေါ်

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှာ SSPP က စစ်မှုထမ်းဖို့ လူအယောက် ၃၀ ထပ်မံခေါ်ဆောင်သွားတယ်လို့ ဒေသတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now